ငွေကို ရွှေဖြင့် လဲလှယ် ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ဂျုံကို ဂျုံဖြင့် လဲလှယ် ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ မုယောစပါးကို မုယောစပါးဖြင့် လဲလှယ်ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ စွန်ပလွံသီးကို စွန်ပလွံသီးဖြင့် လဲလှယ်ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။
မာလိက် ဗင်န် အောင်စ် ဗင်န် ဟဒစားန်က ဆင့်ပြန်ခဲ့သည်။ သူက ပြောပြခဲ့သည်မှာ- ကျွန်ုပ်သည် ( ရွှေဒင်္ဂါးကို ) ငွေဒင်္ဂါးဖြင့် လဲလှယ်ပေးမည့်သူ ရှိပါသလားဟု မေးမြန်းရန် ရောက်ရှိလာခဲ့သည်။ ထိုအခါ သွလ်ဟာ ဗင်န် အုဘိုင်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု) - ထိုအချိန်၌ ၎င်းသည် အုမရ် ဗင်န် ခသ်သ…

