တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် တောင်းဆုဒုအာများအနက် ဂျဝါမိအ်(စကားလုံးတိုတောင်း၍ အဓိပ္ပါယ်ကျယ်ဝန်းပြည့်ဆုံသော) တောင်းဆုဒုအာများကို နှစ်သက်တော်မူပြီး ယင်းမှအပ အခြားသော တောင်းဆုဒုအာများကို စွန့်လွှတ်တော်မူခဲ့သည်။
Choose an available translation of this Hadeeth
Hadeeth text
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ဆင့်ပြန်ထားသော ဟဒီးဆ်တော်တွင်လာရှိထားသည်။ သူမကပြောပြသည်မှာ- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် တောင်းဆုဒုအာများအနက် ဂျဝါမိအ်(စကားလုံးတိုတောင်း၍ အဓိပ္ပါယ်ကျယ်ဝန်းပြည့်ဆုံသော) တောင်းဆုဒုအာများကို နှစ်သက်တော်မူပြီး ယင်းမှအပ အခြားသော တောင်းဆုဒုအာများကို စွန့်လွှတ်တော်မူခဲ့သည်။
Explanation
Benefits
ဂျဝါမိအ်(စကားလုံးတိုတောင်း၍ အဓိပ္ပါယ်ကျယ်ဝန်းပြည့်ဆုံသော) တောင်းဆုဒုအာများသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကိုသာ အထူးချီးမြှင့်တော်မူထားသည့် အရာဖြစ်သည်။
တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) တောင်းခဲ့သည်ဟု ခိုင်ခိုင်မာမာအတည်ဖြစ်ထားသော တောင်းဆုဒုအာများကိုသာ တောင်းရန် အလေးထားသင့်သည်။ အကယ်၍ ယင်းဒုအာများသည် ရှည်လျားပြီး စကားလုံးများ များပြားလျှင်လည်း၊ ၎င်းတို့အားလုံးသည် ကောင်းချီးများ စုဝေးရာ (ဂျဝါမိအ်) တောင်းဆုဒုအာများထဲမှပင် ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

