HadeethEnc · 1.35.0
အမွေရထိုက်သူများကို အမွေများပေးကြလော့။ ကျန်တယ့်အရာသည် အနီးစပ်ဆုံး ယောက်ကျားလေး အတွက်ဖြစ်သည်။
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
အစ်ဗ်နုအဗ္ဗားစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အမွေရထိုက်သူများကို အမွေများပေးကြလော့။ ကျန်တယ့်အရာသည် အနီးစပ်ဆုံး ယောက်ကျားလေး အတွက်ဖြစ်သည်။
02
Explanation
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမွေခွဲဝေရေးကို တာဝန်ယူဆောင်ရွက်သူများအား အလ္လာဟ်အရှင်မြတ် ချမှတ်ပညတ်ထားတော်မူသည့်အတိုင်း တရားမျှတစွာ ခွဲဝေပေးရန် မိန့်တော်မူခဲ့သည်။ ထိုသို့ခွဲဝေရာတွင် အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်တွင် သတ်မှတ်ပြဌာန်းထားသော အချိုးကျ အခွင့်အရေးရှိသူများ (အတ်စ်ဟာ
ဗွလ်ဖူရူးဒ်)အား ၎င်းတို့၏ အချိုးကျအခွင့်အရေးများကို အရင်ပေးရမည်။ ထိုအချိုးများမှာ သုံးပုံနှစ်ပုံ ၊ သုံးပုံတစ်ပုံ ၊ ခြောက်ပုံတစ်ပုံ၊ တစ်ဝက်၊ လေးပုံတစ်ပုံနှင့် ရှစ်ပုံတစ်ပုံတို့ ဖြစ်ကြသည်။
ထိုသို့ အချိုးကျအခွင့်အရေးရှိသူများအား ၎င်းတို့၏ အချိုးများပေးပြီးနောက် ကျန်ရှိသည့် ပစ္စည်းများကို အဆွဗဟ်ဟုခေါ်သည့် အမျိုးသားများအနက် သေဆုံးသူနှင့် အနီးစပ်ဆုံးသွေးရင်းချာ အမျိုးသားအား ပေးအပ်ရမည်။

03
Benefits
ဤဟဒီးစ်တော်သည် အမွေခွဲဝေရေးအတွက် အခြေခံမူတစ်ရပ် ဖြစ်သည်။
အမွေခွဲဝေရာတွင် (အတ်စ်ဟာ ဗွလ်ဖူရူးဒ်) အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်တွင် သတ်မှတ်ပြဌာန်းထားသော အချိုးကျ အခွင့်အရေးရှိသူများကို ဦးစွာခွဲ ဝေပေးရမည်။
အချိုးကျအခွင့်အရေးများ ခွဲဝေပြီးနောက် ကျန်ရှိသည်များကို အဆွဗဟ်ဟုခေါ်သည့် အမျိုးသားများအနက် သေဆုံးသူနှင့် အနီးစပ်ဆုံးသွေးရင်းချာ အမျိုးသားအား ပေးအပ်ရမည်။
ထိုသို့ပေးရာတွင် ( သေဆုံးသူနှင့် )ပိုမိုနီးစပ်သူကို ဦးစားပေးရန်။ ဥပမာ- ဖခင်ကဲ့သို့ ( သေဆုံးသူနှင့် )ပိုမိုနီးစပ်သော သွေးသားရင်းချာအမျိုးသား ရှိပါက၊ ဦးလေးကဲ့သို့ ဝေးကွာသော သွေးသားရင်းချာ အမျိုးသားသည် အမွေမရနိုင်ပါ။
အချိုးကျအခွင့်အရေးရှိသူများအား ၎င်းတို့၏ အချိုးအတိုင်း ပေးပြီးနောက် ပစ္စည်းများ လုံးဝမကျန်တော့ပါက၊ (သားမှအပ) ကျန်အဆွဗဟ်အနေနှင့် အမွေရမည့် သွေးသားရင်းချာအမျိုးသားများအတွက် တစ်စုံတစ်ရာမျှ ရရှိမည် မဟုတ်ပါ။

Attribution
[متفق عليه]
Categories
Share
Share hadeeth
Sharing options
1Views0Cards0Shares