ဖိသ်နာများသည် နှလုံးသားများပေါ်သို့ ထင်းချောင်းတစ်ချောင်းပြီးတစ်ချောင်းဖြင့် ရက်လုပ်ထားသည့်ဖျာကဲ့သို့ ကျရောက်လာမည်
ဟုဇိုင်ဖဟ်(ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်ပြောပြသည်− “ကျွန်ုပ်တို့သည် အိုမရ်(ရဿွိယလ္လာဟုအန်ဟု)၏ထံတွင် ရှိခဲ့ကြသည်။ ထိုအခါ အိုမရ်က “သင်တို့အနက် မည်သူသည် ရစူလ်တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဖိသ်နာများ (စမ်းသပ်မှုများ)အကြောင်း ပြောဆိုမိန့်ကြားသည်ကို ကြားခဲ့ကြသနည…

