افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#66516[صحيح]
HadeethEnc · 1.34.0

သာသနာဟူသည် “ကောင်းကျိုးလိုလားခြင်းဖြစ်သည်”

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူ ရိုကိုင်ယ်ရဟ် သမီမ် ဗင်န် အောင်စ် အဒ္ဒါရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သာသနာဟူသည် “ကောင်းကျိုးလိုလားခြင်းဖြစ်သည်” ကျွန်တော်တို့က မည်သူ့အတွက်ပါနည်းဟု မေးလျှောက်ခဲ့ကြရာ ကိုယ်တော်က “အလ္လာဟ်အရှင်မြတ်အတွက်၊ အရှင်မြတ်၏ ကျမ်းဂန်အတွက်၊ အရှင်မြတ်၏ ရစူလ်တမန်တော်အတွက်၊ မွတ်စ်လင်မ်ခေါင်းဆောင်များအတွက်နှင့် အများမွတ်စ်လင်မ်တို့အတွက်ဖြစ်သည်”ဟု ဖြေကြားတော်မူခဲ့သည်
02

Explanation

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် သာသနာသည် ပေါ့လျော့ခြင်း၊ လိမ်လည်လှည့်ဖြားခြင်းတို့မပါဘဲ အလ္လာဟ်အရှင်မြတ် တာဝန်‌ပေးထားသည့်အတိုင်း ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ရန်အတွက် ‘အိခ်လာဆ်ွ’နှင့် မှန်ကန်မှုအပေါ်၌ အခြေခံထားသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ကောင်းကျိုးလိုလားခြင်းသည် မည်သူ့အတွက်ပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်ကဖြေကြားတော်မူသည်မှာ (၁) အလ္လာဟ်အရှင်မြတ်အတွက် ကောင်းကျိုးလိုလားခြင်း။ ဤသည် အမလ်ကျင့်ဆောင်ခြင်းများကို ရှိရ်က်( ဖက်စပ်ယှဥ်တွဲမှု )မပါဘဲ အလ္လာဟ်အရှင်မြတ်အတွက်သာ ပြုလုပ်ခြင်း၊ အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းရှင်တော်မူသောအရှင် ၊ ခဝပ်ကိုးကွယ်ခြင်း ခံထိုက်တော်မူသောအရှင်၊ ဂုဏ်တော်များ နာမတော်များကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်ကြောင်း ကျွန်ုပ်တို့အီမာန်သက်ဝင်ယုံကြည်ခြင်း၊ အရှင်မြတ်၏ အမိန့်ကို ဂုဏ်ပေးလေးစားခြင်း၊ အလ္လာဟ်အရှင်မြတ်အပေါ် အီမာန်သက်ဝင်ယုံကြည်ရန် ဒအ်ဝဟ် ဖိတ်ခေါ်ခြင်းတို့ဖြစ်သည်။ (၂) အရှင်မြတ်၏ ကျမ်းဂန် (ကုရ်အာန်ကျမ်းမြတ်)အတွက် ကောင်းကျိုးလိုလားခြင်း။ ဤသည် ကျွန်ုပ်တို့အနေဖြင့် ကုရ်အာန်ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်နှင့် နောက်ဆုံးကျမ်းဂန်ဖြစ်ကြောင်းကိုလည်းကောင်း၊ ထိုကျမ်းဂန်သည် လွန်လေပြီးသော တရားလမ်းစဉ်များအားလုံးကို ဖျက်သိမ်းလိုက်ကြောင်းကိုလည်းကောင်း သက်ဝင်ယုံကြည်ခြင်း၊ ကျမ်းတော်မြတ်အား ဂုဏ်ပေးလေးစားခြင်း၊ ရွတ်ဖတ်ထိုက်သည့်အတိုင်း ရွတ်ဖတ်ခြင်း၊ ထိုကျမ်းမြတ်၏ ပေါ်လွင်ထင်ရှားပြီး အဓိပ္ပာယ်တစ်မျိုးတည်းထွက်သော အာယသ်တော်များကို လိုက်နာကျင့်သုံးပြီး အဓိပ္ပာယ်များပြားသော ဆင်တူရိုးမှားဖြစ်သော အာယသ်တော်များကို သက်ဝင်ယုံကြည်ခြင်းတို့ဖြစ်သည်။ ထို့ပြင်ကျမ်းတော်မြတ်ကုရ်အာန်၏ အဓိပ္ပာယ်များကို ပြောင်းလဲပစ်သူများ၏ ဖွင့်ဆိုချက်များမှ ၎င်းကျမ်းမြတ်အား ထိန်းသိမ်းကာကွယ် ရမည်။ ကုရ်အာန်ကျမ်းမြတ်၏ တရားဒေသနာများမှ တရားရယူပြီး ၎င်း၏ အသိပညာများကို ဖြန့်ဝေကာ ကျမ်းမြတ်ဖက်သို့ ဒအ်ဝဟ် ဖိတ်ခေါ်မှုပြုရမည်။ (၃) အရှင်မြတ်၏ ရစူလ်တမန်တော် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အတွက် ကောင်းကျိုးလိုလားခြင်း။ ဤသည် တမန်တော်မြတ်သည် နောက်ဆုံးရစူလ်တမန်တော်ဖြစ်ကြောင်း သက်ဝင်ယုံကြည်ခြင်း၊ တမန်တော်မြတ်ယူဆောင်လာသည့်အရာများနှင့် ပတ်သက်၍ တမန်တော်မြတ်အားထောက်ခံခြင်း၊ တမန်တော်မြတ်၏ အမိန့်တော်များကို လိုက်နာကျင့်သုံးခြင်း၊ တမန်တော်မြတ် တားမြစ်ထားသည့် အရာများမှ ရှောင်ကြဉ်ခြင်း၊ တမန်တော်မြတ်ယူဆောင်လာသည့်တရားလမ်စဥ်အတိုင်းသာ အလ္လာဟ်အရှင်မြတ်ကို ခဝပ်ကိုးကွယ်ခြင်း၊ တမန်တော်မြတ်နှင့်သက်ဆိုင်သည့် ဝတ္တရားများကို လေးစားခြင်း၊ တမန်တော်မြတ်အား ဂုဏ်ပေးလေးစားခြင်း၊ တမန်တော်မြတ်၏ ဒအ်ဝသ်ပေး ဖိတ်ခေါ်မှုနှင့် ရှရီအသ် တရားလမ်းစဥ်ကို ဖြန့်ချီခြင်း၊ တမန်တော်မြတ်အား မဟုတ်မမှန်စွပ်စွဲချက်များကို ငြင်းပယ်ခြင်းတို့ဖြစ်သည်။ (၄) မွတ်စ်လင်မ် ခေါင်းဆောင်များအတွက် ကောင်းကျိုးလိုလားခြင်း။ ဤသည်အမှန်တရားအပေါ်၌ ၎င်းတို့အားရိုင်ပင်းကူညီခြင်း၊ အရေးကိစ္စများ၌ ၎င်းတို့နှင့် ဆန့်ကျင်မှုမပြုခြင်း၊ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့် ကိုက်ညီသည့် ကဏ္ဍများတွင် ၎င်းတို့၏အမိန့်ကိုနာခံခြင်းတို့ဖြစ်သည်။ (၅) အများမွတ်စ်လင်မ်တို့အတွက် ကောင်းကျိုးလိုလားခြင်း။ ဤသည် ၎င်းတို့အား ကျေးဇူးပြုခြင်း၊ ဒအ်ဝဟ်ဖိတ်ခေါ်ခြင်း၊ ၎င်းတို့ထံမှ ဘေးအန္တရာယ်များအား တားဆီးဖယ်ရှားပေးခြင်း၊ ၎င်းတို့အတွက်ကောင်းသည့် ကိစ္စများကိုနှစ်သက်ခြင်း၊ ကောင်းမှုနှင့် သက္ကဝါတရားအပေါ်၌ ၎င်းတို့အား ရိုင်းပင်းကူညီခြင်းတို့ဖြစ်သည်။
03

Benefits

အားလုံးအတွက် ကောင်းကျိုးလိုလားရန် အမိန့်ပေးထားသည်။
သာသနာတော်၌ ကောင်းကျိုးလိုလား၍ ဆိုဆုံးမခြင်း၏ အဆင့်အတန်းသည် ကြီးကျယ်လှသည်။
သာသနာထဲတွင် အကီဒဟ်ယုံကြည်ချက်များ၊ အပြောအဆိုများ၊ ကျင့်ဆောင်မှုများ ပါဝင်သည်။
“နဆွီဟဟ်” ဆုံးမခြင်း၌ ဆုံးမခံရသူနှင့် ပတ်သက်၍ စိတ်ထဲမှ လိမ်လည်လှည့်ဖြားမှု မပါရှိရပါ။ ၎င်းအတွက် ကောင်းကျိုးကိုသာ လိုလားရမည်။
အကြောင်းအရာတစ်ခုကို အကျဉ်းချုပ်တင်ပြပြီးနောက် ထိုအကြောင်းအရာအား အကျယ်တဝင့် ရှင်းလင်းတင်ပြခြင်းသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကောင်းမွန်လှသည့် သင်ကြားမှုပုံစံဖြစ်သည်။
တမန်တော်မြတ်သည် “နဆွီဟဟ်”ကောင်းကျိုးလိုလားခြင်းအကြောင်းကို အလ္လာဟ်အရှင်မြတ်အတွက်ဟူ၍အစပြုကာ ထို့နောက် ကုရ်အာန်ကျမ်းတော်မြတ်အတွက်၊ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အတွက်၊ ထို့နောက် မွတ်စ်လင်မ်ခေါင်းဆောင်များအတွက်၊ ထို့နောက် အများမွတ်စ်လင်မ်အတွက်ဟူ၍ အစဉ်လိုက် မိန့်တော်မူသည့်အတိုင်း ဦးစွာပထမ အရေးကြီးဆုံးအကြောင်းအရာဖြင့်စတင်ကာ ၎င်းနောက်တွင် ဒုတိယအရေးကြီးဆုံးအကြောင်းအရာ စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့်တင်ပြရမည်။

Attribution

[رواه مسلم]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...