ဧကန်အမှန်ပင် အမလ်ကျင့်ဆောင်မှုများသည် ရည်စူးချက်များအပေါ်တွင် မူတည်သည်။ လူတိုင်းသည် မိမိရည်စူးခဲ့သည့် အရာကိုသာရရှိမည်ဖြစ်သည်။
Choose an available translation of this Hadeeth
Hadeeth text
ဖြေ။ မုအ်မင်တို့၏ ခေါင်းဆောင် အဘူ ဟဖ်စ်ွ အုမရ် ဗင်န် ခသ်သွားဗ်(رَضِيَ اللّٰهُ عَنْهُ)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ﷺ) မိန့်ကြားတော်မူသည်ကို ကြားခဲ့သည်။ " ဧကန်အမှန်ပင် အမလ်ကျင့်ဆောင်မှုများသည် ရည်စူးချက်များအပေါ်တွင် မူတည်သည်။ လူတိုင်းသည် မိမိရည်စူးခဲ့သည့် အရာကိုသာရရှိမည်ဖြစ်သည်။
ထို့ကြောင့် အကြင်သူ၏ ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အတွက် ဖြစ်ခဲ့လျှင် ထိုသူ၏ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အတွက် ဖြစ်မည်။ ထို့ပြင် အကြင်သူ၏ ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် လောကီ (အကျိုး)ရရှိရန်အတွက် သို့မဟုတ် အမျိုးသမီးတစ်ဦးအား ထိမ်းမြားရန်အတွက် ဖြစ်ခဲ့မည်ဆိုလျှင် ထိုသူ၏ ဟိဂ်ျရသ် နေရပ် စွန့်ခွာရွှေ့ပြောင်းခြင်းသည် ၎င်းသူစွန့်ခွာရွှေ့ပြောင်းခဲ့သည့် အရာအတွက်ပင် ဖြစ်လိမ့်မည် "။
Explanation
ထိုနှစ်ချက်သည် အပေါ်ယံအားဖြင့် တူညီနေသော်လည်း အမလ်ကျင့်ဆောင်မှုများတွင် ရည်စူးချက်၏ အကျိုးသက်ရောက်မှုကို ရှင်းပြရန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ပမာပေးတော်မူခဲ့သည်။ ကိုယ်တော်က ရှင်းပြတော်မူသည်မှာ အကြင်သူသည် မိမိ၏ ဟိဂ်ျရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းအား အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်ရန်အတွက် ရည်စူးခဲ့လျှင် သူ၏ဟိဂ်ျရသ်သည် တရားတော်နှင့်ကိုက်ညီကာ လက်ခံသဘောတူခြင်းခံရသည့်ဟိဂျရသ်ဖြစ်ပြီး သူ၏ရည်စူးချက် မှန်ကန်မှုကြောင့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ အကြင်သူသည် မိမိ၏ ဟိဂ်ျရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းအား ဥစ္စာပစ္စည်း၊ ဂုဏ်သိက္ခာ၊ အရောင်းအ၀ယ်၊ အမျိုးသမီးစသည့် လောကီအကျိုးစီးပွားအတွက် ရည်စူးခဲ့လျှင် သူ၏ဟိဂ်ျရသ်မှ သူရည်စူးလိုက်သည့် အကျိုးကိုသာ ရရှိမည်ဖြစ်ပြီး နောင်တမလွန်ဘဝတွင် မည်သည့်အကျိုးကုသိုလ်ကိုမျှ ဝေစုအဖြစ်ရရှိလိမ့်မည် မဟုတ်ပါ။
Benefits
ကျေးကျွန်တစ်ဦးသည် အလ္လာဟ်အရှင်မြတ်နှင့်နီးကပ်စေသည့် အမလ်ကျင့်ဆောင်မှုများကို အလေ့အထသဘောမျိုးဖြင့်ဆောင်ရွက်ခဲ့ပါက အကျိုးကုသိုလ်ရရှိမည်မဟုတ်ပေ။ ထိုအမလ်ကျင့်ဆောင်မှုများဖြင့် အလ္လာဟ်အရှင်မြတ်နှင့်နီးကပ်မှုရရန် ရည်ရွယ်ချက်ပါမှသာ အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။
နီယသ် ရည်စူးချက်ဖြင့် အိဗာဒသ်ခဝပ်ကိုးကွယ်မှုများကို တစ်ခုနှင့်တစ်ခု ခွဲခြားနိုင်သည့်အပြင် အိဗာဒသ်ခဝပ်ကိုးကွယ်မှုများကို သာမန်အလေ့အထများနှင့်လည်း ခွဲခြားနိုင်ပေသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

