- " ( ရေမစိုသည့်) ခြေဖနောင့်များ အတွက် ငရဲမီး၏ပြစ်ဒဏ်ရှိမည်။ သင်တို့သည် ဝူဿွူကို ကောင်းစွာ ပြုလုပ်ကြလော့။
Choose an available translation of this Hadeeth
Hadeeth text
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ပြောပြခဲ့သည်။ ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ မက္ကာမြို့မှ မဒီနာမြို့သို့ ပြန်လာခဲ့ကြသည်။ ခရီးလမ်းတွင် ရေရှိသည့် နေရာတစ်ခုသို့ ရောက်ရှိခဲ့ကြရာ အချို့လူများသည် အဆွရ်အချိန်၌ (ဝတ်ပြုရန်)အလျင်အမြန်ပြုလုပ်ခဲ့ကြသည်။ သို့ဖြစ်ရာ ၎င်းတို့သည် အလျင်စလို ဝူဿွူပြုလုပ်ခဲ့ကြသည်။ ကျွန်ုပ်တို့ ရောက်ရှိချိန်တွင် ၎င်းတို့၏ ခြေဖနောင့်များသည် ခြောက်သွေ့နေသည်ကို တွေ့ရသည်။ ရေသည် ၎င်းတို့၏ ဖနောင့်များကို မထိခဲ့ပေ။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်- " ( ရေမစိုသည့်) ခြေဖနောင့်များ အတွက် ငရဲမီး၏ပြစ်ဒဏ်ရှိမည်။ သင်တို့သည် ဝူဿွူကို ကောင်းစွာ ပြုလုပ်ကြလော့။"
Explanation
Benefits
ဆေးကြောရမည့် အစိတ်အပိုင်းအားလုံးကို အပြည့်အစုံ ဆေးကြောရန် လိုအပ်ခြင်း။ မည်သူမဆို တမင်ရည်ရွယ်လျက်ဖြစ်စေ၊ ပျင်းရိခြင်းကြောင့်ဖြစ်စေ ဝူဿွူတွင် ဆေးကြောရမည့် အစိတ်အပိုင်းမှ အနည်းငယ်မျှကို ချန်လှပ်ထားပါက ၎င်း၏ဆွလာသ်ဝတ်ပြုမှုသည် ပိုင်မည်မဟုတ်ပေ။
အသိပညာမရှိသူကို သင်ကြားပြသရန်၊ လမ်းညွှန်မှုပေးအရေးကြီးခြင်း။
ပညာရှင်သည် (လူတို့တွင်) ဝါဂျိဗ်အချက်များနှင့် စွန္နသ်တော်များ ပျက်ကွက်သည်ကို တွေ့မြင်ပါက သင့်တော်သော နည်းလမ်းဖြင့် ကန့်ကွက်ဆုံးမရန် တာဝန်ရှိခြင်း။
မုဟမ္မဒ် အစ္စဟာက် အဒ်ဒဟ်လဝီက ဤသို့ ဆိုသည် - အိစ်ဗာဂ် သုံးမျိုးရှိသည် - ၁။ဖရဿ်ွ - ဆေးကြောရမည့်နေရာကို တစ်ကြိမ် အပြည့်အစုံဆေးကြောခြင်း။ ၂။စွန္နဟ်- သုံးကြိမ် ဆေးကြောခြင်း။ ၃.မုစ်သဟဗ် - သုံးကြိမ်ဆေးကြောခြင်းနှင့် ဆေးကြောရမည့်အစိတ်အပိုင်းထက် ပို၍ဆေး ကြောခြင်း။ ( ဥပမာ လက်ကိုတံတောင် ဆစ်ကို ကျော်လွန်၍ ဆေးကြောခြင်း။)
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

