ဝူဿွူလုပ်ပြခဲ့သည်။ သူသည် မိမိလက်ပေါ်သို့ အိုးထဲမှ ရေကိုလောင်းချလိုက်ပြီး လက်အား သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် သူ၏လက်အား အိုးထဲသို့ထည့်၍ ရေယူကာ ပလုတ်ကျင်းပြီး နှာခေါင်းထဲသို့ ရေထည့်ကာ ညှစ်ထုတ်သန့်စင်ခြင်းတို့ကို သုံးကြိမ်ပြုလုပ်ခဲ့သည်။ ထို့နောက် သူ၏လက်အား (အိုးထဲသို့)ထည့်၍ ရေယူကာ မျက်နှာအား သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် လက်နှစ်ဖက်ကို တံတောင်ဆစ်အထိ နှစ်ကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် သူ၏လက်အား (အိုးထဲသို့)ထည့်ကာ လက်နှစ်ဖက်ဖြင့် သူ၏ဦးခေါင်းအား တစ်ကြိမ်အရှေ့မှ အနောက်သို့ ပွတ်သပ်ခဲ့ပြီး အနောက်မှ အရှေ့သို့ ပြန်၍ပွတ်သပ်ခဲ့သည်။ ၎င်းနောက် သူ၏ခြေထောက်နှစ်ဖက်အား ခြေမျက်စိအထိ ဆေးကြောခဲ့သည်။
Choose an available translation of this Hadeeth
Hadeeth text
ယဟ်ယာဗင်န် အုမာရဟ် အလ်မာဇိနီးက ဆင့်ပြန်ပြောကြားခဲ့သည်။ အမ်ရ်ဗင်န် အဗူဟစန်က အဗ်ဒုလ္လာဟ်ဗင်န် ဇိုက်ဒ်(ရဿွိယလ္လာဟုအန်ဟု)အား တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဝူဿွူနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်ကို ကျွန်ုပ်မြင်တွေ့ခဲ့သည်။ ထိုအခါ ၎င်းက ရေအိုးတစ်လုံးတောင်းယူခဲ့ပြီး ၎င်းတို့အား တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဝူဿွူအတိုင်း ဝူဿွူလုပ်ပြခဲ့သည်။ သူသည် မိမိလက်ပေါ်သို့ အိုးထဲမှ ရေကိုလောင်းချလိုက်ပြီး လက်အား သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် သူ၏လက်အား အိုးထဲသို့ထည့်၍ ရေယူကာ ပလုတ်ကျင်းပြီး နှာခေါင်းထဲသို့ ရေထည့်ကာ ညှစ်ထုတ်သန့်စင်ခြင်းတို့ကို သုံးကြိမ်ပြုလုပ်ခဲ့သည်။ ထို့နောက် သူ၏လက်အား (အိုးထဲသို့)ထည့်၍ ရေယူကာ မျက်နှာအား သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် လက်နှစ်ဖက်ကို တံတောင်ဆစ်အထိ နှစ်ကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် သူ၏လက်အား (အိုးထဲသို့)ထည့်ကာ လက်နှစ်ဖက်ဖြင့် သူ၏ဦးခေါင်းအား တစ်ကြိမ်အရှေ့မှ အနောက်သို့ ပွတ်သပ်ခဲ့ပြီး အနောက်မှ အရှေ့သို့ ပြန်၍ပွတ်သပ်ခဲ့သည်။ ၎င်းနောက် သူ၏ခြေထောက်နှစ်ဖက်အား ခြေမျက်စိအထိ ဆေးကြောခဲ့သည်။
Explanation
Benefits
ဝုဿွူပြုရာတွင် အချို့အစိတ်အပိုင်းများကို သုံးကြိမ် ဆေးကြောပြီး အချို့အစိတ်အပိုင်းများကို နှစ်ကြိမ်ဆေးကြောခြင်း ပိုင်သည်။ တစ်ကြိမ် ဆေးကြောခြင်းမှာ ဖရ်ဿ်ွဖြစ်သည်။
ဟဒီးဆ်တော်တွင် လာရှိသည့် အစီအစဉ်အတိုင်း ဝူဿွူပြုရမည့် အစိတ်အပိုင်းများကို အစဉ်လိုက် ဆေးကြောခြင်း ဝါဂျိဗ်ဖြစ်သည်။
မျက်နှာ၏ အတိုင်းအတာမှာ အလျားအားဖြင့် ဦးခေါင်းတွင် ပုံမှန်ဆံပင်ထွက်သည့် နေရာ နဖူးဆံစမှ မုတ်ဆိတ်မွေးအောက်ဖက် မေးစေ့အဆုံးအထိဖြစ်ပြီး အနံအားဖြင့် တစ်ဖက်နားရွက်မှ တစ်ဖက်နားရွက်အထိဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

