အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် အိပ်စက်ခြင်းမှ နိုးထလာသောအခါ နှာခေါင်းထဲ ရေရှူသွင်း ရှူထုတ်လုပ်ပြီး သုံးကြိမ်ဆေးကြောပါ။အဘယ်ကြောင့်ဆိုသော် ရှိုင်သွာန်သည် ထိုသူ၏ နှာ ခေါင်းအရင်း၌ ညတာကုန်ဆုံး ( အိပ်စက် ) ခဲ့ခြင်းကြောင့်ဖြစ်သည်။
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် အိပ်စက်ခြင်းမှ နိုးထလာသောအခါ နှာခေါင်းထဲ ရေရှူသွင်း ရှူထုတ်လုပ်ပြီး သုံးကြိမ်ဆေးကြောပါ။အဘယ်ကြောင့်ဆိုသော် ရှိုင်သွာန်သည် ထိုသူ၏ နှာ ခေါင်းအရင်း၌ ညတာကုန်ဆုံး ( အိပ်စက် ) ခဲ့ခြင်းကြောင့်ဖြစ်သည်။
Explanation
Benefits
အစ်သ်န်စာရ် သည် အစ်သင်န်ရှာက် လုပ်ခြင်းမှ ခံစားရရှိသည့် ပြည့်ဝသောအကျိုးကျေးဇူးထဲမှ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစ်သင်န်ရှာက်ဆိုသည်မှာ နှာခေါင်းအတွင်းပိုင်းကို သန့်စင်ခြင်းဖြစ်ပြီး၊ အစ်သင်န်စာရ် ဆိုသည်မှာ ထိုအညစ်အကျေးကို ရေနှင့်အတူ ပြန်ထုတ်ပစ်လိုက်သောကြောင့်ဖြစ်သည်။
အစ်သင်န်စာရ် နှာခေါင်းထဲ ရေရှူသွင်း ရှူထုတ်လုပ်ပြီး ဆေးကြောခြင်းကို ညအိပ်ခြင်းနှင့် ကန့်သတ်ထားခြင်းမှာ "ယဗီသု" (ညအိပ်သည်) ဟူသော စကားလုံးမှ ယူဆချက်အရဖြစ်သည်။ "ဗိုင်သူးသဟ်" (ညအိပ်ခြင်း) သည် ညအခါ အိပ်စက်ခြင်းမှသာ ဖြစ်နိုင်သည်။ ထို့အပြင် ညအိပ်ခြင်းသည် ကြာရှည်စွာနှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်သော အချိန်လည်းဖြစ်သောကြောင့်တည်း။
ဤဟဒီးဆ်တော်၌ လူသားသည် သတိမထားမိသည့်အချိန်တွင် ရှိုင်သွာန်သည် လူသားနှင့် အတူရောယှက်နေခြင်း ရှိကြောင်း အထောက်အထား ပါရှိသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

