افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#3313[صحيح]
HadeethEnc · 1.34.0

အကြင်သူသည် ငါကိုယ်တော်၏ ဤဝုဿူပြုနည်းအတိုင်း ဝုဿူပြုလုပ်ပြီး ဆွလာသ်နှစ်ရကအသ်ဆောက်တည်မည်။ ယင်းနှစ်ရကအသ်ထဲတွင် စိတ်ထဲမှစကားပြောခြင်း(ဟိုဒီတွေးခြင်း)မပြုလျှင် ထိုသူယခင်က ကျူးလွန်ခဲ့သော အပြစ်များ ခွင့်လွှတ်ခြင်းခံရမည် ဖြစ်သည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အွတ်စ်မာန်ဗင်န် အဖ္ဖာန်(ရဿွိယလ္လာဟုအန်ဟု) သူကောင်းပြုထားသည့်ကျွန် ဟုမ်ရာန်က ဆင့်ပြန်ခဲ့သည်။ သူသည် အွတ်စ်မာန်(ရဿွိယလ္လာဟုအန်ဟု)အား ဝုဿူပြုရန်ရေတောင်းသည်ကို တွေ့ခဲ့သည်။ ၎င်းနောက် အွတ်စ်မာန်(ရဿွိယလ္လာဟုအန်ဟု)သည် အိုးထဲမှရေကို လက်ဖဝါးနှစ်ဖက်ပေါ် လောင်း၍ သုံးကြိမ် ဆေးကြောခဲ့သည်။ထို့နောက် မိမိညာလက်ကို အိုးထဲထည့်ပြီး ရေယူကာ ပလုတ်ကျင်းသည် ၎င်းနောက် နှာခေါင်းတွင်းရေရှူသွင်းပြီး ညှစ်ထုတ်ကာ သန့်စင်မှုပြုလုပ်သည်။ တဖန် မိမိမျက်နှာကို သုံးကြိမ်ဆေးကြောသည်။ ပြီးနောက် လက်နှစ်ဖက်ကို တံတောင်ဆစ် အပါအဝင် သုံးကြိမ်ဆေးကြောသည်။ ထို့နောက် ဦးခေါင်းကို မစဟ်ပြုပွတ်သပ်သည်။ ပြီးနောက် မိမိ၏ခြေထောက်နှစ်ဖက်ကို ခြေမျက်စိအပါအဝင် သုံးကြိမ်ဆေးကြောသည်။ ထို့နောက် ပြောကြားသည်မှာ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်ုပ်၏ ဤဝုဿူအတိုင်း ဝုဿူပြုတော်မူသည်ကို ကျွန်တော်မြင်တွေ့ခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်။ အကြင်သူသည် ငါကိုယ်တော်၏ ဤဝုဿူပြုနည်းအတိုင်း ဝုဿူပြုလုပ်ပြီး ဆွလာသ်နှစ်ရကအသ်ဆောက်တည်မည်။ ယင်းနှစ်ရကအသ်ထဲတွင် စိတ်ထဲမှစကားပြောခြင်း(ဟိုဒီတွေးခြင်း)မပြုလျှင် ထိုသူယခင်က ကျူးလွန်ခဲ့သော အပြစ်များ ခွင့်လွှတ်ခြင်းခံရမည် ဖြစ်သည်။
02

Explanation

အွတ်စ်မာန်(ရဿွိယလ္လာဟုအန်ဟု)သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဝုဿူပြုနည်းအား ပိုမိုရှင်းလင်းစေရန်အတွက် လက်တွေ့နည်းလမ်းဖြင့် သင်ကြားပေးခဲ့သည်။ သာဝကကြီးသည် ရေတစ်ခွက်တောင်းယူပြီး မိမိလက်နှစ်ဖက်ပေါ် သုံးကြိမ်လောင်း၍ ဆေးကြောခဲ့သည်။ ထို့နောက် မိမိညာလက်ကို အိုးထဲထည့်၍ ရေယူကာ ပလုတ်ကျင်းပြီး ထွေးထုတ်ခဲ့သည်။ ၎င်းနောက် နှာခေါင်းတွင်းရေရှူသွင်းပြီး ညှစ်ထုတ်ကာ သန့်စင်မှုပြုခဲ့သည်။ ထို့နောက် မိမိမျက်နှာကို သုံးကြိမ်ဆေးကြောခဲ့သည်။ ပြီးနောက် လက်နှစ်ဖက်ကို တံတောင်ဆစ် အပါအဝင် သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် စိုနေသောလက်ဖြင့် ဦးခေါင်းကို တစ်ကြိမ် မစဟ်ပြုပွတ်သပ်ခဲ့သည်။ ပြီးနောက် မိမိ၏ခြေထောက်နှစ်ဖက်ကို ခြေမျက်စိအပါအဝင် သုံးကြိမ်ဆေးကြောခဲ့သည်။

အွတ်စ်မာန်(ရဿွိယလ္လာဟုအန်ဟု)သည် ဝုဿူပြုပြီးနောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤဝုဿူအတိုင်း ဝုဿူပြုတော်မူသည်ကို မိမိမြင်တွေ့ခဲ့ကြောင်း ပြောပြခဲ့သည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းတို့အား သတင်းကောင်းပြောကြားခဲ့သည်။ မည်သူမဆို ငါကိုယ်တော်ဝုဿူပြုသည့်နည်းအတိုင်း ဝုဿူပြုပြီး အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် စိတ်နှလုံးသားအတွင်းမှ ကျိုးနွံမှုနှင့်တကွ ဆွလာသ်နှစ်ရကအသ် ဆောက်တည်မည်ဆိုပါက ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ပြည့်စုံသည့် ဝုဿူနှင့် အိခ်လာဆ်ွနှင့် ဆောက်တည်သည့် ဆွလာသ်၏အစား ထိုသူယခင်က ကျူးလွန်ခဲ့သော အပြစ်များကို ခွင့်လွှတ်ချမ်းသာ‌ပေးတော်မူမည် ဖြစ်သည်။
03

Benefits

အိပ်ရာမှ နိုးထလာသူမဟုတ်ပါက ဝုဿူအစပြုရာတွင် ရေအိုးထဲသို့ လက်မထည့်မီ လက်နှစ်ဖက်အား ဆေးကြောခြင်း မွတ်စ်သဟဗ် ဖြစ်သည်။ အကယ်၍ ညအိပ်ရာမှ နိုးထလာသူဖြစ်လျှင် လက်နှစ်ဖက်အား ဆေးကြောရန် ဝါဂျစ်ဗ်တာဝန်ဖြစ်သည်။
ဆရာအနေဖြင့် တပည့်များ နားလည်သဘောပါက်ပြီး၊ ပညာကို ကျွမ်းကျင်စွာ တတ်မြောက်နိုင်မည့် နည်းလမ်းများကို ရွေးချယ်သင်ကြားသင့်သည်။ လက်တွေ့သင်ကြားပေးခြင်းသည် ထိုနည်းလမ်းများအနက်မှ တစ်ခုဖြစ်သည်။
ဆွလာသ်ဝတ်ပြုသူသည် လောကီအတွေးများကို စိတ်ထဲမှ ထုတ်ပစ်ရမည်။ နှလုံးသားမှ စိတ်ပါဝင်စားမှုရှိမှသာ ဆွလာသ်ပြည့်စုံမည်ဖြစ်သည်။ ထိုသို့မဖယ်ရှားပစ်ပါက ထိုအတွေးများမှ လွတ်ကင်းနိုင်မည် မဟုတ်ပါ။ ထိုကြောင့် ထိုအတွေးများအမြဲမရှိအောင် ကြိုးစားဖယ်ရှားရန် ဆွလာသ်ဝတ်ပြုသူအပေါ်၌ တာဝန်ရှိသည်။
ဝုဿူပြုရာတွင် ညာဘက်ဖြင့် အစပြုခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
ပလုတ်ကျင်းခြင်းနှင့် နှာခေါင်းတွင်းရေရှူသွင်းပြီး ညှစ်ထုတ်ကာ သန့်စင်မှုပြုခြင်းတို့အား အစဉ်အလိုက်ပြုလုပ်ရန် ပြဌာန်းထားသည်။
မျက်နှာ၊ လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက်အား သုံးကြိမ်ဆေးကြောခြင်း မွတ်စ်သဟဗ်ဖြစ်ပြီး၊ တစ်ကြိမ်ဆေးကြောခြင်း ဖရ်ဿွ်ဖြစ်သည်။
ကိစ္စရပ်နှစ်ခုစလုံးအား တစ်ဆက်တည်းပြုလုပ်မှသာ ယခင်က ကျူးလွန်ခဲ့သည့် အပြစ်အကုသိုလ်များကို အလ္လာဟ်အရှင်မြတ်က ခွင့်လွှတ်တော်မူမည်ဖြစ်သည်။ ၎င်းတို့မှာ ဟဒီးဆ်တော်တွင် ဖော်ပြထားသည့် နည်းလမ်းအတိုင်း ဝုဿူပြုခြင်း၊ ဆွလာသ်နှစ်ရကအသ် ဆောက်တည်ခြင်း ဖြစ်သည်။
ဝုဿူပြုရမည့် အစိတ်အပိုင်းတိုင်းတွင် အတိုင်းအတာသတ်မှတ်ချက်ရှိသည်။ မျက်နှာ၏ အတိုင်းအတာမှာ ဦးခေါင်းတွင် ဆံပင်ပေါက်သည့်နေရာ နဖူးဆံစမှ မုတ်ဆိတ်မွေးအောက်ဘက် မေးစေ့အောက်အထိ၊ တဖက်နားရင်းမှ တဖက်နားရင်အထိ ဖြစ်သည်။ လက်၏အတိုင်းအတာမှာ လက်ချောင်းများ၏ ထိပ်ဖျားမှ (လက်ဖျံနှင့် လက်မောင်းကြား ပိုင်းခြားထားသည့်နေရာ) တံတောင်ဆစ်အထိဖြစ်သည်။ ဦးခေါင်း၏ အတိုင်းအတာမှာ ဦးခေါင်းတွင် ဆံပင်ပေါက်သည့်နေရာ ဦးခေါင်းအစမှ လည်ဂုတ်အစပ်အထိဖြစ်သည်။ နားနှစ်ဖက်ကို မစဟ်ပြု ပွတ်သပ်ခြင်းသည် ဦးခေါင်းတွင် ပါဝင်သည်။ ခြေထောက်၏ အတိုင်းအတာမှာ ခြေထောက်နှင့် ခြေသလုံးကို ပိုင်းခြားထားသည့်နေရာဖြစ်သည့် ခြေမျက်စိအပါအဝင် ခြေတစ်ခုလုံးဖြစ်သည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...