HadeethEnc · 1.34.0
မည်သူမဆို ကျွန်ုပ်တို့၏ ဤသာသနာတော်၌ မပါရှိသည့်အရာကို တီထွင်ဖန်တီးခဲ့လျှင် ထိုအရာသည် ပယ်ချခြင်းခံရမည်ဖြစ်သည်
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
မုအ်မင်န်တို့၏ မိခင်မွန်ကြီး အွမ်မေအဗ်ဒွလ္လာဟ် အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ )က ဆင့်ပြန်ခဲ့ပြောကြားခဲ့သည်။ တမန်တော်မြတ် ( صلي الله عليه وسلم )ကမိန့်ကြားတော်မူခဲ့သည်။ " မည်သူမဆို ကျွန်ုပ်တို့၏ ဤသာသနာတော်၌ မပါရှိသည့်အရာကို တီထွင်ဖန်တီးခဲ့လျှင် ထိုအရာသည် ပယ်ချခြင်းခံရမည်ဖြစ်သည်"။ မွတ်စ်လင်မ်ကျမ်း၏ အခြားဆင့်ပြန်ချက်တစ်ခုတွင် - “မည်သူမဆို ငါကိုယ်တော်မြတ်၏ အမိန့်တော် (သာသနာ) အပေါ် အခြေမခံသော အမှုကိစ္စကို ပြုလုပ်လျှင် ၎င်းသည် ပယ်ချခြင်းခံရမည်” ဟု ဖော်ပြထားသည်။
02
Explanation
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ မည်သူမဆို သာသနာတော်၌ တရားသစ်တီထွင်မည် သို့မဟုတ် ကုရ်အာန်ကျမ်းမြတ်နှင့် ဟဒီးဆ်တော်တွင် အထောက်အထားမရှိသော ကိစ္စတစ်စုံတစ်ရာကို ပြုလုပ်မည်ဆိုပါက ထိုလုပ်ရပ်သည် ပြုလုပ်သူထံမှ ပယ်ချခြင်းခံရမည်ဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်ထံတော်တွင် လက်ခံသဘောတူခြင်းခံရမည် မဟုတ်ပါ။
03
Benefits
ခဝပ်ကိုးကွယ်မှုသည် ကုရ်အာန်ကျမ်းမြတ်နှင့် စွန္နဟ်တွင်ပါရှိသည့် အရာများအပေါ်တွင်သာ အခြေခံသည်။ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကို အရှင်မြတ် သတ်မှတ်ထားသည့် ‘ရှရီအဟ်’တရားလမ်းစဉ်အတိုင်းသာ ခဝပ်ကိုးကွယ်ရမည်ဖြစ်ပြီး၊ တရားသစ်တီထွင်ကာ အသစ်အဆန်းများပြုလုပ်၍ ခဝပ်ကိုးကွယ်ခွင့်မရှိပါ။
သာသနာသည် အတွေးအခေါ် အယူအဆနှင့် ကောင်းသည်ဟု ထင်မြင်ချက်တို့အပေါ် အခြေမခံဘဲ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား နောက်လိုက်ခြင်းပေါ်တွင်သာ အခြေခံထားသည်။
အစ္စလာမ်သာသနာသည် ပြီးပြည့်စုံကြောင်း ဤဟဒီးဆ်တော်က ညွှန်ပြထားသည်။
‘ဗိဒ်အဟ်’ဟူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့် ဆွဟာဗဟ် သာဝကများခေတ်တွင် ဘာသာရေးအဖြစ်မရှိခဲ့သော အသစ်တီထွင်ထားသည့် အကီဒဟ်’ယုံကြည်မှု၊ ပြောဆိုမှု၊ လုပ်ဆောင်မှုအားလုံးကိုခေါ်ဆိုသည်။
ဤဟဒီးဆ်တော်သည် အစ္စလာမ့် အခြေခံစည်းမျည်းများအနက်မှ တစ်ခုဖြစ်ပြီး အမလ်ကျင့်ဆောင်မှုများအတွက် စံသတ်မှတ်ချက်တစ်ခုလည်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်ရန် ရည်ရွယ်ချက် မပါသော အမလ်ကျင့်ဆောင်မှုတိုင်းအတွက် ပြုလုပ်သူသည် အကျိုးကုသိုလ် မရရှိသလို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ စွန္နသ်တော်နှင့် မကိုက်ညီသည့် အမလ်ကျင့်ဆောင်မှုတိုင်းသည် ပြုလုပ်သူထံမှ ပယ်ချခြင်းခံရမည်ဖြစ်သည်။
ဤဟဒီးစ်တော်သည် ဗိဒ်အသ်လုပ်ရပ်များနှင့် ဖြစ်ပျက်နေသော မကောင်းမှုများကို ပယ်ချရန် အခြေခံမူတစ်ရပ်ဖြစ်သည်။
သာသနာရးကိစ္စများတွင် အသစ်တီထွင်ခြင်းကိုတားမြစ်ထားပြီး၊ လောကီရေးကိစ္စများတွင် အသစ်တီထွင်ခြင်းကို တားမြစ်ထားခြင်း မရှိပါ။

Attribution
[رواه البخاري ومسلم]
Categories
Share
Share hadeeth
Sharing options · 0 Total shares