( အို အလီ ) အသင် ဤသို့ ပြောဆိုပါလေ။ အို - အလ္လာဟ် အရှင်မြတ်၊ ကျွန်တော်မျိုးအား တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူပါ။ မှန်ကန် တည့်မှတ်စေတော်မူပါ။ ထို့နောက် အသင်သည် "အလ်ဟုဒါ" ဟူသော စကားလုံးကို ရွတ်ဆိုသောအခါ လမ်းမှန်ကိုညွှန်ပြခြင်းဖြစ်ကြောင်းကို သတိရလော့။ "အတ်စ်စဒါဒ်" ဟူသော စကားလုံးကို ရွတ်ဆိုသောအခါ မြားတံအား ပစ်လွှတ်ရာတွင်ပစ်မှတ်ကို ဖြောင့်မတ်စွာ ပစ်ခွင်နိုင်ခြင်းကို သတိရလော့။
အလီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်မှာ - ကျွန်ုပ်အား အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ ( အို အလီ ) အသင် ဤသို့ ပြောဆိုပါလေ။ အို - အလ္လာဟ် အရှင်မြတ်၊ ကျွန်တော်မျိုးအား တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူပါ။ မှန်ကန် တည့်မှတ်…

