မည်သူမဆို နေရာတစ်ခု၌ စခန်းချသည့်အခါ “أَعُوْذُ بِكَلِمَاتِ اللّٰهِ التَّامَّاتِ مِنْ شَرِّ مَا خَلَقَ” (အလ္လာဟ်အရှင်မြတ်၏ ပြည့်စုံတော်မူသော ကလိမဟ်တော်များအားဖြင့် (အလ္လာဟ်အရှင်မြတ်) ဖန်ဆင်းထားတော်မူသော အဖန်ဆင်းခံ ခပ်သိမ်းတို့၏ ဘေးအန္တရာယ်မှ အရှင်မြတ်ထံ ကျွန်တော်မျိုး ခိုလှုံခွင့် တောင်းခံပါ၏။) ကိုရွတ်ဆိုပါက ၎င်းသူထိုနေရာမှ မထွက်ခွါသေးသ၍ မည်သည့်အရာကမျှ သူ့အား ဆိုးကျိုးတစ်စုံတစ်ရာ ပေးနိုင်မည်မဟုတ်ပေ။
Choose an available translation of this Hadeeth
Hadeeth text
ခေါင်လဟ် ဗင်န်သိ ဟကီးမ် အတ်စ်စုလမိယ္ယဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ ကျွန်မသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိရသည်မှာ - မည်သူမဆို နေရာတစ်ခု၌ စခန်းချသည့်အခါ
“أَعُوْذُ بِكَلِمَاتِ اللّٰهِ التَّامَّاتِ مِنْ شَرِّ مَا خَلَقَ” (အလ္လာဟ်အရှင်မြတ်၏ ပြည့်စုံတော်မူသော ကလိမဟ်တော်များအားဖြင့် (အလ္လာဟ်အရှင်မြတ်) ဖန်ဆင်းထားတော်မူသော အဖန်ဆင်းခံ ခပ်သိမ်းတို့၏ ဘေးအန္တရာယ်မှ အရှင်မြတ်ထံ ကျွန်တော်မျိုး ခိုလှုံခွင့် တောင်းခံပါ၏။) ကိုရွတ်ဆိုပါက ၎င်းသူထိုနေရာမှ မထွက်ခွါသေးသ၍ မည်သည့်အရာကမျှ သူ့အား ဆိုးကျိုးတစ်စုံတစ်ရာ ပေးနိုင်မည်မဟုတ်ပေ။
Explanation
Benefits
အလ္လာဟ်အရှင်မြတ်၏(ကလာမ်) မုက္ခပါဌ်တော်သည် အရှင်မြတ်၏ ဆွိဖာသ် ဂုဏ်တော်များအနက်မှ ဂုဏ်တော်တစ်မျိုးဖြစ်သည့်အတွက် အရှင်မြတ်၏ မုက္ခပါဌ်တော်ဖြင့် ခိုလှုံမှုတောင်းခံခွင့်ရှိ၏။ အဖန်ဆင်းခံဖြင့် ခိုလှုံမှုတောင်းခံခြင်းသည် ရှိရ်က်ဖြစ်သည်။
ဤတောင်းဆုတော်၏ မွန်မြတ်မှုနှင့် ဗရ်ကသ်မင်္ဂလာကို ဖော်ပြထားသည်။
ဇိက်ရ်တော်များဖြင့် အကာအကွယ်ယူခြင်းသည် လူသားအတွက် ဘေးအန္တရာယ်များမှ အကာအကွယ်ရရန် အကြောင်းခံတစ်ခုဖြစ်သည်။
အလ္လာဟ်အရှင်မြတ်မှအပ ဂျင်န်များ၊ ဂျာဒူပယောဂဆရာများ၊ လူလိမ်များနှင့် အခြားအဖန်ဆင်းခံများထံတွင် ခိုလုံမှုတောင်းခံခြင်းကို ပယ်ဖျက်ထားသည်။
မိမိအရပ်ဒေသတွင်ဖြစ်စေ သို့မဟုတ် ခရီးတွင်ဖြစ်စေ တစ်နေရာရာ၌ ရပ်နားသည့်အခါ ဤဒုအာကို တောင်းခံရန် တရားတော်က သတ်မှတ်ထားသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

