အကြင်သူ၏ ထံတွင် ငါကိုယ်တော် (၏အမည်အား) ဖော်ပြခံရသော်လည်း ငါကိုယ်တော့်အပေါ်၌ ဆွလာသ် (ဒရူးဒ် ) မပို့သူသည် အလွန် စေနည်းတွန့်တိုသူဖြစ်သည်။
Choose an available translation of this Hadeeth
Hadeeth text
ဟူစိုင်းန် ဗင်န် အလီ ( ရဿွိယလ္လာဟု အန်ဟုမာ ) ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) မိန့်ကြားတော်မူသည်။ အကြင်သူ၏ ထံတွင် ငါကိုယ်တော် (၏အမည်အား) ဖော်ပြခံရသော်လည်း ငါကိုယ်တော့်အပေါ်၌ ဆွလာသ် (ဒရူးဒ် ) မပို့သူသည် အလွန် စေနည်းတွန့်တိုသူဖြစ်သည်။
Explanation
၁။ စင်စစ် ၎င်းသည် အနည်းငယ်မျှပင် ဆုံးရှုံးမှုမရှိသော အရာတစ်ခုကို တွန့်တိုစေးနည်းခဲ့ခြင်းဖြစ်သည်။ (စင်စစ်) ထိုအရာအား ပြုလုပ်ရာတွင် ပစ္စည်းဥစ္စာအား သုံးစွဲရန် မလိုသလို၊ လုပ်အားကိုသုံးစွဲရန်လည်း မလိုပေ။
၂။ ၎င်းသည် မိမိကိုယ်ကိုမိမိ စေးနည်းတွန့်တိုခဲ့သည့်အပြင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အပေါ် ဆွလာသ်( ဒရူးဒ် ) ပို့ခြင်း၏ အကျိုးဆုလာဘ်မှ မိမိကိုယ်ကို လက်လွတ်ဆုံးရှုံးစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် တမန်တော်မြတ်အား ဆွလာသ် ( ဒရူးဒ် ) မပို့ဘဲ နေခဲ့သည့်အတွက် စေးနည်းတွန့်တိုမှုပြုခဲ့သလို၊ ၎င်းအပေါ်၌ နာခံလိုက်နာရန် တာဝန်ရှိသော အရာတစ်ခုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်ခဲ့ခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် ရရှိမည့် ဆုလာဘ်တော်မှလည်း မိမိကိုယ်ကို ကင်းမဲ့စေခဲ့သောကြောင့်ဖြစ်သည်။
၃။ဧကန်စင်စစ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ဆွလာသ်(ဒရူးဒ်) ပို့သခြင်းသည် တမန်တော်မြတ်(နှင့်ပတ်သတ်၍ လုပ်ဆောင်ရမည့်) အချို့သော ဝတ္တရားကို ကျေပွန်ခြင်းပင် ဖြစ်ပါသည်။ အကြောင်းမှာ ထိုတမန်တော်မြတ်သည်ပင် ကျွန်ုပ်တို့အား ပညာသင်ကြားပေးခဲ့သူ၊ လမ်းမှန်ညွှန်ကြားပြသခဲ့သူ၊ အလ္လာဟ်အရှင်မြတ်ထံသို့ ဖိတ်ခေါ်ခဲ့သူ၊ ဝဟီအမိန့်တော်နှင့် ရှရီအသ်တရားတော်ကို ယူဆောင်လာခဲ့သူ ဖြစ်သောကြောင့်တည်း။ တမန်တော်မြတ်သည်ပင် (အလ္လာဟ်အရှင်မြတ်ပြီးနောက်) ကျွန်ုပ်တို့ တရားလမ်းမှန်ရရှိခဲ့ခြင်း၏ အကြောင်းခံဖြစ်သည်။ သို့ပါလျက် မည်သူမဆိုတမန်တော်မြတ်အပေါ် ဆွလာသ် ( ဒရူးဒ် ) မပို့ပါက ၎င်းသည် မိမိကိုယ်ကိုမိမိ စေးနည်းတွန့်တိုခဲ့သည့်အပြင် မိမိတမန်တော်၏ အနည်းငယ်မျှသော ဝတ္တရားကို ကျေပွန်ရာတွင် စေးနည်းတွန့်တိုခဲ့သူပင်ဖြစ်သည်။
Benefits
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အပေါ်၌ ဆွလာသ် ပို့သခြင်းသည် အချိန်အခါအားလုံး၌ အကောင်းဆုံးသော ကောင်းမှုကုသိုလ်များနှင့် နာခံမှုများအနက်မှ တစ်ခုဖြစ်သည်။ အထူးသဖြင့် ကိုယ်တော်၏ အမည်နာမအား ကိုင်တွယ်ပြောဆိုသည့်အခါ၌ ဆွလာသ်ပို့သခြင်း၏ အမိန့်မှာ ပို၍ လေးနက်သွားသည်။
အိမာမ်နဝဝီက ဤသို့ဆိုသည်- အကယ်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အပေါ်၌ ဆွလာသ် ပို့သလျှင် ဆွလာသ်နှင့် စလာမ် နှစ်ခုလုံးကို ပေါင်း၍ ပို့သရမည်။ တစ်ခုတည်းဖြင့်သာ ကန့်သတ်၍မရပေ။ သို့ဖြစ်၍ (صلى الله عليه) ဟုသာ မပြောရ၊ ထိုနည်းတူ (عليه السلام) ဟုသာ မပြောရပေ။
အိမာမ် အဘူလ်အာလိယဟ်က (إن الله وملائكته يصلون على النبي) (အလ္လာဟ်အရှင်မြတ်နှင့် မလာအိကဟ်ကောင်းကင်စေတမန်တို့သည် နဗီတမန်တော်အပေါ်၌ ဆွလာသ် ပို့သကြ၏) ဟူသည့် အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားချက်နှင့်စပ်လျဉ်း၍ ဤသို့ဆိုသည်- အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ်အပေါ် ဆွလာသ်ပို့သခြင်းသည် တမန်တော်မြတ်အား ချီးမွမ်းခြင်းပင်ဖြစ်၏။ မလာအိကဟ်ကောင်းကင်စေတမန်များနှင့် လူသားတို့၏ ဆွလာသ်ပို့သခြင်းမှာ ဒုအာဆုတောင်းခြင်းပင်ဖြစ်၏။
အိမာမ်ဟလီမီက ဤသို့ဆိုသည်- «اللهم صلّ على محمد» (အလ္လာဟ်ဟုမ္မ ဆွလ္လိ အလာ မုဟမ္မဒ်) ၏ အဓိပ္ပာယ်မှာ- “အို-အလ္လာဟ်အရှင်မြတ်၊ ဤကမ္ဘာလောက၌ တမန်တော်မြတ်၏ ဂုဏ်သတင်းကို မြင့်မြတ်စေခြင်း၊ တမန်တော်မြတ်၏ သာသနာတော်ကို ပေါ်လွင်ထင်ရှားစေခြင်းနှင့် တမန်တော်မြတ်၏ ရှရီအသ်တရားလမ်းစဥ်ကို ဆက်လက်တည်တံ့စေခြင်းအားဖြင့်လည်းကောင်း၊ တမန်တော်မြတ်၏ ဂုဏ်သိက္ခာကို ကြီးကျယ်မြှင့်မြတ်စေတော်မူပါ။ ထို့ပြင် အာခိရသ်နောင်တမလွန်တွင် တမန်တော်မြတ်၏ နောက်လိုက်အွမ္မသ်သားများအတွက် ကြားဝင်အသနားခံသူအဖြစ် ခန့်အပ်ခြင်း၊ တမန်တော်မြတ်အား ကြီးကျယ်မြင့်မြတ်သော အကျိုးဆုလာဘ်များ ချီးမြှင့်ပေးအပ်ခြင်း၊ မကာမိ မဟ်မူဒ် (ချီးမွမ်းခြင်းခံရသော နေရာ) ဖြင့် လွန်လေပြီးသောလူအပေါင်းနှင့် နောက်လာလတ္တံ့သော လူအပေါင်းတို့အပေါ် ထိုတမန်တော်၏ မြင့်မြတ်မှုကို ထင်ရှားစေခြင်း၊ ထို့ပြင် ထိုတမန်တော်အား နီးကပ်စွာ ရပ်တည်နေသော မြင့်မြတ်သည့် ပုဂ္ဂိုလ်များထက်ပင် သာလွန်မြင့်မြတ်စေခြင်းအားဖြင့် တမန်တော်မြတ်၏ ဂုဏ်သိက္ခာကို ကြီးကျယ်မြှင့်မြတ်စေတော်မူပါ” ဟူ၍ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

