သင်ဤသို့ ရွတ်ဖတ်လော့ - «لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، اللهُ أَكْبَرُ كَبِيرًا، وَالْحَمْدُ لِلَّهِ كَثِيرًا، سُبْحَانَ اللهِ رَبِّ الْعَالَمِينَ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ الْعَزِيزِ الْحَكِيمِ» (အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိ၊ ထိုအရှင်မြတ်သည် တစ်ပါးတည်းသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၌ တွဲဖက်ယှဉ်တွဲကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏။ ချီးမွမ်းခြင်းအားလုံးသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်၏။ စကြဝဠာခပ်သိမ်းရှိ သတ္တဝါအားလုံးကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ ကင်းစင်သန့်ရှင်းတော်မူ၏။ လွန်စွာတန်ခိုးအာနုဘော်ကြီးမားတော်မူ၍ ဉာဏ်ပညာအမြော်အမြင်နှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်၏ ကူညီမှုမပါဘဲ မကောင်းမှုဒုစရိုက်မှ ရှောင်ကြဉ်၍ ကောင်းမှုကုသိုလ်ပြုနိုင်သည့် စွမ်းအင်ဟူ၍ အလျှင်းမရှိပေ။)
စအ်ဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန် ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ကျေးတောသားတစ်ဦး ရောက်ရှိလာပြီး "ကျွန်တော်မျိုး ရွတ်ဖတ်ရန် ဇိကိရ်တစ်ခုကို သင်ကြားပေးတော်မူပါ။"ဟု လျှောက်ထားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစ…

