လူသားတို့၏ စိတ်နှလုံးသားများအားလုံးသည် ကရုဏာတော်ရှင်(အလ္လာဟ်အရှင်မြတ်)၏ လက်ချောင်းများအနက်မှ လက်ချောင်းတော်နှစ်ချောင်းကြားတွင် စိတ်နှလုံးသားတစ်ခုတည်းကဲ့သို့ တည်ရှိသည်။ အရှင်မြတ်သည် အလိုတော်ရှိသည့်အတိုင်း ၎င်းအား လှည့်ပြောင်းတော်မူ၏
Choose an available translation of this Hadeeth
Hadeeth text
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်ဗင်န်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ဤသို့မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ "လူသားတို့၏ စိတ်နှလုံးသားများအားလုံးသည် ကရုဏာတော်ရှင်(အလ္လာဟ်အရှင်မြတ်)၏ လက်ချောင်းများအနက်မှ လက်ချောင်းတော်နှစ်ချောင်းကြားတွင် စိတ်နှလုံးသားတစ်ခုတည်းကဲ့သို့ တည်ရှိသည်။ အရှင်မြတ်သည် အလိုတော်ရှိသည့်အတိုင်း ၎င်းအား လှည့်ပြောင်းတော်မူ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဤသို့ ဆုတောင်းတော်မူခဲ့သည်။ "အို- စိတ်နှလုံးသားများကို လှည့်ပြောင်းတော်မူသော အရှင်မြတ်၊ ကျွန်တော်မျိုးတို့၏ စိတ်နှလုံးသားများကို အရှင့်အမိန့်တော်ကို နာခံခြင်းဆီသို့ လှည့်ပြောင်းပေးသနားတော်မူပါ"။
Explanation
Benefits
၂။ မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏ အရှင်သခင်ထံမှ အမှန်တရားနှင့် တရားလမ်းညွှန်မှုအပေါ်၌ တည်တံ့ခိုင်မြဲရန် အမြဲတောင်းခံနေသင့်သည်။
၃။ အလ္လာဟ်အရှင်မြတ်ကိုသာ ကြောက်ရွံ့ရမည် ဖြစ်ပြီး၊ တုဖနှိုင်းယှဉ်ရာမရှိဘဲ တစ်ဆူတည်းဖြစ်တော်မူသော အရှင်မြတ်နှင့်သာ အ ဆက်အသွယ်ထားရမည်။
အိမာမ်အာဂျွရ်ရီက ဤသို့ဆိုသည်- "အမှန်တရားကိုလိုက်နာသူများသည် အလ္လာဟ်အရှင်မြတ်အား အရှင်မြတ်ကိုယ်တော်တိုင် သို့မဟုတ် အရှင်မြတ်၏တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့် ဆွဟာဗဟ်သာဝကကြီးများ (ရဿွိယလ္လာဟုအန်ဟွမ်) က အရှင်မြတ်အတွက် ဖော်ပြခဲ့သည့် ဂုဏ်ပုဒ်များအတိုင်း ဖော်ပြကြသည်။ ဤသည်ပင်လျှင် သာသနာ့ပညာရှင်များအနက်မှ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့် ဆွဟာဗဟ်သာဝကကြီးများ၏ လမ်း စဉ်ကို လိုက်နာပြီး ဗိဒ်အသ်တရားသစ်တီထွင်ပြောင်း လဲခြင်း မပြုခဲ့ကြသူများ၏ လမ်းစဉ်ဖြစ်သည်။ အဟ်လုစွန္နသ်ဝင်များသည် အလ္လာဟ်အရှင်မြတ်အတွက် အရှင်မြတ်ကိုယ်တိုင် အတည် ပြုထားသည့် နာမတော်များနှင့် ဂုဏ်တော်များကိုသာ အတည်ပြုကြပြီး၊ မည်သည့် "ပြောင်းလဲဖော်ပြခြင်း (သဟ်ရီးဖ်)"၊ "ပယ်ဖျက်ခြင်း (သအ်သွီးလ်)"၊ "ပုံသဏ္ဍာန်သတ်မှတ်ခြင်း (သက်ယီးဖ်)" နှင့် "နှိုင်းယှဉ်ခြင်း (သမ်စီးလ်)" စသည်တို့ကို မပြုကြပေ။ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အတွက် အရှင်မြတ်ကိုယ်တိုင် ငြင်းပယ်ခဲ့သည်များကို ငြင်းပယ်ကြပြီး ငြင်းပယ်ခြင်း သို့မဟုတ် အတည်ပြုခြင်းအကြောင်း ကျမ်းတော်မြတ်က ဖော်ပြထားခြင်းမရှိသည့် နာမတော်များ၊ ဂုဏ်ပုဒ်များနှင့် ပတ်သက်၍ ဆိတ်ဆိတ်နေကြသည်။ အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်မှာ - "ထိုအရှင်မြတ်နှင့် တူညီသောအရာဟူ၍ အလျှင်းမရှိပြီ။ ထိုအရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင်ဖြစ်တော်မူ၏။"
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

