ပုဂ္ဂိုလ်သုံးဦးတို့အား ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် စကားပြောတော်မူမည်မဟုတ်၊ ၎င်းတို့အား (အပြစ်များမှ )သန့်စင်စေတော်မူမည်မဟုတ်ပေ၊ ထို့ပြင် သူတို့အဖို့ ပြင်းထန်သောအဇားဗ်ပြစ်ဒဏ်ရှိ၏
Choose an available translation of this Hadeeth
Hadeeth text
စလ်မားန် အလ်ဖာရီစီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ပုဂ္ဂိုလ်သုံးဦးတို့အား ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် စကားပြောတော်မူမည်မဟုတ်၊ ၎င်းတို့အား (အပြစ်များမှ )သန့်စင်စေတော်မူမည်မဟုတ်ပေ၊ ထို့ပြင် သူတို့အဖို့ ပြင်းထန်သောအဇားဗ်ပြစ်ဒဏ်ရှိ၏။ ထိုသူတို့မှာ-
၁။ အိုမင်းသော်လည်း ဇိနာမှုကိုကျူးလွန်သူ
၂။ဆင်းရဲနွမ်းပါးသော်လည်း မောက်မာထောင်လွှားသူ၊
၃။အလ္လာဟ်အရှင်မြတ်အား မိမိ၏ ကုန်ပစ္စည်းအဖြစ် ပြုလုပ်ထားသူဖြစ်ပြီး၊ (ဆိုလိုသည်မှာ) ၎င်းသည် (မိမိ၏ ကုန်ပစ္စည်းကို) အရှင်မြတ်၏နာမတော်အား ကိုင်တွယ်ကျိန်ဆို၍ ရောင်းချပြီး အရှင်မြတ်၏နာမတော်အား ကိုင်တွယ်ကျိန်ဆို၍ ဝယ်ယူသူ တို့ဖြစ်သည်။
Explanation
ကြယ်စေတော်မူမည် မဟုတ်ပေ။ တတိယပြစ်ဒဏ် - ၎င်းတို့အတွက် နောင်တမွန်ဘဝတွင် ပြင်းပြနာကျင်ဖွယ်ရာ ပြစ်ဒဏ်များ ရှိခြင်းဖြစ်သည်။ ထိုသို့ ပြစ်ဒဏ်ခံစားရမည့် လူသုံးမျိုးမှာ - ၁။ အသက်အရွယ်အိုမင်းသော်လည်း စက်ဆုပ်ရွံရှာဖွယ်ဇိနာမှုကို ကျူးလွန်သူ။ ၂။ ပစ္စည်းဥစ္စာမရှိသည့် ဆင်းရဲသားဖြစ်သော်လည်း လူတို့အပေါ် မောက်မာထောင်လွှားသူ။ ၃။ ရောင်းဝယ်
ဖောက်ကားရာတွင် အလ္လာဟ်အရှင်မြတ်၏(နာမတော်ဖြင့်) မကြာခဏ ကျိန်ဆိုလေ့ရှိသူ။ ထိုသို့အားဖြင့် သူသည် အလ္လာဟ်အရှင်မြတ်၏နာမတော်ကို မထီမဲ့မြင်ပြုကာ ဥစ္စာပစ္စည်း စုဆောင်းရန် လမ်းစအဖြစ် အသုံးချသူဖြစ်သည်။
Benefits
ဇိနာကျူးလွန်ခြင်း၊ မုသားပြောခြင်းနှင့် မောက်မာထောင်လွှာခြင်းတို့သည် ကြီးမားသောအပြစ်အကုသိုလ်များထဲမှ ဖြစ်သည်။
မောက်မာထောင်လွှားခြင်းဆိုသည်မှာ အမှန်တရားကို လက်မခံခြင်း နှင့် လူတို့အားအထင်အမြင် သေးခြင်းတို့ ဖြစ်သည်။
အရောင်းအဝယ်ပြုလုပ်ရာတွင် ကျိန်ဆိုခြင်းကို အလွန်အကျွံအသုံးပြုခြင်းမှ သတိပေးထားခြင်း၊ ကျိန်ဆိုခြင်းကို အထူးအလေးထားရန်နှင့် အလ္လာဟ်အရှင်မြတ်၏ နာမတော်များကို ဂုဏ်ပေးလေးစားရန် တိုက်တွန်းထားခြင်း။ အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်- "ထို့ပြင် အသင်တို့သည် ကောင်းမှု မပြုကြရန်၊ အပြစ် မရှောင်ကြရန်၊ လူများ ကြားတွင် ခိုက်ရန်ဖြစ်မှုကို ဖြန်ဖြေ မပေးကြရန် အသင်တို့၏ ကျိန်ဆိုမှုများ အတွက် အလ္လာဟ် အရှင်မြတ်အား (ဒိုင်းသဖွယ်) အကာအကွယ် မပြုလုပ်ကြနှင့်။ (အလ္လာဟ်နှင့် ကျိန်ဆိုထားသည့် အတွက် ထိုအလုပ်များကို မလုပ်ခြင်း ဖြစ်သည်ဟု အရှင်မြတ်ကို ခုတုံး မလုပ်ကြနှင့်။)" (ဆူရဟ် အလ်-ဘကရဟ် ၂:၂၂၄)
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

