ကျိန်ဆိုခြင်းသည် အရောင်းအဝယ်ပစ္စည်းကို ရောင်းတန်းဝင်စေသော် လည်း အမြတ်အ စွန်း၏ ဗရ်ကသ်ကို ဆုတ်ယုတ်စေ သည်။
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ "ကျိန်ဆိုခြင်းသည် အရောင်းအဝယ်ပစ္စည်းကို ရောင်းတန်းဝင်စေသော်
လည်း အမြတ်အ
စွန်း၏ ဗရ်ကသ်ကို ဆုတ်ယုတ်စေ
သည်။"
Explanation
ရာယ်အမျိုးမျိုး ကျရောက်ကာ ပျက်စီးဆုံးရှုံးရတတ်သည်။
Benefits
၂။ ပမာဏအားဖြင့် များပြားသည့်တိုင် ဟရာမ်ဝင်ငွေသည် ဗရ်ကသ်မင်္ဂလာကင်းမဲ့နေပြီး၊ ထိုငွေ၌ ကောင်းကျိုးတစ်စုံတစ်ရာ မရှိပေ။
၃။ မွလ္လာအလီကာရီက ဆိုသည်- ရရှိလာသော ဥစ္စာပစ္စည်း၏ ဗရ်ကသ်ပျောက်ဆုံးခြင်းဆိုသည်မှာ - ပစ္စည်းဥစ္စာ ဆုံးရှုံးခြင်း၊ လောက၌ အကျိုးမရှိသော သို့မဟုတ် နောင်တမလွန်အတွက် ကုသိုလ်မရနိုင်သော နေရာမျိုးတွင် သုံးစွဲခြင်း၊ သို့မဟုတ် ထိုဥစ္စာသည် လက်ဝယ်တွင် ဆက်လက်တည်ရှိနေသော် လည်း ၎င်းမှ အကျိုးခံစားခွင့် မရရှိခြင်း၊ သို့မဟုတ် ၎င်းကို ကျေးဇူးမသိတတ်သော အမွေခံများထံသို့ အမွေအဖြစ် ရောက်ရှိသွားခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် ဖြစ်တတ်သည်။
၄။ အိမာမ်နဝဝီက ဆိုသည်- ဤဟဒီးစ်တော်တွင် အရောင်းအဝယ်ပြုလုပ်ရာတွင် များစွာကျိန်ဆိုခြင်းမှ တားမြစ်ထားသည်။ မလိုအပ်ဘဲ ကျိန်ဆိုခြင်းသည် မက္ကရူဟ် (မနှစ်မြို့ဖွယ်ရာ) ဖြစ်သည်။ အထူးသဖြင့် ကုန်ပစ္စည်းရောင်းအားတိုးစေရန် ရည်ရွယ်ချက်ဖြင့် ကျိန်ဆိုခြင်းသည် ဝယ်ယူသူအား လှည့်စားရာရောက်နိုင်သောကြောင့် ပိုမိုဆိုးရွားသည်။
၅။ များစွာကျိန်ဆိုခြင်းသည် အီမာန်ယုံကြည်ခြင်းနှင့် သောင်ဟီးဒ်တရားတို့၌ ချို့တဲ့လျော့နည်းမှုကို ဖြစ်စေသည်။ အကြောင်းမှာ များစွာကျိန်ဆိုခြင်း မသည် အောက်ပါ အကျိုးဆက်နှစ်ခုကို ဖြစ်ပေါ်စေတတ်သောကြောင့်ဖြစ်သည်။ ပထမအချက် - ကျိန်ဆိုခြင်းကို ပေါ့ပေါ့တန်တန် သဘောထားကာ၊ ၎င်း၏ လေးနက်မှုကို ဂရုမထားတတ်တော့ခြင်း။ ဒုတိယအချက် - မုသားစကား ပြောမိခြင်း။ ကျိန်ဆိုခြင်း များလေလေ မုသားပါဝင်နိုင်ခြေလည်း များလေဖြစ်သည်။ ထို့ကြောင့် ကျိန်ဆိုခြင်းကို အတတ်နိုင်ဆုံး လျှော့ချသင့်ပြီး မလိုအပ်ဘဲ များပြားစွာ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရမည်။ ဤအတွက်ကြောင့်ပင် အလ္လာဟ်အရှင်မြတ်က "သင်တို့၏ ကျိန်ဆိုခြင်းများကို ထိန်းသိမ်းကြလော့" ဟု မိန့်တော်မူခဲ့ခြင်း ဖြစ်သည် ။ (အလ်-မာအိဒဟ် ၅:၈၉)
Attribution
Categories
Share hadeeth
Sharing options

