ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)အား လျှောက်ထားမေးမြန်းခဲ့သည်မှာ - "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အပြစ်ဒဏ်မှ လွတ်မြောက်ခြင်း (နဂျာသ်) ဆိုသည်မှာ အဘယ်နည်း။" တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)က မိန့်တော်မူသည် - "သင်၏ နှုတ်လျှာကို ထိန်းချုပ်လော့။ သင်၏ အိမ်သည် သင့်အတွက် ကျယ်ဝန်းစေလော့။ သင်၏ အပြစ်အတွက် ငိုကြွေးလော့။
Choose an available translation of this Hadeeth
Hadeeth text
အုက်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ၎င်းကပြောပြခဲ့သည်မှာ - ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)အား လျှောက်ထားမေးမြန်းခဲ့သည်မှာ - "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အပြစ်ဒဏ်မှ လွတ်မြောက်ခြင်း (နဂျာသ်) ဆိုသည်မှာ အဘယ်နည်း။" တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)က မိန့်တော်မူသည် - "သင်၏ နှုတ်လျှာကို ထိန်းချုပ်လော့။ သင်၏ အိမ်သည် သင့်အတွက် ကျယ်ဝန်းစေလော့။ သင်၏ အပြစ်အတွက် ငိုကြွေးလော့။"
Explanation
ထိုအခါတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) က ဤသို့ မိန့်ကြားတော်မူသည် - "အသင် လိုက်နာရမည့် အချက်သုံးချက်ရှိသည်။
ပထမအချက်- သင်၏ နှုတ်လျှာကို မည်သည့် ကောင်းကျိုးမှမရှိသောအရာမှသော်လည်းကောင်း၊ မကောင်းသော စကားရပ်အားလုံးမှ သော်လည်း
ကောင်း ထိန်းသိမ်းလော့။ ကောင်းမြတ်သောစကားမှလွဲ၍ မပြောဆိုနှင့်။
ဒုတိယအချက်- အသင်သည် တစ်ကိုယ်တည်းရှိချိန်များ၌ အလ္လာဟ်အရှင်မြတ်အား အိဗာဒသ်ပြုလုပ်ရန်အတွက် မိမိ၏အိမ်၌ နေထိုင်ပါ။ အရှင်မြတ်၏ အမိန့်နာခံမှုဖြင့် လုံးပမ်းနေပါ။ သင်၏အိမ်တွင် နေထိုင်ပြီး ဖိသ်နဟ်စမ်းသပ်မှုများမှ ခွဲခွာနေပါ။
တတိယအချက်- သင်ကျူးလွန်မိခဲ့သော အပြစ်များအတွက် ငိုကြွေး၍ နောင်တရပြီး သောင်ဗဟ်အမှားဝန်ခံပါ။
Benefits
လောကီနှင့် တမလွန်ဘဝ၌ အပြစ်ဒဏ်မှလွတ်မြောက်နိုင်မည့် အကြောင်းရင်းများကို ရှင်းလင်းဖော်ပြခြင်း။
လူသားတစ်ဦးအား အခြားသူများအား အကျိုးပြုနိုင်ခြင်း မရှိသော်၊ သို့မဟုတ် လူများနှင့် ရောနှောမိလျှင် မိမိ၏ဒီန်သာသနာနှင့် ကိုယ်ကျိုးအတွက် ဘေးအန္တရာယ် ဖြစ်မည်ကို စိုးရိမ်ရပါက မိမိကိုယ်မိမိ (ကောင်းမွန်အောင်နေထိုင်ရန်အတွက် ကြိုးပမ်းမှု၌ )အချိန်ကိုမြှုပ်နှံထားရန် တိုက်တွန်းထားခြင်း။
ဖိသ်နဟ်စမ်းသပ်မှုများ ပေါ်ပေါက်လာသောအခါ အိမ်၌သာ စွဲမြဲစွာနေထိုင်ရန် လမ်းညွှန်ထားခြင်း။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဒီန်သာသနာကို ထိန်းသိမ်းရန် အကြောင်းခံတစ်ရပ်ဖြစ်သောကြောင့်ဖြစ်သည်
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

