အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ် သက္ကဝါတရားထားကြပါ၊ အသင်တို့၏ ဆွလာသ်ငါးကြိမ်ကို ဆောက်တည်ကြပါ၊ အသင်တို့(ရမဿွာန်)လ၏ ဆွိယာမ်ဥပုသ်ကို စောင့်ထိန်းကြပါ၊ အသင်တို့ ဥစ္စာပစ္စည်းများမှ ဇကာသ် ပေးဆောင်ကြပါ၊ အသင်တို့အား အုပ်ချုပ်သူများကို နာခံကြပါ၊ အသင်တို့အား ဖန်ဆင်းမွးမြူတော်မူသော အရှင်မြတ်၏ ဂျနသ်သုခဘုံသို့ ဝင်ရောက်ကြပါ။
အဗူအုမာမဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဟဂ်ျဂျသုလ်ဝဒါအ် နောက်ဆုံးဟဂ်ျတွင် ခွသ်ဗဟ်တရား မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင်တို့သည် အသင်တို့အား…

