افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#3557[صحيح]
HadeethEnc · 1.34.0

'အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အကယ်၍ တစ်စုံတစ်ယောက်ဟာ ကျွန်တော်မျိုး၏ ပစ္စည်းကို လုယက်ရန် ကျွန်တော်မျိုးထံ ရောက်လာခဲ့ပါလျှင်

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ " ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ လာရောက်ပြီး 'အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အကယ်၍ တစ်စုံတစ်ယောက်ဟာ ကျွန်တော်မျိုး၏ ပစ္စည်းကို လုယက်ရန် ကျွန်တော်မျိုးထံ ရောက်လာခဲ့ပါလျှင်(ကျွန်တော်မျိုး မည်သို့ပြုလုပ်ရမည်နည်း)'' ဟု လျှောက်ထားမေးမြန်းခဲ့သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ''သင်၏ ပစ္စည်းကို သူ့အား မပေးလေနှင့်'' ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုသူက ''အကယ်၍ သူသည် ကျွန်တော်မျိုးအား ရန်ပြုတိုက်ခိုက်ခဲ့ပါလျှင်ကော'' ဟု လျှောက်ထားမေးမြန်းရာ၊ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ''ထိုအခါ သင်သည် သူနှင့် တိုက်ခိုက်လေလော့'' ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုသူက ''အကယ်၍ သူသည် ကျွန်တော်မျိုးအား သတ်ဖြတ်ခဲ့ပါလျှင်ကော'' ဟု မေးမြန်းခဲ့ရာ
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ''ထိုသို့ဆိုလျှင် သင်သည် ရှဟီးဒ်(အလ္လာဟ်အရှင်မြတ်၏လမ်းတွင် အသက်စွန့်သောသူ)ဖြစ်ပေမည်'' ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုသူက ''အကယ်၍ ကျွန်တော်မျိုးသည် သူ့အား သတ်ဖြတ်ခဲ့ပါလျှင် ကော'' ဟု မေးမြန်းခဲ့ရာ၊ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ''ထိုသို့ဆိုလျှင် ထိုသူသည် ဂျဟန္နမ်ငရဲတွင် ရှိပေမည်'' ဟု မိန့်ကြားတော်မူခဲ့သည်။
02

Explanation

လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ လာရောက်၍ ဤသို့ လျှောက်ထားခဲ့၏။ အို- အလ္လာဟ်မြတ်၏ ရစူလ်တမန်တော်၊ အကယ်၍ ကျွန်တော်မျိုး၏ ပစ္စည်းဥစ္စာကို လုယက်ရန် ရည်ရွယ်ချက်ဖြင့် လူတစ်ဦး ကျွန်တော်မျိုးထံသို့ ရောက်လာပါက (ကျွန်တော်မျိုး မည်သို့ပြုလုပ်ရမည်နည်း)။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သင်၏ပစ္စည်းဥစ္စာကို သူအား အညံ့ခံ၍ ပေးအပ်ရန် သင့်အပေါ် တာဝန်မရှိပါ" ဟု မိန့်ကြားတော်မူခဲ့၏။ ထိုသူက ဆက်လက်၍ လျှောက်ထားခဲ့၏။ အကယ်၍ သူကကျွန်တော်မျိုးအား တိုက်ခိုက်လာလျှင်( ကျွန်တော်မျိုး မည်သို့ပြုလုပ်ရမည်နည်း)။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သူ့အား တန်ပြန်တိုက်ခိုက်ခွင့်သည် သင့်အတွက် ခွင့်ပြုထားပါသည်" ဟု မိန့်ကြားတော်မူခဲ့၏။ ထိုသူက ဆက်လက်၍ လျှောက်ထားခဲ့၏။ အကယ်၍ သူက ကျွန်တော်မျိုးအား သတ်ဖြတ်ခဲ့လျှင်(ကျွန်တော်မျိုး၏အခြေ
အနေသည် အဘယ်သို့ရှိမည်နည်း)။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သို့ဖြစ်လျှင် သင်သည် ရှဟီးဒ်ဖြစ်ပေလိမ့်မည်" ဟု မိန့်ကြားတော်မူခဲ့၏။ ထိုသူက ဆက်လက်၍ လျှောက်ထားခဲ့၏။ အကယ်၍ ကျွန်တော်မျိုးက သူ့အား သတ်ဖြတ်မိခဲ့လျှင်ကော (သူ၏အခြေအနေသည် အဘယ်သို့ရှိမည်နည်း)။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "ထိုသူသည် ကိယာမတ်တရားစီရင်မည့်နေ့တွင် ငရဲမီး၌ အပြစ်ဒဏ်ပေးခြင်းကို ခံထိုက်သူဖြစ်ပေသည်" ဟု မိန့်ကြားတော်မူခဲ့၏။
03

Benefits

နဝဝီက မိန့်ဆိုခဲ့သည်- ( မဟ်ရမ်ဖြစ် သော ) အမျိုးသမီးများကို ကာကွယ် ခြင်းသည် ပညာရှင်များကြား အကွဲအလွဲမရှိ ဝါဂျိဗ်တာဝန်ဖြစ်သည်။ မိမိကိုယ်ကို ကာကွယ်ရန် လူသတ်ခြင်းနှင့်ပတ်သက်၍မူ ကျွန်ုပ်တို့၏( ရှာဖိအီ )မဇ်ဟဗ်နှင့် အခြားမဇ်ဟဗ်များတွင် သဘောထားကွဲလွဲမှုရှိသည်။ ပစ္စည်းဥစ္စာကို ကာကွယ်ခြင်းသည် ပြုပိုင်ခွင့်ရှိသော်လည်း ဝါဂျိဗ်မလုပ်မနေရတာဝန်မဟုတ်ပေ။
ဤဟဒီးစ်တော် သည် အလုပ်တစ်ခုခုမလုပ်မီအရင် ( ယင်းအလုပ်နှင့်ပတ်သတ်၍ )အသိပညာဗဟုသုတရှိရန် လိုအပ်ကြောင်း ညွှန်ပြသည့် အထောက်အထားတစ်ခုဖြစ်သည်။ အကြောင်းမှာ ထိုဆွဟာဗီသည် မိမိ၏လုပ်ဆောင်မှုမတိုင်မီ မိမိအပေါ်တွင် တာဝန်ရှိသည်များကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )ထံ မေးမြန်းခဲ့သောကြောင့်ဖြစ်သည်။
တိုက်ခိုက်ခြင်းမပြုမီအရင် တားမြစ်ခြင်း (သို့) အကူအညီတောင်းခြင်းဖြင့် ကိုယ်ထိလက်ရောက်ကျူးလွန်သူကို တုံ့ပြန်ရာတွင် အဆင့်ဆင့်ချဉ်းကပ်သင့်သည်။ အကယ်၍(ကိုယ်ထိလက်ရောက်ကျူးလွန်သူကို)တိုက်ခိုက်ရန် စတင်ပါက၊ ၎င်းအား သတ်ဖြတ်ရန်ထက် ဟန့်တားရန်ကိုသာ ရည်ရွယ်သင့်သည်။
မွတ်စ်လင်မ်တစ်ဦး၏အသက်အိုးအိမ်စည်းစိမ်၊ ပစ္စည်းဥစ္စာနှင့် ဂုဏ်သိက္ခာကို မတော်မတရား ကျူးလွန်ထိပါးခြင်းသည် ဟရာမ်ဖြစ်သည်။
အိမာမ် နဝဝီက အမိန့်ရှိသည်- သိထားရမည်မှာ ရှဟီးဒ် သုံးမျိုးရှိသည်။ ပထမအမျိုးအစား-ကာဖိရ်များနှင့် စစ်တိုက်ရခြင်း၏ အကြောင်းရင်းတစ်ခုခုကြောင့် စစ်တိုက်ရင်း သေဆုံးသူဖြစ်သည်။ ၎င်းသည် အာခိရသ်တွင် အကျိုးစဝါးဗ်ရရှိခြင်းနှင့် လောကီ၏ အမိန့်ပညတ်ချက်များတွင် ရှဟီဒီများ၏ အမိန့်တွင်ရှိသည်။ ဆိုလိုသည်မှာ ၎င်းအား ဂုစုလ်ရေချိုးပေးရန် နှင့် ဂျနာဇဟ်ဆွလာသ် ဝတ်ပြုပေးရန်မလိုပေ။ ဒုတိယအမျိုးအစား-လောကီ၏ အမိန့်ပညတ်ချက်များအရ ( ရှဟီဒီ ) မဟုတ်ဘဲ အာခိရသ်၏ အကျိုးစဝါဗ်တွင်သာ ရှဟီးဒ်ဖြစ်သူ ဖြစ်သည်။ ၎င်းမှာ -ဝမ်းရောဂါဖြင့် သေဆုံးသူ၊ ပလိပ်ရောဂါဖြင့် သေဆုံးသူ၊ အဆောက်အဦးပြိုကျ၍ သေဆုံးသူနှင့် မိမိပစ္စည်းဥစ္စာအား ကာကွယ်ရင်းသေဆုံးသူ စသည်တို့ ဖြစ်ကြပြီး၊ ၎င်းတို့အား ရှဟီးဒ်ဟု ခေါ်ဆိုကြောင်း ဆွဟီးဟ် ဟဒီးဆ်များတွင် ဖော်ပြထားသူများ ဖြစ်သည်။ ဤသူများအား ဂုစုလ်ရေချိုးပေးရမည်၊ ဂျနာဇဟ် ဆွလာသ်ဝတ်ပြုပေးရမည်ဖြစ်သည်။ ၎င်းတို့သည် အာခိရသ်တွင် ရှဟီဒီများ၏ အကျိုးဆုလာဘ်ကို ရရှိမည်ဖြစ်သော်လည်း ပထမ ( ရှဟီဒီ )အမျိုးအစား၏ အကျိုးဆုလာဘ်အတိုင်း ဖြစ်ရန်မလိုအပ်ပေ။ တတိယအမျိုးအစား- စစ်ပွဲတွင် ကျဆုံးခဲ့လျှင်လည်း ရှဟီးဒ်ဟု မခေါ်ဆိုရန် ဆင့်ပြန်ချက်များတွင် ဖော်ပြထားသော စစ်သုံ့ပန်းပစ္စည်းများကို တရားဝင်ခွဲဝေမှုမပြုမီ ၎င်းတို့ထဲမှ တစ်စုံတစ်ရာ ခိုးယူခဲ့သူ (သို့) ထိုနည်းတူစွာ ပြုမူခဲ့သူဖြစ်သည်။ ၎င်းအတွက် လောကီ၌ ရှဟီဒီများ၏ အမိန့်အတိုင်းသာသတ်မှတ်ရမည်။ ဆိုလိုသည်မှာ ၎င်းအား ဂုစုလ်ရေချိုးပေးခြင်းနှင့် ဂျနာဇဟ်ဆွလာသ်ဝတ်ပြုပေးခြင်းတို့ မပြုလုပ်ရပေ။ သို့သော်အာခိရသ်တွင် ၎င်းအဖို့ရှဟီဒီများ၏ ပြည့်စုံသောဆုလာဘ်ကို ရရှိမည်မဟုတ်ပေ။

Attribution

[رواه مسلم]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...