မြေယာ၊ ဥယျာဉ်များ (ပိုင်ဆိုင်ခြင်း) ကို သင်တို့၏ ဝါသနာအဖြစ် မပြုလုပ်ကြနှင့်၊ အကြောင်းမှာ သင်တို့သည် လောကီရေးရာများ၌ ညွှတ်ယွင်းသွားမည် စိုးသောကြောင့် ဖြစ်သည်။
Choose an available translation of this Hadeeth
Hadeeth text
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "မြေယာ၊ ဥယျာဉ်များ (ပိုင်ဆိုင်ခြင်း) ကို သင်တို့၏ ဝါသနာအဖြစ် မပြုလုပ်ကြနှင့်၊ အကြောင်းမှာ သင်တို့သည် လောကီရေးရာများ၌ ညွှတ်ယွင်းသွားမည် စိုးသောကြောင့် ဖြစ်သည်။"
Explanation
Benefits
ဤဟဒီးစ်တွင် အသက်မွေးဝမ်းကျောင်းအတွက် လိုအပ်သည်များကို လုပ်ကိုင်ခြင်းအား တားမြစ်ထားခြင်းမဟုတ်ဘဲ၊ ဤလောကီတွင် နစ်မြုပ်ပြီး နောင်တမလွန်ဘဝကို မေ့လျော့ခြင်းမှသာ တားမြစ်ထားခြင်း ဖြစ်သည်။
အိမာမ်ဆင်န်ဒီက မိန့်ဆိုသည်- ဆိုလိုရင်းမှာ မြေယာ၊ ဥယျာဉ်များကို ဇောက်ချလုပ်ကိုင်ခြင်း၌ အလ္လာဟ်အရှင်မြတ်ကို သတိရခြင်းမှ မေ့လျော့သွားမည့်အထိ အတိုင်းထက်အလွန် မပြုလုပ်ကြရန် ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

