လူတစ်ချို့သည် အလ္လာဟ်အရှင်မြတ်၏ပစ္စည်းများကို မမှန်မကန် သုံးစွဲကြသည်။ ထို့ကြောင့် ၎င်းတို့အတွက် ကိယာမသ်နေ့တွင် ငရဲမီးရှိသည်။
Choose an available translation of this Hadeeth
Hadeeth text
ခေါင်လဟ် အလ်အန်စွာရီယဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကျွန်မကြားသိခဲ့သည်။ လူတစ်ချို့သည် အလ္လာဟ်အရှင်မြတ်၏ပစ္စည်းများကို မမှန်မကန် သုံးစွဲကြသည်။ ထို့ကြောင့် ၎င်းတို့အတွက် ကိယာမသ်နေ့တွင် ငရဲမီးရှိသည်။
Explanation
သို့ဖြစ်၍ ကိယာမသ်နေ့တွင် ထိုသို့ပြုကြသူတို့၏အစားသည် ဂျဟန္နမ်ငရဲမီးပင်ဖြစ်ကြောင်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားထားသည်။
Benefits
အများပိုင်ပစ္စည်းနှင့်ပတ်သက်လျှင် ရှရီအဟ် တရားဥပဒေသည် အလွန်ပင်တင်းကြပ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ တာဝန်ယူရသူ မည်သူမဆို ကိယာမသ်နေ့၌ ၎င်း၏စုဆောင်းမှု၊ သုံးစွဲမှုများအတွက် စာရင်းစစ်ခံရမည်ဖြစ်သည်။
မိမိပစ္စည်းကိုဖြစ်စေ၊ အခြားသူ၏ပစ္စည်းကိုဖြစ်စေ ရှရီအဟ်တရားတော်နှင့် ဆန့်ကျင်ဘက် သုံးစွဲသူမည်သူမဆို ဤသတိပေး ခြိမ်းခြောက်မှုတွင် ပါဝင်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

