အို- အဗ္ဗာစ်၊ အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၏ ဦးလေး၊ အလ္လာဟ်အရှင်မြတ်ထံ ဒွန်ယာနှင့် အာခိရသ်နှစ်ဌာနစလုံး၌ (အာဖီယသ်) ကိုယ်စိတ်နှစ်ဖျာကျန်းမာ၊ချမ်းသာမှုကို တောင်းခံပါ"ဟု မိန့်ကြားတော်မူခဲ့သည်။
အဗ္ဗားစ် ဗင်န် အဗ်ဒုလ်မွသ်သွလိဗ် ( ရဿွိယလ္လာဟုအန်ဟု ) ထံမှဆင့်ပြန်လာရှိသည်။ ၎င်းက ပြောပြခဲ့သည်။ ကျွန်ုပ်က အို- အလ္လာဟ်အရှင်မြတ်၏ တမန်တော်၊ အလ္လာဟ်အရှင်မြတ်ထံ ကျွန်တော်မျိုး တောင်းခံနိုင်သည့် အရာတစ်ခုခုကို ကျွန်တော်မျိုးအား သင်ကြားပြသတော်မူပါဟု လျှောက်ထားခဲ့သည်။ ထိုအခါ တ…

