အသင်တို့သည် ပိုးထည်၊ ချိတ်ပိုးထည်ကို မဝတ်ဆင်ကြနှင့်။ ရွှေခွက်များ၊ ငွေခွက်များဖြင့် မသောက်သုံးကြနှင့်။ ၎င်းတို့နှင့်ပြုလုပ်ထားသည့် ပန်းကန်များဖြင့် မစားကြနှင့်။ ထိုအရာများသည် လောက၌ ၎င်း(မယုံကြည်သူ)တို့ အတွက်ဖြစ်ပြီး နောင်တမလွန်၌ ကျွန်ုပ်တို့အတွက်ဖြစ်သည်။
ရ်ရဟ်မာန်ဗင်န် အဗီလိုင်လာက ဆင့်ပြန်ခဲ့သည်။ ၎င်းတို့သည် ဟုဇိုင်ဖဟ်(ရဿွိရလ္လာဟုအန်ဟု)ထံတွင် ရှိနေကြသည်။ ၎င်းက ရေသောက်ရန်တောင်းသဖြင့် မဂျူစီတစ်ဦးက သူ့အား ရေယူလာပေးသည်။ ထိုသူက ရေခွက်ကို သူ၏လက်ထဲသို့ ပေးလိုက်သည့်အခါ ဟုဇိုင်ဖဟ်က ခွက်ကို ထိုသူ့ဘက်သို့ ပစ်ချလိုက်ပြီး ပြောကြားသ…

