افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#5370[صحيح]
HadeethEnc · 1.34.0

အကြင်သူသည် မိမိ၏အဝတ်ကို မာန်မာနထောင်လွှားပြီး တရွတ်ဆွဲ၍ (လမ်းလျှောက်) ခဲ့လျှင်အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ကြည့်ရှုတော်မူမည်မဟုတ်ပေ။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အကြင်သူသည် မိမိ၏အဝတ်ကို မာန်မာနထောင်လွှားပြီး တရွတ်ဆွဲ၍ (လမ်းလျှောက်) ခဲ့လျှင်အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ကြည့်ရှုတော်မူမည်မဟုတ်ပေ။"
02

Explanation

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မာန်မာနနှင့် မိမိကိုယ်ကို အထင်ကြီးခြင်းတို့ကြောင့် အဝတ်အထည် သို့မဟုတ် ခါးဝတ်ပုဆိုးကို ခြေကျင်းဝတ်အောက်ချ၍ ဝတ်ဆင်ခြင်းအား တားမြစ်တော်မူခဲ့ပြီး၊ ထိုသို့ပြုလုပ်သူအား ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်က ကရုဏာတော်၏ အရှုဖြင့် ကြည့်ရှုတော်မူမည်မဟုတ်ဟူသော ပြင်းထန်သည့် ခြိမ်းခြောက်ချက်ကို ခံယူထိုက်သူဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။
03

Benefits

"ဆောင်ဗ်" (အဝတ်အထည်) ဟူသော ပုဒ်တွင် ဘောင်းဘီ၊ လုံချည် စသည့် ခန္ဓာကိုယ်၏ အောက်ပိုင်းကို ဖုံးအုပ်သော အဝတ်အထည်အားလုံး ပါဝင်သည်။
အဝတ်အစားကို ခြေကျင်းဝတ်အောက်ထိ ဆွဲချဝတ်ဆင်ခြင်းမှ တားမြစ်ချက်သည် အမျိုးသားများနှင့်သာ သက်ဆိုင်သည်။ အိမာမ်နဝဝီက အမျိုးသမီးများအတွက် အဝတ် အစားကို ခြေကျင်းဝတ်အောက်ထိ ဆွဲချဝတ်ဆင်ခွင့်ရှိကြောင်း ပညာရှင်များ၏ အိဂျ်မာအ် (တစ်ညီတစ်ညွှတ်တည်း သဘောတူညီမှု) ရှိသည်ဟု ဆိုသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဆွဟီးဟ်ဟဒီးစ်တော်တစ်ပုဒ်တွင် အမျိုးသမီးများအတွက် မိမိတို့၏အဝတ်အထည်အောက်နားစကို တစ်တောင်ခန့် ဆွဲချခွင့်ပြုထားကြောင်း တွေ့ရသည်။
ရှိုင်ခ်ဗင်န်ဘာဇ်က ဆိုသည်မှာ- အဝတ်အစားကို ခြေကျင်းဝတ်အောက်ထိ ဆွဲချဝတ်ဆင်ခြင်းသည် ယေဘုယျဟဒီးစ်တော်များအရ တားမြစ်ထားပြီး ဟရာမ် (အပြစ်ရှိသော) ဖြစ်သည်။ သို့သော် ယင်း၏အပြစ်ဒဏ်သည် အတူတူပင်ဖြစ်ရမည်ဟူ၍ မရှိဘဲ ကွဲပြားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် မာနထောင် လွှားပြီး အဝတ် အစားကို ခြေကျင်းဝတ်အောက်ထိ ဆွဲချဝတ်ဆင်သူသည် မာနမထောင် လွှားဘဲ ဆွဲချဝတ် ဆင်သူနှင့် မတူပေ။
ရှိုင်ခ်ဗင်န်ဘာဇ်က ဆိုသည်မှာ - အမျိုးသမီးသည် တစ်ကိုယ်လုံးဖုံးအုပ်ရမည့် အင်္ဂါရပ် (အောင်ဝ်ရဟ်) ဖြစ်သောကြောင့် ခြေကျင်းဝတ်အောက် တစ်ထွာခန့် ရှည်စေခြင်းမှာ ပြသနာမရှိပေ။ အကယ်၍ ထိုမျှဖြင့် မလုံလောက်ပါက ခြေကျင်းဝတ်အောက် တစ်တောင်ခန့်အထိ ရှည်စေနိုင်သည်။
ကာဿွီ‌အေယာဿ်ွက ဆိုသည်မှာ - ပညာရှင်များက "အချုပ်အားဖြင့် လိုအပ်ချက်နှင့် ပုံမှန်ထက် ပိုလွန်သော အဝတ်အထည်၏ အရှည်နှင့် ကျယ်ပြန့်မှုတိုင်းကို မက္ကရူးဟ် (မနှစ်မြို့ဖွယ်) ဖြစ်သည်"ဟု ဆိုကြသည်။ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိရှိတော်မူ၏။
အိမာမ်နဝဝီက ဆိုသည်- အင်္ကျီနှင့် လုံချည်၏ အနားသတ်ကို ခြေသလုံး၏ထက်ဝက်တွင် ထားရှိခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။ သို့သော် ခြေသလုံးနှင့် ခြေကျင်းဝတ်ကြား မည်သည့်နေရာတွင် ထားရှိသည်ဖြစ်စေ ပြဿနာမရှိပေ။ အကယ်၍ ယင်းအောက် (ခြေကျင်းဝတ်အောက်) ထားရှိပါက ထိုခန္ဓာကိုယ်အစိတ်အပိုင်းသည် ဂျဟန္နမ်ငရဲမီးထဲ၌ ရှိလိမ့်မည်။ သို့ဖြစ်ရာ ခြေသလုံးတစ်ဝက်တွင် ထားရှိခြင်းသည် မုစ်သဟဗ် ဖြစ်ပြီး၊ ယင်းအောက် ခြေကျင်းဝတ်အထိ ထားရှိခြင်းသည် မက္ကရူဟ်မဖြစ်ဘဲ ခွင့်ပြုထားသည်။ ခြေကျင်းဝတ်အောက် ချထားခြင်းမှာမူ တားမြစ်ထားသည်။
ရှိုင်ခ်အိဗ်နေအုဆိုင်မီးန်က အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ "အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ကြည့်ရှုတော်မူမည် မဟုတ်" ဟူသော မိန့်ကြားချက်၏ အဓိပ္ပာယ်မှာ ကရုဏာတော်နှင့် သနားကြင်နာတော်မူသော အရှုဖြင့် ကြည့်ရှုတော်မူမည် မဟုတ်ဟု ဆိုလိုခြင်းဖြစ်ပြီး ယေဘုယျအရှုကို ဆိုလိုခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆို‌သော် အလ္လာဟ်အရှင်မြတ်အပေါ်တွင် မည်သည့်အရာတစ်ခုမျှ ဖုံးကွယ်‌နေသည်ဟူ၍ မရှိသလို၊ အရှင်မြတ်၏ အရှုမှလည်း မည်သည့်အရာတစ်ခုမျှ ကွယ်ပျောက်နေခြင်း မရှိပေ။ သို့သော် ဤနေရာတွင် ကရုဏာတော်နှင့် သနားကြင်နာတော်မူသော အရှုဖြင့် ကြည့်ရှုခြင်းကိုသာ ဆိုလိုသည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...