အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် မစွမ်းဆောင် နိုင်ခြင်း၊ ပျင်းရိခြင်း၊ သူရဲဘော ကြောင်ခြင်း၊ စေးနှဲတွန့်တိုခြင်း၊ အိုမင်းရင့်ရော်ခြင်းနှင့် ကဗရ် ရဲ့အဇာဗ်ပြစ်ဒဏ်တို့မှ အရှင်မြတ်ထံခိုလှုံပါ၏။အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ စိတ်ဝိညာဉ်အား ၎င်းတွင်ရှိရမည့် သက္ကဝါအကြောက်တရားကို ပေးသနားတော်မူပါ။ ထို့ပြင် ထိုစိတ်ဝိညာဉ်အား သန့်ရှင်းစင်ကြယ်စေတော်မူပါ။ အရှင်မြတ်သည် ထိုစိတ်ဝိညာဉ်ကိုအကောင်းဆုံး သန့်ရှင်းစင်ကြယ်စေတော်မူသောအရှင်ဖြစ်ပါသည်။ အရှင်မြတ်သည်သာ ထိုစိတ်ဝိညာဉ်ကို အုပ်ထိန်းတော်မူသည့်အရှင်၊ ကာကွယ်ပေးတာ်မူသည့် အရှင်ဖြစ်ပါသည်။အို အလ္လာဟ်အရှင်မြတ် ကျွန်တာ်မျိုးသည် အကျိုးမပြုသော ပညာ၊ ကြောက်ရွံ့မှုမရှိသော နှလုံးသား၊ ( ရလေလိုလေ ) ပြည့်ဝခြင်းမရှိသော စိတ်နှင့် လက်ခံခြင်းမခံရသော တောင်းဆုဒုအာတို့မှ အရှင်မြတ်ထံခိုလှုံမှုပြုပါ၏။
ဇိုင်ဒ် ဗင်န် အရ်ကမ် ( ရဿွိယလ္လာဟုအန်ဟု) ထံမှဆင့်ပြန်လာရှိသည်။ ၎င်းက ပြောကြားခဲ့သည်မှာ- တမန်တော် မြတ် ( ဆွလ္လ လ္လာဟုအလိုင်ဝစလ္လမ်) ရွတ်ဖတ်တော်မူလေ့ရှိသော ( ဒုအာကိုသာ ) အသင်တို့အား ကျွန်ုပ်ပြောပြပါမည်။ ကိုယ်တော်သည် ဤဒုအာကို အမြဲရွတ်ဖတ်တော်မူလေ့ရှိသည်။ အို အလ္လာဟ်အရှင်မြတ…

