افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65188[صحيح]
HadeethEnc · 1.34.0

။ ထို့ကြောင့် သင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတောင်းခံသောအခါ ဖိရ်ဒေါင်စ်ကို တောင်းခံကြလော့။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အုဗာဒဟ် ဗင်န် ဆွာမိသ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ဧကန်စင်စစ်၊ ဂျန္နသ်သုခဘုံ၌ အဆင့်ပေါင်း တစ်ရာရှိ၏။ အဆင့်တစ်ခုနှင့်တစ်ခုကြားသည် မိုးနှင့်မြေကြားအကွာအဝေးကဲ့သို့ ဖြစ်၏။ ဖိရ်ဒေါင်စ်သည် ၎င်းတို့အနက်မှ အမြင့်ဆုံးအဆင့်ဖြစ်၏။ ထိုအဆင့်မှပင် ဂျန္နသ်သုခဘုံ၏ စမ်းချောင်းလေးခုမှာစီးဆင်းသည်။ ၎င်း(ဖိရ်ဒေါင်စ်)၏အပေါ်တွင် အရ်ရှ်ပလ္လင်တော်တည်ရှိသည်။ ထို့ကြောင့် သင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတောင်းခံသောအခါ ဖိရ်ဒေါင်စ်ကို တောင်းခံကြလော့။"
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နောင်တမလွန်ဘဝ၏ဂျန္နသ်သုခဘုံတွင် အဆင့်ပေါင်း တစ်ရာရှိကြောင်း၊ အဆင့်တစ်ခုနှင့်တစ်ခုကြား အကွာအဝေးသည် မိုးနှင့်မြေကြား အကွာအဝေးကဲ့သို့ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထိုဂျန္နသ်သုခဘုံ(၏အဆင့်)အားလုံးတို့တွင် အမြင့်ဆုံးအဆင့်မှာ ဂျန္နသ်သုလ် "ဖိရ်ဒေါင်စ်" ဖြစ်သည်။ ထိုအဆင့်မှပင် ဂျန္နသ်သုခဘုံ၏စမ်း
ချောင်းလေးခုမှာစီးဆင်းသည်။ ၎င်း(ဖိရ်ဒေါင်စ်)၏အပေါ်တွင် အရ်ရှ်ပလ္လင်တော် တည်ရှိသည်။ ထို့ကြောင့် သင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတောင်းခံသောအခါ ဖိရ်ဒေါင်စ်ကို တောင်းခံကြလော့။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အခြားသော ဂျန္နသ်သုခဘုံ(၏အဆင့်)အားလုံး၏ အထက် တွင် ရှိသောကြောင့်ဖြစ်သည်။
03

Benefits

၁။ ဂျန္နသ်သုခဘုံသားများ၏ အဆင့်အတန်းများသည် ၎င်းတို့၏ အီမာန်ယုံကြည်ခြင်းနှင့် ကောင်းမှုကုသိုလ်များအပေါ် မူတည်၍ ကွာခြားသည်။
၂။ အလ္လာဟ်အရှင်မြတ်ထံ ဂျန္နသ်သုခဘုံ၏အမြင့်ဆုံးအဆင့်ဖြစ်သည့် ဖိရ်ဒေါင်စ်ကို တောင်းခံရန် တိုက်တွန်းထားခြင်း။
၃။ ဖိရ်ဒေါင်စ်သည် ဂျန္နသ်သုခဘုံ၏အမြင့်ဆုံးအဆင့်နှင့် အမွန်မြတ်ဆုံး ဖြစ်သည်။
၄။ မွတ်စ်လင်မ်တစ်ဦးသည် မြင့်မားသော ရည်မှန်းချက်ရှိရမည်။ အလ္လာဟ်အရှင်မြတ်ထံတွင် အမြင့်ဆုံးနှင့် အမွန်မြတ်ဆုံးသော အဆင့်အတန်းကို ရှာဖွေတောင်းခံသင့်သည်။
၅။ ဂျန္နသ်သုခဘုံ စမ်းချောင်းလေးခုမှာ စမ်းရေ၊ နို့၊ အရက်နှင့် ပျားရည်တို့၏ စမ်းချောင်းများ ဖြစ်ကြသည်။ ယင်းတို့ကို ကုရ်အာန်ကျမ်းမြတ် (စူရဟ် မုဟမ္မဒ်၊ အာယသ် ၁၅) တွင် အောက်ပါအတိုင်း ဖော်ပြထားသည်- (မွသ်သကီ ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုး ဆောင်သူများအား ကတိပေးခြင်း ခံကြရသော ဂျန္နသ် သုခဘုံ၏ အခြေအနေမှာ (ဤသို့ ဖြစ်သည်)။ ထိုအထဲတွင် အနံ့အရသာ မပျက်သော စမ်းရေချောင်းများ၊ အရသာ ပြောင်းလဲမသွားသော နို့ရည်ချောင်းများ၊ သောက်သုံးသူများ အတွက် အနံ့အရသာ ကောင်းသော အရက်ချောင်းများနှင့် သန့်ပြန့် စင်ကြယ်သော ပျားရည်ချောင်းများ ရှိမည်။ ထို့ပြင် သူတို့အတွက် ထိုအထဲတွင် သစ်သီးဝလံ မျိုးစုံလည်း ရှိမည်။ ထို့ပြင် သူတို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ် ထံတော်မှ လွတ်ငြိမ်း ချမ်းသာခွင့်လည်း ရှိမည်။ (ထိုသူများသည်) အကြင်သူများ ကဲ့သို့ (ဖြစ်နိုင်ကြပါမည်လော)။ ထိုသူများသည် မီးထဲတွင် အမြဲ နေကြရမည့်သူများပင် ဖြစ်ကြသည်။ ထို့ပြင် သူတို့သည် ပွက်ပွက်ဆူနေသော ရေနွေးကို တိုက်ကျွေးခြင်း ခံကြရမည် ဖြစ်သည့် အတွက် ၎င်း(ရေနွေး)သည် သူတို့၏အူများကို အပိုင်းပိုင်း ပြတ်တောက်စေလိမ့်မည်။)

Attribution

[رواه الترمذي]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...