“ဧကန်အမှန်၊ ဂျန္နသ်ကို ပထမဦးဆုံးဝင်ရောက်မည့် အုပ်စု၏ ပုံပန်းသဏ္ဌာန်သည် လပြည့်ည၏ လမင်းသဖွယ်ကဲ့သို့ ဝင်းပနေလိမ့်မည်။ ထို့နောက် သူတို့နောက်မှလိုက်ဝင်ရောက်ရမည့်သူများသည် ကောင်းကင်ယံရှိ အတောက်ပဆုံးကြယ်ကဲ့သို့ ဖြစ်ကြလိမ့်မည်
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “ဧကန်အမှန်၊ ဂျန္နသ်ကို ပထမဦးဆုံးဝင်ရောက်မည့် အုပ်စု၏ ပုံပန်းသဏ္ဌာန်သည် လပြည့်ည၏ လမင်းသဖွယ်ကဲ့သို့ ဝင်းပနေလိမ့်မည်။ ထို့နောက် သူတို့နောက်မှလိုက်ဝင်ရောက်ရမည့်သူများသည် ကောင်းကင်ယံရှိ အတောက်ပဆုံးကြယ်ကဲ့သို့ ဖြစ်ကြလိမ့်မည်။ ထိုသူများသည် ကျင်ငယ်စွန့်ခြင်း၊ ကျင်ကြီးစွန့်ခြင်း၊ တံတွေးထွေးခြင်း၊ နှာညစ်ခြင်း တစ်စုံတစ်ရာ ပြုလုပ်ကြရမည် မဟုတ်ပေ။ သူတို့၏ ခေါင်းဖြီးသည့် ဘီးများသည် ရွှေဖြင့် ပြုလုပ်ထား သောဘီးများ ဖြစ်မည်။ သူတို့၏ ချွေးများသည် ကတိုးနံ့ကဲ့သို့ သင်းပျံ့နေပေမည်။ သူတို့၏ နံ့သာထွန်းခွက်များမှာ သစ်မွှေးပင်အသားနှင့် ပြုလုပ်ထား သော ခွက်များဖြစ်လိမ့်မည်။ သူတို့၏ ဇနီးများမှာ ဟူရ်အီးန်(အလွန်ဖြူချောပြီး မျက်ဝန်းကျယ်သော မိန်းမပျိုများ) ဖြစ်ကြလိမ့်မည်။ ထို့ပြင် ၎င်းတို့အားလုံးသည် လူတစ်ဦးတည်း၏ပုံပန်းသဏ္ဌာန်မျိုး ဖြစ်ကြလိမ့်မည်။ (ဆိုလိုသည်မှာ) သူတို့၏ဖခင် အာဒမ် ‘အလိုင်ဟိစ္စလာမ်’ ၏ ပုံသဏ္ဌာန်အတိုင်းဖြစ်ကြပြီး ၎င်း၏အရပ်မှာ (မြေကြီးမှ) ကောင်းကင်အထိ အတောင်ခြောက်ဆယ် မြင့်လိမ့်မည်။”
Explanation
Benefits
အနက်အဓိပ္ပါယ်များကို နီးစပ်အောင် ရှင်းလင်းတင်ပြရာတွင် ပုံပမာခိုင်းနှိုင်းမှုကို အသုံးပြုခြင်း။
အိမာမ်ကွတ်ရ်သုဗီက မိန့်ဆိုသည်မှာ – ဂျန္နသ်သုခဘုံသားတို့သည် ဆံပင်မရှိသူများ (ခေါင်းပြောင်များ) ဖြစ်ပြီး သူတို့၏ဆံပင်များသည် မညစ်ပတ်ကြချေ။ ထို့ပြင် သူတို့၏ရနံ့သည် ကတိုးထက်ပင် သာလွန်ကောင်းမွန်လေရာ ၎င်းတို့အတွက် ခေါင်းဖြီးရန်ဘီးနှင့် နံ့သာရေမွှေးသည် အဘယ်သို့လိုအပ်နေသနည်းဟု မေးခွန်းထုတ်နိုင်သည်။ ထို့နောက် ၎င်းကိုယ်တိုင်(အိမာမ်ကွတ်ရ်သုဗီ)ပင် အဖြေပေးသည်မှာ– ဂျန္နသ်သုခဘုံသားတို့၏ စားခြင်း၊ သောက်ခြင်း၊ ဝတ်စားဆင်ယင်ခြင်းနှင့် အမွှေးအကြိုင်တို့သည် ဆာလောင်ခြင်း၊ ရေဆာခြင်း၊ ကိုယ်လုံးတီးဖြစ်ခြင်း သို့မဟုတ် အနံ့ဆိုးထွက်ခြင်းတို့ကြောင့် မဟုတ်ဘဲ၊ ၎င်းတို့သည် အဆက်မပြတ်သော အလိုသာယာမှုများနှင့် အဆတ်မပြတ်သော နိအ်မသ်စည်းစိမ်တော်များသာလျှင် ဖြစ်သည်။ ၎င်း၏ ဟိက်မသ်ဉာဏ်အမြော်အမြင်မှာ ထိုသူတို့သည် လောကီဘဝတွင် နိအ်မသ်တော်များကို ခံစားရရှိခဲ့ကြသကဲ့သို့ ဂျန္နသ်၌လည်း ထိုနည်းတူ နိအ်မသ်တော်များမှ ခံစားကြရစေရန်ပင်ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options

