ထိုအခါ အရှင်မြတ်က ၎င်းအား အသင်ဆန္ဒပြုသမျှအရာအားလုံးနှင့် ယင်း၏ဥပမာတူညီသောအရာကို ထပ်ဆောင်းအားဖြင့် သင့်အဖို့ ဖြစ်သည်’ဟု မိန့်တော်မူလိမ့်မည်။”
Choose an available translation of this Hadeeth
Hadeeth text
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “ဧကန်စင်စစ် ဂျန္နသ်သုခဘုံတွင် သင်တို့ထဲမှ တစ်ဦးတစ်ယောက်၏ အနိမ့်ဆုံးအဆင့်မှာ (အလ္လာဟ်အရှင်မြတ်က) − အသင်အလိုရှိရာဆန္ဒပြုလော့ဟု ထိုသူအား မိန့်ဆိုတော်မူမည်ဖြစ်သည်။ ထို့နောက် သူသည် အလိုရှိရာကို ဆန္ဒပြုလိမ့်မည်၊ ထို့နောက် ထပ်မံ၍ ဆန္ဒပြုလိမ့်မည်။ ထို့နောက် (အလ္လာဟ်အရှင်မြတ်က) ထိုသူအား သင်အလိုရှိရာကို ဆန္ဒပြုပြီးပြီလောဟု မေးမြန်းတော်မူမည်။ ထိုအခါ သူကဟုတ်ကဲ့ ဆန္ဒပြုပြီးပါပြီဟု ဖြေကြားလိမ့်မည်။ ထိုအခါ အရှင်မြတ်က ၎င်းအား အသင်ဆန္ဒပြုသမျှအရာအားလုံးနှင့် ယင်း၏ဥပမာတူညီသောအရာကို ထပ်ဆောင်းအားဖြင့် သင့်အဖို့ ဖြစ်သည်’ဟု မိန့်တော်မူလိမ့်မည်။”
Explanation
Benefits
အလ္လာဟ်အရှင်မြတ်၏ အတိုင်းအဆမဲ့ ကျေးဇူးတော်နှင့် ရက်ရောတော်မူမှုကို ဖော်ပြထားခြင်း။
ဂျန္နသ်သုခဘုံ၏ နိအ်မသ်တော်များသည် မည်သည့်အရာတစ်ခုတွင်မျှ ကန့်သတ်ထားခြင်းမရှိပေ။ ထိုမျှမက မုအ်မင်န်သက်ဝင်ယုံကြည်သူသည် ထိုဂျန္နသ်၌ မိမိဆန္ဒပြု၍ တောင့်တသမျှ အရာခပ်သိမ်းကို ရရှိမည် ဖြစ်သည်။ ဤအရာအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်၊ ရက်ရောမှုနှင့် ကရုဏာတော်သာ ဖြစ်တော်မူသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

