افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#3417[صحيح]
HadeethEnc · 1.34.0

၎င်း၏အမလ်ကျင့်ဆောင်မှုသည် မည်သို့ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် သူ့အား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေတော်မူမည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အုဗာဒဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်သူသည် တစ်ပါးတည်းဖြစ်တော်မူသော၊ ဖက်စပ်ယှဉ်တွဲခြင်းကင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခံထိုက်သောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်တော်မူကြောင်း၊ အီစာ (အလိုင်းဟိစ္စလာမ်)သည် အလ္လာဟ်အရှင်မြတ်၏ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်တော်မူပြီး မရ်ယမ်သခင်မထဲသို့ထည့်သွင်းပေးခဲ့သည့် အလ္လာဟ်အရှင်မြတ်၏ (ကလိမဟ်) မုက္ခပါဌ်တော်နှင့် အရှင်မြတ်ထံတော်မှ(ဖန်ဆင်းခဲ့သည့်)ဝိညာဉ်တော်ဖြစ်ကြောင်း၊ ဂျန္နသ်သုခဘုံသည် အမှန်ဖြစ်ကြောင်း၊ ဂျဟန္နမ်ငရဲဘုံသည် အမှန်ဖြစ်ကြောင်း သက်သေခံခဲ့လျှင် ၎င်း၏အမလ်ကျင့်ဆောင်မှုသည် မည်သို့ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် သူ့အား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေတော်မူမည်။
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ အကြင်သူသည် သောင်ဝ်ဟီးဒ်၏ ကလိမဟ်တော်အား အဓိပ္ပါယ်သိနားလည်ကာ ရွတ်ဆိုပြီး ကလိမဟ်တော်၏ တောင်းဆိုချက်များအတိုင်း လိုက်နာကျင့်သုံးမည်။ မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံမည်။ အီစာ (အလိုင်းဟိစ္စလာမ်)သည် အလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်က ဖြစ်စေဟူသောအမိန့်ဖြင့် ဖန်ဆင်းခဲ့သည့်အတွက် ဖြစ်ပေါ်လာကြောင်းကိုလည်းကောင်း၊ အီစာ (အလိုင်းဟိစ္စလာမ်)သည် အလ္လာဟ်အရှင်မြတ်ဖန်ဆင်းထားသည့် ရူးဟ် ဝိညာဉ်များအနက်မှာ ဝိညာဉ်တော်ဖြစ်ကြောင်းကိုလည်းကောင်း ဝန်ခံထွက်ဆိုမည်။ ထို့ပြင် အီစာ (အလိုင်းဟိစ္စလာမ်)၏ မိခင်သည် ယဟူဒီများ စွပ်စွဲသည့်ကိစ္စမှ ကင်းရှင်းကြောင်းကို လက်ခံယုံကြည်မည်။ ဂျန္နသ်သုခဘုံသည် အမှန်ဖြစ်ကြောင်း၊ ဂျဟန္နမ်ငရဲဘုံသည် အမှန်ဖြစ်ကြောင်းကို သက်ဝင်ယုံကြည်မည်။ ထို့အတူ ၎င်းတို့၏ တည်ရှိမှုနှင့် ၎င်းတို့သည် အရှင်မြတ်၏ နိအ်မသ်စည်းစိမ်နှင့် အရှင်မြတ်၏ အပြစ်ဒဏ်ဖြစ်ကြောင်းကို ယုံကြည်မည်။ ၎င်းနောက် ထိုယုံကြည်ချက်အပေါ်၌ပင် ကွယ်လွန်သေဆုံးခဲ့ပါက ၎င်းသူ၏အမလ်ကျင့်ဆောင်မှုသည် နည်းပါးပြီး အပြစ်အကုသိုလ်များရှိလျှင်လည်း ၎င်းသူပြန်လှည့်ရမည့် နေရာဌာနမှာ ဂျန္နသ်သုခဘုံပင်ဖြစ်သည်။
03

Benefits

အလ္လာဟ်အရှင်မြတ်သည် မရ်ယမ်သခင်မ၏သားတော် အီစာ(အလိုင်းဟိစ္စလာမ်)အား ဖခင်မရှိဘဲ (كُنْ) ဖြစ်စေဟူသော စကားတော်ဖြင့် ဖန်ဆင်းတော်မူခဲ့သည်။
တမန်တော် အီစာနှင့် တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိမာ ဝစလ္လမ်)နှစ်ပါးစလုံးသည် အရှင်မြတ်၏ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကို တွဲ၍ဖော်ပြထားသည်။ ၎င်းတို့သည် ရစူလ်တမန်တော်များဖြစ်သောကြောင့် ငြင်းပယ်ခွင့်မရှိသလို အရှင်မြတ်၏ကျွန်များဖြစ်သည့်အတွက် ခဝပ်ကိုးကွယ်ခွင့်မရှိပါ။
သောင်ဝ်ဟီးဒ်တရားတော်၏ မွန်မြတ်မှုနှင့် ၎င်းသည် အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးကြောင်း ဖော်ပြထားသည်။ သောင်ဝ်ဟီးဒ်တရားကို သက်ဝင်ယုံကြည်သူသည် အပြစ်အကုသိုလ်များရှိနေလျှင်လည်း ၎င်း၏နောက်ဆုံးပြန်လှည့်ရာ နေရာဌာနမှာ ဂျန္နသ်သုခဘုံဖြစ်သည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...