افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65034[حسن]
HadeethEnc · 1.34.0

အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်နှင့်ဂျဟန္နမ်ကို ဖန်ဆင်းတော်မူပြီးနောက် ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)အား ဂျန္နသ်သို့စေလွှတ်တော်မူခဲ့သည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်နှင့်ဂျဟန္နမ်ကို ဖန်ဆင်းတော်မူပြီးနောက် ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)အား ဂျန္နသ်သို့စေလွှတ်တော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်က မိန့်တော်မူသည်မှာ အသင်သည် ဂျန္နသ်သုခဘုံနှင့် ၎င်းထဲ၌ သုခဘုံသားတို့အတွက် ပြင်ဆင်ထားသောအရာများကို ကြည့်ရှုလော့။ သို့ဖြစ်၍ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ၎င်းတို့အားကြည့်ရှုပြီး ပြန်လာခဲ့သည်။ ထို့နောက် ၎င်းက လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ မည်သူမဆို ထိုဂျန္နသ်သုခဘုံအကြောင်း ကြားသိခဲ့ပါက မုချဝင်ရောက်မည်ပင်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ၎င်းဂျန္နသ်အား မနှစ်မြို့ဖွယ်ရာများနှင့် ဝန်းရံထားရန် အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်က အသင်ဂျန္နသ်သို့သွားရောက်၍ ဂျန္နသ်သုခဘုံနှင့် ၎င်းထဲ၌ သုခဘုံသားတို့အတွက် ပြင်ဆင်ထားသောအရာများကို ကြည့်ရှုလော့ဟု မိန့်ကြားတော်မူသည်။ ထိုအခါဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)က ဂျန္နသ်သုခဘုံကို ကြည့်ရှုရာ မနှစ်မြို့ဖွယ်ရာများဖြင့် ဝန်းရံခြင်းခံထားရသည်ကို မြင်တွေ့ခဲ့သည်။ ထိုအခါ ၎င်းက လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ထိုဂျန္နသ်အားမည်သူမျှပင် မဝင်ရောက်နိုင်တော့မည်ကို ကျွန်တော်မျိုး စိုးရိမ်မိပါသည်။ ထို့နောက် အရှင်မြတ်ကမိန့်တော်မူသည်မှာ အသင်သည် ဂျဟန္နမ် ငရဲဘုံနှင့် ၎င်းထဲ၌ ငရဲသားတို့အဖို့ ပြင်ဆင်ထားသောအရာများကို သွားရောက်ကြည့်ရှုလော့။ ထိုအခါ ဂျိဗ်ရီလ် (عَلَيْهِ السَّلَامُ)သည် ဂျဟန္နမ်ငရဲဘုံကို ကြည့်ရှု့ခဲ့ရာ ၎င်းမှမီးတောက်မီးလျှံများ လွင့်ဖြာထွက်နေသည်ကို မြင်တွေ့ခဲ့သည်။ ထို့နောက်ဂျိဗ်ရီလ်(عَلَيْهِ السَّلَامُ)ကပြန်လာ၍ လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ပြောဆိုပါသည်။ ထိုဂျဟန္နမ်ငရဲဘုံအား မည်သူမျှ ဝင်ရောက်လိမ့်မည်မဟုတ်ပါ။ ထိုအခါအလ္လာဟ်အရှင်မြတ်က ၎င်းဂျဟန္နမ်အား စိတ်အလိုရမ္မက်များဖြင့် ဝန်းရံထားရန်အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက်အလ္လာဟ်အရှင်မြတ်က အသင်ဂျဟန္နမ်အား ပြန်သွားကြည့်လော့ဟုမိန့်တော်မူသည်။ထိုအခါ ဂျိဗ်ရီလ်(عَلَيْهِ السَّلَامُ)က ဂျဟန္နမ်ကိုကြည့်ရှုခဲ့ရာ ၎င်းသည် စိတ်အလိုရမ္မက်များဖြင့် ဝန်းရံခြင်းခံထားရသည်ကို တွေ့ရှိခဲ့သည်။ ထို့နောက်ပြန်လာ၍ လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ဂျဟန္နမ်မှ မည်သူမျှ မလွတ်မြောက်နိုင်ဘဲ ဝင်ရောက်ကြမည်ကို ကျွန်တော်မျိုးစိုးရိမ်မိပါသည်။
02

Explanation

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်နှင့် ဂျဟန္နမ်ကို ဖန်ဆင်းတော်မူပြီးနောက် ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)အား သင်သည် ဂျန္နသ်သို့သွားရောက် ကြည့်ရှုလော့ဟု မိန့်ကြားတော်မူခဲ့သည်။ သို့ဖြစ်၍ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ဂျန္နသ်အားသွားရောက်ကြည့်ရှုကာ ပြန်လာခဲ့သည်။ ၎င်းနောက် အရှင်မြတ်အား လျှောက်ထားသည်မှာ အရှင်မြတ်၏ ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ တစ်စုံတစ်ယောက်သည် ဂျန္နသ်၌ရှိသော စည်းစိမ်များ၊ မွန်မြတ်မှုများနှင့် ကောင်းခြင်းများကို ကြားသိခဲ့ပါက မုချဝင်ရောက်လိုမည်ဖြစ်ပြီး ဂျန္နသ်ရရှိရန် ကျင့်ကြံအားထုတ်မည်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ၎င်းဂျန္နသ်အား စိတ်မနှစ်မြို့ဖွယ်ရာများ၊ အမိန့်နာခံခြင်းနှင့် တားမြစ်ချက်များမှ ရှောင်ကြဉ်ခြင်းကဲ့သို့ ခက်ခဲသည့် ကျင့်ဆောင်မှုများဖြင့် ဝန်းရံတော်မူခဲ့သည်။ သို့ဖြစ်၍ ဂျန္နသ်သို့ ဝင်ရောက်လိုသူတိုင်းသည် ထိုစိတ်မနှစ်မြို့ဖွယ်ရာများကို ဖြတ်ကျော်ရမည်သာဖြစ်သည်။ အရှင်မြတ်က ဂျန္နသ်အား မနှစ်မြို့ဖွယ်ရာများဖြင့် ဝန်းရံတော်မူပြီးနောက် အို- ဂျစ်ဗ်ရီလ် အသင်ဂျန္နသ်သို့သွားရောက် ကြည့်ရှုလော့ဟု မိန့်ကြားတော်မူသည်။ ထိုအခါ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ဂျန္နသ်အားသွားရောက်ကြည့်ရှုကာ ပြန်လာခဲ့သည် ၎င်းနောက် အရှင်မြတ်အား လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ဂျန္နသ်သွားမည့် လမ်းတွင်ရှိသော ခက်ခဲပင်ပန်းမှုများကြောင့် ဂျန္နသ်အားမည်သူမျှပင် မဝင်ရောက်နိုင်တော့မည်ကို ကျွန်တော်မျိုး စိုးရိမ်မိပါသည်။ ၎င်းနောက် အရှင်မြတ်သည် ဂျဟန္နမ်ကို ဖန်ဆင်းတော်မူပြီးနောက် အို- ဂျစ်ဗ်ရီလ် သင်သည် ဂျဟန္နမ်သို့သွားရောက် ကြည့်ရှုလော့ဟု မိန့်ကြားတော်မူခဲ့သည်။ သို့ဖြစ်၍ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ဂျဟန္နမ်အား သွားရောက်ကြည့်ရှုကာ ပြန်လာခဲ့သည်။ ၎င်းနောက် အရှင်မြတ်အား လျှောက်ထားသည်မှာ အရှင်မြတ်၏ ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ တစ်စုံတစ်ယောက်သည် ဂျဟန္နမ်ငရဲဘုံ၌ရှိသော အဇာဗ်ပြစ်ဒဏ်များ၊ ဆင်းရဲဒုက္ခများကို ကြားသိခဲ့ပါက လုံးဝဝင်ရောက်လိုမည် မဟုတ်ဘဲ ဂျဟန္နမ်သို့ ကျရောက်စေမည့် အကြောင်းခံများနှင့် ဝေးဝေးနေမည်ပင်ဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် စိတ်အလိုရမ္မက်များ၊ အရသာခံစားမှုများကို ဂျဟန္နမ်သို့ရောက်ရှိမည့် လမ်းအဖြစ် ပြုလုပ်ရန် အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက် အို- ဂျစ်ဗ်ရီလ် အသင်ဂျဟန္နမ်သို့သွားရောက် ကြည့်ရှုလော့ဟု မိန့်ကြားတော်မူသည်။ ထိုအခါ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ဂျဟန္နမ်အား သွားရောက်ကြည့်ရှုကာ ပြန်လာခဲ့သည်။ ၎င်းနောက် အရှင်မြတ်အား လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ဂျဟန္နမ်၏ ပတ်လည်တွင်ရှိသော စိတ်အလိုရမ္မက်များ၊ အရသာခံစားမှုများကြောင့် ဂျဟန္နမ်မှ မည်သူမျှ မလွတ်မြောက်မည်ကို ကျွန်တော်မျိုးစိုးရိမ်မိပါသည်။
03

Benefits

ဂျန္နသ်နှင့် ဂျဟန္နမ်သည် ယခုတည်ရှိနေကြောင်း အီမာန်သက်ဝင်ယုံကြည်ရမည်။
အကွယ်ကို အီမာန်သက်ဝင်ယုံကြည်ရန်နှင့် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားထားသည့် အရာတိုင်းကို အီမာန်သက်ဝင်ယုံကြည်ရန် တာဝန်ရှိသည်။
မနှစ်မြို့ဖွယ်ရာများကို သည်းခံရမည်။အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဂျန္နသ်သို့ပို့ဆောင်ပေးမည့် လမ်းပင်ဖြစ်သည်။
တားမြစ်ထားသည့်အရာများမှ ရှောင်ကြဉ်ရမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဂျဟန္နမ်သို့ ပို့ဆောင်ပေးမည့်လမ်းပင်ဖြစ်သည်။
ဂျန္နသ်သုခဘုံအား မနှစ်မြို့ဖွယ်ရာများဖြင့် ဝန်းရံထားပြီး၊ ဂျဟန္နမ်ငရဲဘုံအား စိတ်အလိုရမ္မက်များဖြင့် ဝန်းရံထားသည်။ ဤသည် လောကီဘဝသက်တမ်းတွင် စမ်းသပ်မှုပင်ဖြစ်သည်။
ဂျန္နသ်သို့သွားရာလမ်းသည် ခက်ခဲကြမ်းတမ်းပြီး အီမာန်ယုံကြည်မှုနှင့်အတူ သည်းခံခြင်းတရားလက်ကိုင်းထားရန် လိုအပ်သည်။ ဂျဟန္နမ်သို့သွားရာလမ်းသည် စိတ်အလိုရမ္မက်များ၊ လောကီစည်းစိမ်ချမ်းသားများဖြင့် ပြည့်နှက်နေသည်။

Attribution

[رواه أبو داود والترمذي والنسائي]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...