အသင်တို့သည် ကွယ်လွန်သူများကို ဆဲဆိုမကောင်းပြောခြင်း မပြုကြလေနှင့်။ ဧကန်အမှန်ပင် ၎င်းတို့သည် သူတို့ကြိုတင်ပို့ထားသည့် အရာများဆီသို့ ရောက်သွားကြပြီဖြစ်သည်။
Choose an available translation of this Hadeeth
Hadeeth text
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ အသင်တို့သည် ကွယ်လွန်သူများကို ဆဲဆိုမကောင်းပြောခြင်း မပြုကြလေနှင့်။ ဧကန်အမှန်ပင် ၎င်းတို့သည် သူတို့ကြိုတင်ပို့ထားသည့် အရာများဆီသို့ ရောက်သွားကြပြီဖြစ်သည်။
Explanation
Benefits
ကွယ်လွန်သူများကို ဆဲဆိုမကောင်းပြောဆိုခြင်းကို တားမြစ်ထားခြင်းသည် အသက်ရှင်နေသူများ၏အကျိုးကို ငဲ့ညာခြင်း၊ လူအဖွဲ့အစည်းအတွင်း၌ ရန်လိုမှု၊ မုန်းတီမှုများ မဖြစ်ပါ်စေရန်အတွက်ဖြစ်သည်။
ကွယ်လွန်သူများကို ဆဲဆိုမကောင်းပြောခြင်းကို တားမြစ်ရသည့် ဟိက်မသ် အမြော်အမြင်တစ်ခုမှာ ၎င်းတို့သည် သူတို့ကြိုတင်ပို့ထားသည့် အကောင်း သို့မဟုတ် အဆိုး ဆီသို့ရောက်ရှိသွားပြီဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့အား ဆဲဆိုမကောင်းပြောခြင်းသည် မည်သို့မျှအကျိုးမရှိပေ။ ထို့ပြင် ဤသို့ပြောဆိုခြင်းသည် ကွယ်လွန်သူ၏ အသက်ရှင်ကျန်ရစ်သော ဆွေမျိုးသားချင်းတို့ကိုသာ ထိခိုက်နာကျင်စေသည်။
လူသည် အကျိုးမရှိသော စကားမျိုးကိုမပြောဆိုသင့်ပေ။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

