افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#4849[صحيح]
HadeethEnc · 1.34.0

ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်‌တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (ဒုက္ခနှင့် ကြုံတွေ့ရချိန်)အော်ဟစ်ငိုကြွေးသည့် အမျိုးသမီး၊ ဆံပင် ရိတ်ပစ်သည့် အမျိုးသမီး၊ အဝတ်ကို ဆုတ်ဖြဲပစ်သည့်အမျိုးသမီးတို့နှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ထုတ်ဖော်တော်မူခဲ့သည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဗုရ်ဒဟ် ဗင်န် အဗူမူဆာ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အဘူမူဆာ (ရဿွိယလ္လာဟုအန်ဟု) သည် အလွန်အမင်း နာမကျန်းဖြစ်ခဲ့ကာ၊ သတိမေ့မြောသွားပြီး သူ၏ခေါင်းသည် မိသားစုဝင် အမျိုးသမီးတစ်ဦး၏ ရင်ခွင်၌ ရှိနေခဲ့သည်။ (ထိုအမျိုးသမီးက အော်ဟစ်ငိုကြွေးလေရာ) အဘူမူဆာ (ရဿွိယလ္လာဟုအန်ဟု) သည် သူမအားမည်သို့မျှ တားမြစ်နိုင်စွမ်းမရှိခဲ့ပေ။ ၎င်းသည် သတိပြန်ရလာသောအခါ ဤသို့ ပြောဆိုခဲ့သည် - "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်‌တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိနှင့် မသက်ဆိုင်ကြောင်း ထုတ်ဖော်ခဲ့သူနှင့် ကျွန်ုပ်နှင့်လည်း မည်သို့မျှမသက်ဆိုင်ပါ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်‌တော်
(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (ဒုက္ခနှင့် ကြုံတွေ့ရချိန်)အော်ဟစ်ငိုကြွေးသည့် အမျိုးသမီး၊ ဆံပင် ရိတ်ပစ်သည့် အမျိုးသမီး၊ အဝတ်ကို ဆုတ်ဖြဲပစ်သည့်အမျိုးသမီးတို့နှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ထုတ်ဖော်တော်မူခဲ့သည်။
02

Explanation

အဘူဗူရ်ဒဟ်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြသည်မှာ ၎င်း၏ဖခင် အဘူမူဆာ(ရဿွိယလ္လာဟုအန်ဟု) သည် အလွန်အမင်း နာမကျန်းဖြစ်ခဲ့ကာ၊ သတိမေ့မြောသွားပြီး သူ၏ခေါင်းသည် မိသားစုဝင် အမျိုးသမီးတစ်ဦး၏ ရင်ခွင်၌ ရှိနေခဲ့သည်။ ထိုအမျိုးသမီးသည် (သူ့ရောဂါအခြေအနေကို မြင်သောအခါ) အော်ဟစ်ငိုကြွေးကာ ပူဆွေးမြည်တမ်းလေသည်။ သူသည် သတိမေ့နေသောကြောင့် သူမအားမည်သို့မျှ တားမြစ်နိုင်စွမ်းမရှိခဲ့ပေ။ ၎င်းသည် သတိပြန်ရလာသောအခါ ဤသို့ ပြောဆိုခဲ့သည် - "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်‌တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိနှင့် မသက်ဆိုင်ကြောင်း ထုတ်ဖော်ခဲ့သူနှင့် မိမိနှင့်လည်း မည်သို့မျှမသက်ဆိုင်ပါ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်‌တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် - ၁။ ဆွာလိကဟ် - ဘေးဒုက္ခကျရောက်ချိန်တွင် အော်ဟစ်ငိုကြွေးတတ်သော အမျိုးသမီး။ ၂။ ဟာလိကဟ် - ဘေးဒုက္ခကျရောက်ချိန်တွင် ဆံပင်ကို ရိတ်ပစ်တတ်သော အမျိုးသမီး။ ၃။ ရှာက္ကာဟ် - ဘေးဒုက္ခကျရောက်ချိန်တွင် အဝတ်ကို ဆုတ်ဖြဲတတ်သော အမျိုးသမီးတို့နှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ထုတ်ဖော်တော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယင်းအပြုအမူများသည် ဂျာဟိလီယသ်(အမှောင်)ခေတ်၏ ဓလေ့များဖြစ်သောကြောင့် ဖြစ်သည်။ စင်စစ် ဘေးဒုက္ခများ ကျရောက်ချိန်တွင် သည်းခံမျိုသိပ်ပြီး အလ္လာဟ်အရှင်မြတ်ထံတော်၌ အကျိုးခံစားခွင့်ကို မျှော်ကိုးရန် အမိန့်ပေးတော်မူထားသည်။
03

Benefits

၁။ ဘေးဒုက္ခ ကျရောက်ချိန်တွင် အဝတ်ကို ဆွဲဆုတ်ဖြဲခြင်း၊ ဆံပင်ကို ရိတ်ပစ်ခြင်း၊ အော်ဟစ် ငိုကြွေးခြင်းများ ပြုလုပ်ခြင်းတို့ကို တားမြစ်ထားပြီး ယင်းတို့သည် ကြီးလေးသော အပြစ်ကြီးများတွင် အပါအဝင် ဖြစ်သည်။
၂။ ဝမ်းနည်းပူဆွေးခြင်းနှင့် ငိုကြွေးခြင်းသည် မြည်တမ်းခြင်းနှင့် အသံကျယ်လောင်စွာအော်ဟစ်ခြင်း မပါရှိပါက တားမြစ်ထားခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ စီရင်ချက်အပေါ် သည်းခံမျိုသိပ်ခြင်းနှင့် ဆန့်ကျင်မှု မရှိသည့်အပြင်၊ ၎င်းသည် အမှန်တကယ်တွင် ကရုဏာစိတ် ပေါ်လွင်ခြင်းသာ ဖြစ်သည်။
၃။ အလ္လာဟ်အရှင်မြတ်၏ နာကျင်ဖွယ် သက္ကဒီရ်စီရင်သတ်မှတ်ချက်များအပေါ် နှုတ်အားဖြင့်ဖြစ်စေ၊ လုပ်ရပ်အားဖြင့်ဖြစ်စေ မကျေမနပ်ဖြစ်ခြင်းသည် ဟရာမ် (တားမြစ်) သည်။
၄။ ဘေးဒုက္ခ ကျရောက်ချိန်တွင် သည်းခံမျိုသိပ်ရန် အရေးကြီးသည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...