HadeethEnc · 1.35.0
အလ္လာဟ်အရှင်မြတ်သည် တစ်ဦးတစ်ယောက်အား ကောင်းစေလိုလျှင် ထိုသူ့အား စမ်းသပ်ရန် အလို့ငှာ ဘေးဒုက္ခများ သက်ရောက်စေတော်မူသည်။
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် တစ်ဦးတစ်ယောက်အား ကောင်းစေလိုလျှင် ထိုသူ့အား စမ်းသပ်ရန် အလို့ငှာ ဘေးဒုက္ခများ သက်ရောက်စေတော်မူသည်။
02
Explanation
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ မုအ်မင်န်သက်ဝင်ယုံကြည်သူကျေးကျွန်များအနက်မှ တစ်ဦးဦးအား ကောင်းစေလိုလျှင် ၎င်းတို့၏ အသက်ခန္ဓာများ၊ ဥစ္စာပစ္စည်းများ၊ သားသမီးများနှင့် ပတ်သက်၍ စမ်းသပ်တော်မူသည်။ ထိုသို့စမ်းသပ်ခြင်း၌ မုအ်မင်န်တစ်ဦးအတွက် ဒုအာဆုတောင်းမှုဖြင့် အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံမှုတောင်းခြင်း၊ အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးခြင်း၊ အဆင့်အတန်းများ မြင့်မားခြင်းတို့ရှိသည်။
03
Benefits
ဧကန်မလွဲ မုအ်မင်န် သက်ဝင်ယုံကြည်သူသည် ဘေးဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ရမည်။
ဘေးဒုက္ခ၊စမ်းသပ်မှုများသည် တစ်ခါတစ်ရံတွင် အလ္လာဟ်အရှင်မြတ်က မိမိကျွန်အားချစ်ခင်နှစ်သက်သည့် လက္ခဏာတစ်ရပ်ဖြစ်ပြီး ၎င်း၏ အဆင့်အတန်းကို မြင့်မားစေရန်၊ ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန်နှင့် ၎င်း၏အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးရန် အတွက်ဖြစ်သည်။
ဘေးဒုက္ခကြုံသည့်အခါ စိတ်ရှည်သည်းခံရန်နှင့် စိတ်ဂဏာမငြိမ် မဖြစ်စေရန် တိုက်တွန်းထားသည်။

Attribution
[رواه البخاري]
Categories
Share
Share hadeeth
Sharing options
4Views0Cards0Shares