افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#3409[صحيح]
HadeethEnc · 1.34.0

အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ သင့်အား အ‌ကြောင်းခံ၍ လူတစ်ဦးတစ်ယောက်ကို အလ္လာဟ်အရှင်မြတ်က လမ်းမှန်ချီးမြှင့်ခဲ့ခြင်းသည် သင့်အတွက် အနီရောင်ကုလားအုတ်များရသည်ထက်ပင် ပို၍မြင့်မြတ် ကောင်းမွန်လှပေသည်" ဟု မိန့်ကြားတော်မူခဲ့သည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

စဟ်လ် ဗင်န် စအ်ဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ခိုင်ဗရ်စစ်ပွဲဖြစ်သည့်နေ့တွင် မိန့်ကြားတော်မူခဲ့သည်။ ဧကန်အမှန်ပင် ငါကိုယ်‌တော်သည် ဤအလံကို မနက်ဖြန်၌ အကြင်သူအား အပ်နှင်းတော်မူမည်။ ထိုသူ၏ လက်ပေါ်၌ အလ္လာဟ်အရှင်မြတ် အောင်နိုင်မှုကို ချီးမြှင့်တော်မူပေမည်။ ထိုသူသည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏တမန်တော်ကို ချစ်မြတ်နိုးပြီး အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏တမန်တော်ကလည်း သူ့အား ချစ်မြတ်နိုးတော်မူကြ၏" ဟု မိန့်ကြားတော်မူခဲ့သည်။ စဟ်လ် ( ရဿွိယလ္လာဟု အန်ဟုက ) ဆက်လက်ပြောကြားခဲ့သည်မှာ- ထိုအခါ လူတို့သည် ညအချိန်ကို မိမိတို့အနက်မှ မည်သူက အလံတော်ကို ချီးမြှင့်ခံရမည်နည်းဟု ဆွေးနွေးငြင်းခုံကာ ကုန်လွန်စေခဲ့ကြသည်။ နံနက်မိုးသောက်သောအခါ လူတို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်)ထံတော်သို့ ရောက်ရှိလာကြပြီး၊ ၎င်းတို့အားလုံးမှာ ကိုယ်စီကိုယ်စီ အလံကို ချီးမြှင့်ခံရမည်ဟု မျှော်လင့်ချက်ထားရှိကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်) က "အလီ ဗင်န် အဘီသွာလိဗ် မည်သည့်နေရာတွင်ရှိသနည်း" ဟု မေးမြန်းတော်မူသည်။ လူတို့က "အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ သူသည် မျက်စိနာကျင်နေပါသည်" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်) က "သူ့ထံ စေလွှတ်ကြလော့ ( လူလွှတ်၍ သူ့ကိုခေါ်ယူလာကြလော့)" ဟု မိန့်ကြားတော်မူသည်။ သို့ဖြစ်၍ သူ့အား ခေါ်ယူလာခဲ့ကြသည်။ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်) သည် သူ၏မျက်စိနှစ်ဖက်ပေါ်သို့ တံတွေးဖြင့် လိမ်းကျံပေးတော်မူပြီး သူ့အတွက် ဒုအာပြုပေးတော်မူသည်။ ထိုအခါ သူသည် မျက်စိမနာခဲ့သကဲ့သို့ ပကတိအတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့သည်။ ထို့နောက် တမန်တော်မြတ်သည် သူ့အား အလံကို ပေးအပ်တော်မူသည်။ ထိုအခါ အလီ (ရဿွိယလ္လာဟုအန်ဟု) က "အို- အလ္လာဟ်၏ တမန်တော်၊ သူတို့သည် ကျွန်ုပ်တို့ကဲ့သို့ (မွတ်စ်လင်မ်များ) ဖြစ်သွားသည်အထိ ကျွန်ုပ် သူတို့အား တိုက်ခိုက်ရပါမည်လော" ဟု လျှောက်ထားမေးမြန်းသည်။ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်)က " အသင် သူတို့၏ နယ်မြေအတွင်းသို့ ဆိုက်ရောက်သည်အထိ ငြိမ်းချမ်းစွာဖြင့်သွားလော့။ ထို့နောက် သူတို့အား အစ္စလာမ့်လမ်းစဉ်သို့ ဖိတ်ခေါ်လော့။ ထိုမှတစ်ဆင့် သူတို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ တာဝန်ကျေရမည့် အရေးကိစ္စများကို သူတို့အား အသိပေးတင်ပြလော့။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ သင့်အား အ‌ကြောင်းခံ၍ လူတစ်ဦးတစ်ယောက်ကို အလ္လာဟ်အရှင်မြတ်က လမ်းမှန်ချီးမြှင့်ခဲ့ခြင်းသည် သင့်အတွက် အနီရောင်ကုလားအုတ်များရသည်ထက်ပင် ပို၍မြင့်မြတ် ကောင်းမွန်လှပေသည်" ဟု မိန့်ကြားတော်မူခဲ့သည်။
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကမွတ်စ်လင်မ်တို့သည် နောက်တစ်နေ့တွင် ခိုင်ဗရ်ရှိ ယဟူဒီများအား အောင်နိုင်မည်ဖြစ်ကြောင်းကို အသိပေးမိန့်ကြားတော်မူခဲ့၏။ ထိုအောင်မြင်မှုသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် ) အလံတော်ကို လွှဲအပ်မည့် ပုဂ္ဂိုလ်တစ်ဦး၏ လက်ပေါ်တွင် ဖြစ်မည်ဖြစ်၏။ အလံဆိုသည်မှာ တပ်မတော်က သင်္ကေတအဖြစ် အသုံးပြုသော အမှတ်အသားတစ်ခုပင်ဖြစ်၏။ အလံတော်ကို ချီးမြှင့်ခံရမည့်သူ၏ ဂုဏ်အရည်အချင်းများအနက်တစ်ခုမှာ- သူသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်အား ချစ်မြတ်နိုးပြီး အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကလည်း သူ့အား ချစ်မြတ်နိုးတော်မူသော ပုဂ္ဂိုလ်ဖြစ်၏။ ထို့ကြောင့် စွဟာဗဟ်များသည် ထိုညတွင် ဤကြီးကျယ်မြင့်မြတ်သောဂုဏ်သိက္ခာကို ရရှိမည့်သူ မည်သူဖြစ်မည်ကို စိတ်ဝင်စားစွာဖြင့် ဆွေးနွေးငြင်းခုံရင်း မိမိတို့၏ညကို ကုန်လွန်စေခဲ့ကြ၏။ နံနက်အချိန်ရောက်သောအခါ ၎င်းတို့အားလုံးသည် ဤဂုဏ်သိက္ခာကို ရရှိရန် မျှော်လင့်ဆန္ဒပြုလျက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ သွားရောက်ခဲ့ကြ၏။

ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အလီ(ရဿွိယလ္လာဟုအန်ဟု)အ
ကြောင်းကို မေးမြန်းတော်မူခဲ့၏။

လူတို့က “ ၎င်းသည် မျက်စိနှစ်ဖက်တွင် နာကျင်မှုကို ခံစားနေရပါသည်” ဟု ပြောကြားခဲ့ကြ၏။

ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အလီ(ရဿွိယလ္လာဟုအန်ဟု)အား လူလွှတ်၍ ခေါ်ခိုင်းတော်မူခဲ့ရာ သူ့အား ခေါ်ဆောင်လာခဲ့ကြ၏။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် မိမိ၏ မြင့်မြတ်သော(ဗရ်ကသ်မင်္ဂလာဖြင့် ပြည့်စုံသော) တံတွေးဖြင့် အလီ(ရဿွိယလ္လာဟုအန်ဟု)၏ မျက်လုံးနှစ်ဘက်ကို စွတ်ပေးတော်မူပြီး သူ့အတွက် ဒုအာတောင်းပေးတော်မူခဲ့၏။ ထိုအခါ သူသည် ရောဂါပျောက်ကင်းသွားပြီး ယခင်က မည်သည့်နာကျင်မှုမျှ မရှိခဲ့သကဲ့သို့ ဖြစ်သွား၏။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် သူ့အား အလံတော်ကို လွှဲအပ်တော်မူခဲ့၏။ ရန်သူ၏ ခံတပ်အနီးသို့ ချဉ်းကပ်သည်အထိ သိမ်မွေ့စွာ ချီတက်သွားရန် အမိန့်ပေးတော်မူခဲ့၏။ ထို့နောက် ၎င်းတို့အား အစ္စလာမ့်ဘက်သို့ ဝင်ရောက်ရန် ဖိတ်ခေါ်ရမည်ဖြစ်ကြောင်း၊ အကယ်၍ ၎င်းတို့က လက်ခံပါက ၎င်းတို့အပေါ်တွင် မဖြစ်မနေပြုလုပ်ရမည့် တာဝန်ဝတ္တရားများကို အသိပေးတင်ပြရမည်ဖြစ်ကြောင်း ညွှန်ကြားတော်မူခဲ့၏။

ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အလီ(ရဿွိယလ္လာဟုအန်ဟု)အား အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်ဘက်သို့ ဖိတ်ခေါ်ခြင်း၏ အကျိုးကျေးဇူးကို ရှင်းလင်းမိန့်ကြားတော်မူခဲ့၏။ ထို့ပြင် ဒါအီဖိတ်ခေါ်သူတစ်ဦးသည် လူတစ်ဦးတစ်ယောက် ဟိဒါယသ် (ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်ကို) ရရှိခဲ့ခြင်း၏ အကြောင်းခံဖြစ်ခဲ့လျှင် ဤသည် ၎င်းအဖို့ အာရပ်လူမျိုးတို့၏ အဖိုးထိုက်
တန်ဆုံး ပစ္စည်းဥစ္စာဖြစ်သော အနီရောင်ကုလားအုပ်များကို ပိုင်ဆိုင်ခြင်း သို့မဟုတ် လှူဒါန်းခြင်းထက်ပင် သာလွန်ကောင်းမြတ်သည်ဟု မိန့်ကြားခဲ့သည်။
03

Benefits

အလီ ဗင်န် အဘီသွာလိဗ် (ရဿွိယလ္လာဟုအန်ဟု) ၏ မွန်မြတ်မှုနှင့် အလ္လာအရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်က ၎င်းအား ချစ်ခင်နှစ်သက်တော်မူကြောင်း၊ ၎င်းကလည်း အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်အား ချစ်ခင်နှစ်သက်မြတ်နိုးကြောင်း ၎င်းနှင့်ပတ်သတ်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ သက်သေခံချက်။
စွဟာဗဟ်များ၏ ကောင်းမှုကုသိုလ်များအပေါ် အလွန်အလေးထားအားထုတ်ခြင်းနှင့် ၎င်းကောင်းမှုကုသိုလ်များပြုလုပ်ရာတွင် အပြိုင်အဆိုင်အားထုတ်ခြင်း။
စစ်မက်တိုက်ခိုက်ရာတွင် ကျင့်ဝတ်နှင့်အညီ ပြုမူခြင်း၊ မတည်ငြိမ်သော အပြုအမူများနှင့် မလိုအပ်သော ဆူညံသံများကို ရှောင်ကြဉ်ရန် တရားတော်၌ သတ်မှတ်ပြဌာန်းထားသည်။
တမန်တော်မြတ်၏ နဗီဖြစ်ခြင်းရဲ့ သက်သေလက္ခဏာတော်များထဲမှတစ်ခုမှာ ယဟူဒီများအပေါ် အောင်နိုင်မည်ဟု အသိပေးမိန့်ကြားခြင်းနှင့် အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်ဖြင့် ကိုယ် တော်၏ လက်ပေါ်၌ အလီ(ရဿွိယလ္လာဟုအန်ဟု)၏ မျက်စိနာကျင်မှုမှာ သက်သာပျောက်ကင်းသွားခြင်းတို့ ဖြစ်သည်။
ဂျိဟာဒ်၏ အဓိကရည်ရွယ်ချက်မှာ လူသားများ အစ္စလာမ်သာသနာတော်အတွင်း ဝင်ရောက်လာစေရန် ဖြစ်သည်။
ဒအ်ဝသ်လုပ်ငန်းစဉ်ကိုအဆင့်ဆင့်လုပ်ဆောင်ရမည်။ ပထမဦးစွာ ကာဖိရ်အား ရှဟာဒသိုင်းန် ( သက်သေခံခြင်းနှစ်ရပ် ) ရွတ်ဆိုခြင်းဖြင့် အစ္စလာမ့်ဘောင်အတွင်း ဝင်ရောက်ရန် တောင်းဆိုရမည်။ ထို့နောက်မှသာ အစ္စလာမ့်တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် ညွှန်ကြားရမည်။
အစ္စလာမ်သာသနာသို့ဖိတ်ခေါ်ခြင်း၏ အကျိုးကျေးဇူးနှင့် ဖိတ်ခေါ်သူနှင့် ဖိတ်ခေါ်ခံရသူတို့အတွက် ၎င်းတွင် ပါဝင်သော ကောင်းကျိုးများ - ဖိတ်ခေါ်ခံရသူသည် တရားလမ်းမှန်ရရှိနိုင်ပြီး ဖိတ်ခေါ်သူသည် ကြီးမားသော အကျိုးဆုလာဘ်ကို ရရှိသည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...