အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ သင့်အား အကြောင်းခံ၍ လူတစ်ဦးတစ်ယောက်ကို အလ္လာဟ်အရှင်မြတ်က လမ်းမှန်ချီးမြှင့်ခဲ့ခြင်းသည် သင့်အတွက် အနီရောင်ကုလားအုတ်များရသည်ထက်ပင် ပို၍မြင့်မြတ် ကောင်းမွန်လှပေသည်" ဟု မိန့်ကြားတော်မူခဲ့သည်။
စဟ်လ် ဗင်န် စအ်ဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ခိုင်ဗရ်စစ်ပွဲဖြစ်သည့်နေ့တွင် မိန့်ကြားတော်မူခဲ့သည်။ ဧကန်အမှန်ပင် ငါကိုယ်တော်သည် ဤအလံကို မနက်ဖြန်၌ အကြင်သူအား အပ်နှင်းတော်မူမည်။ ထိုသူ၏ လက်ပေါ်၌ အလ္လာဟ်အရှင်မြတ် အောင်နိုင်မ…

