တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အိမ်သာတက်သည့်အခါတိုင်း ကျွန်တော်နှင့် ကျွန်တော် ၏အရွယ်တူ ကလေးတစ်ဦးသည် ရေအိုးတစ်လုံးနှင့် လှံတိုတစ်ချောင်းကို သယ်ဆောင်လျက် လိုက်ပါကြရသည်။ ထို့နောက် တမန်တော်မြတ်သည် ရေဖြင့် သန့်စင်တော်မူလေသည်။
Choose an available translation of this Hadeeth
Hadeeth text
အနတ်စ်ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အိမ်သာတက်သည့်အခါတိုင်း ကျွန်တော်နှင့် ကျွန်တော်
၏အရွယ်တူ ကလေးတစ်ဦးသည် ရေအိုးတစ်လုံးနှင့် လှံတိုတစ်ချောင်းကို သယ်ဆောင်လျက် လိုက်ပါကြရသည်။ ထို့နောက် တမန်တော်မြတ်သည် ရေဖြင့် သန့်စင်တော်မူလေသည်။
Explanation
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏သဘာဝလိုအပ်ချက်ကိစ္စဆောင်ရွက်ရန် ထွက်တော်မူသည့်အခါတိုင်း (အိမ်သာတက်သည့်အခါတိုင်း ) သူကော၊ သူနှင့်အရွယ်တူ အခြားလက်အောက်ငယ်သားကလေးငယ်တစ်ဦးတို့သည် ကိုယ်တော်၏နောက်သို့ လိုက်သွားလေ့ရှိပြီး ၊ ကိုယ်တော့်အတွက် ၎င်းတို့နှစ်ဦးသည် လှံတံဖျားကဲ့သို့ ချွန်ထက်သော ချွန်းပါရှိသည့် တုတ်တစ်ချောင်း၊ ဤတုတ်ကို မြေတွင်စိုက်၍ ၎င်းပေါ်တွင် အဖုံးအကာ တစ်ခုခုကို ချိတ်ဆွဲရန်အတွက်လည်းကောင်း သို့မဟုတ် တမန်တော်မြတ် ဝတ်ပြုရန်အတွက် ရှေ့မှ အကာအရံအဖြစ်( စွသ်ရဟ်) ပြုလုပ်ပေးရန် ဖြစ်ပါသည်။ ထို့ပြင် သားရေဖြင့်ပြုလုပ်ထားပြီး ရေအပြည့်ဖြည့်ထားသော ရေအိုးကလေးတစ်လုံးကို ယူဆောင်သွားပါသည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏သဘာဝလိုအပ်ချက်ကိစ္စမှ ပြီးဆုံးသွားသောအခါ ၎င်းတို့နှစ်ဦးအနက် တစ်ဦးဦးက ထိုရေအိုးငယ်ကို ကိုယ်တော့်အားပေးပြီး ကိုယ်တော်မြတ်သည် ယင်းရေဖြင့် သန့်စင်တော်မူလေသည်။
Benefits
သဘာဝလိုအပ်ချက်ကိုပြုလုပ်ချိန်တွင် ( အပေါ့၊အလေး စွန့်ချိန်တွင် ) အရှက်အင်္ဂါအစိတ်အပိုင်းများကို အခြားသူများ မြင်တွေ့ခြင်းမှ ကာကွယ်ရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် အရှက်အင်္ဂါအစိတ်အပိုင်းများကို ကြည့်ရှုခြင်းသည် ဟရာမ်ဖြစ်သောကြောင့်တည်း။ ထို့ကြောင့် ထိုလှံတိုကို မြေကြီးပေါ်တွင်စိုက်၍ ၎င်း၏အပေါ်တွင် အကာအကွယ်လုပ်ပေးမည့် အဝတ်စကို ချိတ်ဆွဲထားခြင်း ဖြစ်သည်။
သားသမီးများအား အစ္စလာမီအာဒါးဗ် ( အစ္စလာမ့်စည်းကမ်းများနှင့် ကျင့်ဝတ်များ )ကို သင်ကြားပြသခြင်းနှင့် ထိုအစ္စလာမ့်ကျင့်ဝတ်များအတိုင်း ပြုစုပျိုးထောင်ခြင်း၊ သို့မှသာ ၎င်းတို့သည် ထိုအမွေအနှစ်ကို ဆက်ခံနိုင်မည်ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

