အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့ အခင်းကြီးသွားသည့်အခါ ကိဗ်လဟ် (ကအ်ဗဟ်ကျောင်းတော်ရှိရာ)ဘက်သို့ မျက်နှာမမူကြနှင့် ကျောလည်းမပေးကြနှင့် သို့သော် အရှေ့အရပ် သို့မဟုတ် အနောက်အရပ်ဘက်သို့သာ လှည့်ကြပါ။
Choose an available translation of this Hadeeth
Hadeeth text
အဗူအိုင်ယူဗ် အန်စွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့ အခင်းကြီးသွားသည့်အခါ ကိဗ်လဟ် (ကအ်ဗဟ်ကျောင်းတော်ရှိရာ)ဘက်သို့ မျက်နှာမမူကြနှင့် ကျောလည်းမပေးကြနှင့် သို့သော် အရှေ့အရပ် သို့မဟုတ် အနောက်အရပ်ဘက်သို့သာ လှည့်ကြပါ။ အဗူအိုင်ယူဗ် (ရဿွိယလ္လာဟုအန်ဟု)က ပြောကြားခဲ့သည်။ ကျွန်တော်တို့သည် ရှာမ်သို့ ရောက်ရှိခဲ့ကြရာ အိမ်သာများကို ကအ်ဗဟ်ကျောင်းတော်ရှိရာဘက်သို့လှည့်၍ ဆောက်လုပ်ထားသည်ကို တွေ့ခဲ့ကြသည်။ ထို့ကြောင့် ကျွန်တော်တို့သည် (ကအ်ဗဟ်ရှိရာဘက်မှ) အနည်းငယ် တိမ်းစောင်း၍ အိမ်သာတက်ခဲ့ကြသည်။ ၎င်းနောက် ကျွန်တော်တို့သည် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခွင့်လွှတ်ချမ်းသာခွင့် တောင်းခဲ့ကြသည်။
Explanation
Benefits
အိမ်သာမှ ထွက်သည့်အခါ ‘အိစ္စသိဂ်ဖါရ်’ ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံရမည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကောင်းမွန်သည့် သင်ကြားရေး နည်းစနစ်တစ်ခုမှာ ကိုယ်တော်သည် တားမြစ်ချက်တစ်ခုကို မိန့်ကြားသည့်အခါ ပြုပိုင်သည့်နည်းလမ်းကိုလည်း ညွှန်ပြတော်မူသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

