- "ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အတွက်သာ စိတ်စေတနာစင်ကြယ်စွာသီးသန့်ပြုလုပ်ပြီး အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရှာဖွေလိုသောဆန္ဒဖြင့် ပြုမူကျင့်ကြံခဲ့သော အမလ်မှအပ အခြားသော အမလ်များကို လက်ခံတော်မူမည် မဟုတ်ပေ။
အဘူအုမာမဟ် အလ်ဗာဟိလီ ( ရဿွိယလ္လာဟု အန်ဟု ) ဆင့်ပြန်ခဲ့သည်။ လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာပြီး " ကိုယ်တော် ဤသို့သောသူနှင့်ပတ်သတ်၍ အဘယ်သို့ မိန့်ကြားတော်မူပါနည်း။ ထိုသူသည် ဂျိဟာဒ်စစ်ပွဲတွင် အကျိုးဆုလာဘ်နှင့် ကျော်ကြားမှုကို ရှာဖွေ…

