- "ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အတွက်သာ စိတ်စေတနာစင်ကြယ်စွာသီးသန့်ပြုလုပ်ပြီး အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရှာဖွေလိုသောဆန္ဒဖြင့် ပြုမူကျင့်ကြံခဲ့သော အမလ်မှအပ အခြားသော အမလ်များကို လက်ခံတော်မူမည် မဟုတ်ပေ။
Choose an available translation of this Hadeeth
Hadeeth text
အဘူအုမာမဟ် အလ်ဗာဟိလီ ( ရဿွိယလ္လာဟု အန်ဟု ) ဆင့်ပြန်ခဲ့သည်။ လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာပြီး " ကိုယ်တော် ဤသို့သောသူနှင့်ပတ်သတ်၍ အဘယ်သို့ မိန့်ကြားတော်မူပါနည်း။ ထိုသူသည် ဂျိဟာဒ်စစ်ပွဲတွင် အကျိုးဆုလာဘ်နှင့် ကျော်ကြားမှုကို ရှာဖွေလိုသောဆန္ဒဖြင့် ပါဝင်ခဲ့သည်။ ထိုသူ့အဖို့ မည်သည့်အကျိုးဆုလာဘ် ရှိမည်နည်း။"ဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည် - "ထိုသူ့အဖို့ မည်သည့်အရာမျှ ရှိမည်မဟုတ်ပါ။" ထိုသူသည် ဤမေးခွန်းကိုပင် သုံးကြိမ်တိုင်တိုင် ထပ်တူထပ်မျှ ပြန်လည်မေးမြန်းခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ကလည်း အကြိမ်တိုင်းတွင် "သူ့အဖို့ မည်သည့်အရာမျှ ရှိမည်မဟုတ်ပါ" ဟုပင် ဖြေကြားတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - "ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အတွက်သာ စိတ်စေတနာစင်ကြယ်စွာသီးသန့်ပြုလုပ်ပြီး အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရှာဖွေလိုသောဆန္ဒဖြင့် ပြုမူကျင့်ကြံခဲ့သော အမလ်မှအပ အခြားသော အမလ်များကို လက်ခံတော်မူမည် မဟုတ်ပေ။
Explanation
ပြုလုပ်ပြီး အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရှာဖွေလိုသောဆန္ဒဖြင့် ပြုမူကျင့်ကြံခဲ့သော အမလ်မှအပ အခြားသောအမလ်များကို လက်ခံတော်မမူမပေ။ ထို့ပြင် ထိုအမလ်တွင် အလ္လာဟ်အရှင်မြတ်နှင့် အတူ အခြားတစ်စုံတစ်ရာအား ရှိရ်က်ပြုလုပ်ခြင်း(ယှဉ်တွဲကိုးကွယ်ခြင်း) မရှိစေရပါ။
Benefits
အရေးကြီးသော အကြောင်းအရာကို ထပ်ကာတလဲလဲ မေးမြန်းခြင်းဖြင့် ၎င်း၏ လေးနက်မှုကို အတည်ပြုထားခြင်း။
အရေးကြီးသော အကြောင်းအရာကို ထပ်တလဲလဲ မေးမြန်းခြင်းဖြင့် ၎င်း၏ လေးနက်မှုကို အတည်ပြုထားခြင်း။
စစ်မှန်သော မုဂျာဟစ်ဒ်ဆိုသည်မှာ အလ္လာဟ်အရှင်မြတ်၏ ကလိမဟ်တော်သည် အမြင့်မြတ်ဆုံးဖြစ်စေရန်နှင့် အကျိုးဆုလာဘ်နှင့် နောင်တမလွန်အကျိုးမျှော်ကိုးလျက် စိတ်စေတနာစင်ကြယ်စွာဖြင့် ဂျိဟာဒ်ပြုလုပ်သူဖြစ်သည်။ ၎င်း၏ ဂျိဟာဒ်ပြုလုပ်ခြင်းသည် လောကီအကျိုးအတွက် မဖြစ်စေရပေ။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

