افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#4721[صحيح]
HadeethEnc · 1.34.0

အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို အားကိုးထိုက်သည့်အတိုင်း ယုံပုံအားကိုးမည်ဆိုလျှင် နံနက်ခင်းတွင် ဝမ်းဗိုက် ဟောင်းလောင်းဖြင့် ထွက်သွားကြပြီး ညနေတွင် ဝမ်းဗိုက်ပြည့်လျက် ပြန်လာကြသည့် ငှက်များကို အလ္လာဟ်အရှင်မြတ်က ရိုဇီရိက္ခာချီးမြှင့်သကဲ့သို့ သင်တို့အား ရိုဇီရိက္ခာချီးမြှင့်တော်မူမည်ဖြစ်သည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အုမရ်ဗင်န်ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို အားကိုးထိုက်သည့်အတိုင်း ယုံပုံအားကိုးမည်ဆိုလျှင် နံနက်ခင်းတွင် ဝမ်းဗိုက် ဟောင်းလောင်းဖြင့် ထွက်သွားကြပြီး ညနေတွင် ဝမ်းဗိုက်ပြည့်လျက် ပြန်လာကြသည့် ငှက်များကို အလ္လာဟ်အရှင်မြတ်က ရိုဇီရိက္ခာချီးမြှင့်သကဲ့သို့ သင်တို့အား ရိုဇီရိက္ခာချီးမြှင့်တော်မူမည်ဖြစ်သည်။
02

Explanation

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်တို့အား လောကီရေးနှင့် သာသနာရေးကိစ္စများ၌ အကျိုးရှိသောအရာများကို ရယူခြင်းနှင့် ဆိုးကျိုးဖြစ်စေသောအရာများကို ဖယ်ရှားခြင်းတို့တွင် အလ္လာဟ်အရှင်မြတ်အပေါ် အားကိုးအားထားပြုရန် တိုက်တွန်းထားသည်။ အဘယ်ကြောင့်ဆိုသော် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အရှင်မြတ်မှအပ အခြားမည်သူမျှ ပေးကမ်းချီးမြှင့်ခြင်း၊ တားဆီးပိတ်ပင်ခြင်း၊ ဆိုးကျိုးဖြစ်စေခြင်း၊ ကောင်းကျိုးပေးခြင်းတို့ကို မပြုလုပ်နိုင်ပေ။ ထို့ပြင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ် မှန်ကန်စွာယုံကြည်အားကိုး၍ အကျိုးရှိသော အရာများကို ဆောင်ကြဥ်းပေးကာ ဆိုးကျိုးဖြစ်စေသော အရာများကို ဖယ်ရှားပေးမည့် အကြောင်းခံများကိုပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။ ကျွန်ုပ်တို့သည် ထိုအတိုင်းလိုက်နာဆောင်ရွက်နေသရွေ့ နံနက်ခင်းတွင် ဆာလောင်လျက် ထွက်သွားကြကာ ညနေတွင် ဝမ်းဗိုက်အပြည့်ဖြင့် ပြန်လာကြသော ငှက်များကို အလ္လာဟ်အရှင်မြတ်က ရိုဇီရိက္ခာ ချီးမြှင့်သကဲ့သို့ ကျွန်ုပ်တို့ကိုလည်း ရိုဇီရိက္ခာချီးမြှင့်တော်မူမည်ဖြစ်သည်။ ငှက်တို့၏လုပ်ရပ်သည် အကြောင်းခံကိုစွန့်လွှတ်ခြင်း၊ ပျင်းရိခြင်းမရှိဘဲ ရိုဇီရိက္ခာကိုကျိုးစားရှာဖွေသည့် အကြောင်းခံတစ်ခုပင်ဖြစ်သည်။
03

Benefits

‘သဝက္ကုလ်’ ယုံပုံအားကိုးခြင်း၏ ထူးမြတ်မှုနှင့် ၎င်းသည် ရိုဇီရိက္ခာရရှိရန်အတွက် အကြီးမားဆုံး အကြောင်းခံများအနက်မှ တစ်ခုဖြစ်ကြောင်း တင်ပြထားသည်။
အကြောင်းခံများကို ဆောင်ရွက်ခြင်းသည် ‘သဝက္ကုလ်’ ယုံပုံအားကိုးခြင်းနှင့် မဆန့်ကျင်ပေ။ အဘယ့်ကြောင့်ဆိုသော် စစ်မှန်သော ‘သဝက္ကုလ်’ ယုံပုံအားကိုးခြင်းသည် မနက်ခင်းနှင့် ညနေခင်းတို့တွင် ရိုဇီရိက္ခာရှာဖွေရန်အတွက် အပြင်ထွက်ခြင်းနှင့် ဆန့်ကျင်မှုမရှိကြောင်း ကိုယ်တော်မြတ်က အသိပေးထားသည်။
ရှရီအဟ် တရားတော်သည် နှလုံးသား၏ အမလ်ဆောင်ရွက်ချက်များကို အလေးထားသည်။ အဘယ့်ကြောင့်ဆိုသော် သဝက္ကုလ်သည် နှလုံးသား၏ အမလ်တစ်ခုပင်ဖြစ်သည်။
အကြောင်းခံများဖြင့်သာ အဆက်အသွယ်ထားခြင်းသည် သာသနာရေး လျော့နည်းမှုဖြစ်ပြီး၊ အကြောင်းခံများကို စွန့်လွှတ်ခြင်းသည် အသိဉာဏ်ခေါင်းပါးမှုဖြစ်သည်။

Attribution

[رواه الترمذي وابن ماجه وأحمد]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...