افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65014[حسن]
HadeethEnc · 1.34.0

အမလ်ကျင့်ဆောင်မှုသည် ခြောက်မျိုးရှိပြီး လူသည် လေးမျိုးလေးစားရှိသည်။၎င်းတို့မှာ ဝါဂျိဗ်ထိုက်သည့်အရာ နှစ်ခု၊ တစ်ခုအစား ၎င်းနှင့် ညီမျှသည့် တစ်ခုရရှိခြင်း၊ ကောင်းမှုတစ်ခုသည် အကျိုးကုသိုလ်ဆယ်ဆရရှိခြင်းနှင့် ကောင်းမှုတစ်ခုသည် အကျိုးကုသိုလ် အဆခုနှစ်ရာ ရရှိခြင်းတို့ဖြစ်သည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

ခုရိုင်းမ်ဗင်န်ဖာသိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အမလ်ကျင့်ဆောင်မှုသည် ခြောက်မျိုးရှိပြီး လူသည် လေးမျိုးလေးစားရှိသည်။၎င်းတို့မှာ ဝါဂျိဗ်ထိုက်သည့်အရာ နှစ်ခု၊ တစ်ခုအစား ၎င်းနှင့် ညီမျှသည့် တစ်ခုရရှိခြင်း၊ ကောင်းမှုတစ်ခုသည် အကျိုးကုသိုလ်ဆယ်ဆရရှိခြင်းနှင့် ကောင်းမှုတစ်ခုသည် အကျိုးကုသိုလ် အဆခုနှစ်ရာ ရရှိခြင်းတို့ဖြစ်သည်။ ဝါဂျိဗ်ထိုက်သည့်အရာ နှစ်ခုဆိုသည်မှာ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အတူ တစ်စုံတစ်ရာကို ရှိရ်က် ဖက်စပ်ယှဉ်တွဲကိုးကွယ်မှု မပြုဘဲသေဆုံးခဲ့လျှင် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အတူ တစ်စုံတစ်ရာကို ရှိရ်က် ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုပြု၍ သေဆုံးခဲ့လျှင် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်ရမည်။ တစ်ခုအစား ၎င်းနှင့်ညီမျှသည့် တစ်ခုရရှိခြင်းဆိုသည်မှာ မည်သူမဆို မိမိ၏စိတ်နှလုံးသား အတွင်းမှပင် ခံစားမိသည်အထိ ကောင်းမှုပြုလုပ်ရန် ရည်ရွယ်ခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းကို အကြွင်းမဲ့သိရှိတော်မူပြီး ထိုသူ့အတွက် ကောင်းမှုတစ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ မည်သူမဆို မကောင်းမှုတစ်ခုကို လက်တွေ့ကျူးလွန်လိုက်ပါက ထိုသူ့အတွက် မကောင်းမှုတစ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ မည်သူမဆို ကောင်းမှုတစ်ခု ပြုလုပ်ခဲ့ပါက အကျိုးကုသိုလ်ဆယ်ဆရရှိမည်ဖြစ်သည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ သုံးစွဲလှူဒါန်းခဲ့ပါက အကျိုးကုသိုလ် အဆခုနှစ်ရာ ရရှိမည်ဖြစ်သည်။ လူတို့တွင် အချို့သည် လောကီတွင် ကြွယ်ဝပြီး နောင်တမလွန်တွင် ကျပ်တည်းသူများဖြစ်သည်။ အချို့သည် လောကီတွင် ကျပ်တည်းပြီး နောင်တမလွန်တွင် ကြွယ်ဝသူများဖြစ်သည်။ အချို့သည် လောကီနှင့် နောင်တမလွန် နှစ်ဌာနစလုံးတွင် ကျပ်တည်းသူများဖြစ်သည်။ အချို့သည် လောကီနှင့် နောင်တမလွန် နှစ်ဌာနစလုံးတွင် ကြွယ်ဝသူများဖြစ်ကြသည်။
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ အမလ်ကျင့်ဆောင်မှုသည် ခြောက်မျိုးရှိပြီး လူသည် လေးမျိုးလေးစားရှိသည်။ အမလ်ကျင့်ဆောင်မှု ခြောက်မျိုးမှာ-

(၁) အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်အတူ တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်ခြင်းမပြုဘဲ ကွယ်လွန်သေဆုံးခဲ့ပါက ၎င်းသူအတွက် ဂျန္နသ် ဝါဂျိဗ်ဖြစ်သည်။

(၂) အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်အတူ တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်၍ ကွယ်လွန်သေဆုံးခဲ့ပါက ၎င်းသည် ဂျဟန္နမ်တွင်အမြဲနေထိုင်ရန် ဝါဂျိဗ်ဖြစ်သည်။

ထိုနှစ်ချက်သည် ဝါဂျိဗ်ထိုက်သည့်အရာ နှစ်ခုပင်ဖြစ်သည်။

(၃) ရည်စူးချက်ကြောင့် ရရှိသည့်ကုသိုလ်။ လူတစ်ဦးသည် မှန်ကန်သည့် ရည်စူးချက်ဖြင့် ကောင်းမှုပြုလုပ်ရန် ရည်ရွယ်ခဲ့သည်။ ထိုရည်ရွယ်ချက်ကို သူ၏စိတ်နှလုံးသားအတွင်းမှပင် ခံစားသိရှိခဲ့ပြီး အလ္လာဟ်အရှင်မြတ်သည် ၎င်းကို အကြွင်းမဲ့သိရှိတော်မူသည်။ ၎င်းနောက် သူသည်အကြောင်းတစ်စုံတစ်ရာကြောင့် ထိုကောင်းမှုအား မဆောင်ရွက်နိုင်ခဲ့လျှင်လည်း ၎င်းအတွက် ပြည့်စုံသည့်ကောင်းမှုကုသိုလ်တစ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။

(၄) အပြစ်ကျူးလွန်မှုကြောင့်ရရှိသည့် အကုသိုလ်။ လူတစ်ဦးသည် မကောင်းမှုတစ်ခုကို ကျူးလွန်လိုက်ပါက ထိုသူ့အတွက် မကောင်းမှုတစ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။

ထို့ကြောင့် ဤနှစ်မျိုးသည် တိုးသွားခြင်းမရှိဘဲ တစ်ခုအစား ၎င်းနှင့် ညီမျှသည့် တစ်ခုကို ရရှိခြင်းဖြစ်သည်။

(၅) အကျိုးကုသိုလ် ဆယ်ခုနှင့် ညီမျှသည့် ကောင်းမှု။ မည်သူမဆို ကောင်းမှုတစ်ခု ပြုလုပ်ရန် ရည်ရွယ်ပြီး ထိုကောင်းမှုအားပြုလုပ်ခဲ့ပါက ၎င်းသူအတွက် အကျိုးကုသိုလ်ဆယ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။

(၆) အကျိုးကုသိုလ် ခုနစ်ရာနှင့် ညီမျှသည့် ကောင်းမှု။ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ လှူဒါန်းသုံးစွဲမှုတစ်ခုပြုခဲ့ပါက ထိုကောင်းမှုအစား အကျိုးကုသိုလ် ခုနှစ်ရာ ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ ဤသည် အရှင်မြတ်၏ကျေးကျွန်များအပေါ်၌ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ရက်ရောမှုပင်ဖြစ်သည်။

လူလေးမျိုးလေးစား ရှိသည်။ ၎င်းတို့မှာ-

(၁) လောကီတွင် ရိုဇီရိက္ခာပေါများပြီး မိမိအလိုရှိသည့် စည်းစိမ်ချမ်းသာကိုရရှိသူ။ သို့သော် ၎င်းသည်နောင်တမလွန်ဘဝတွင် ကျပ်တည်းသူဖြစ်ပြီး ၎င်း၏ပြန်လှည့်ရာနေရာဌာနသည် ငရဲမီးဖြစ်သည်။ ထိုသူသည် ချမ်းသာသော ကာဖိရ်ပင်ဖြစ်သည်။

(၂) လောကီတွင် ရိုဇီရိက္ခာကျပ်တည်းပြီး နောင်တမလွန်တွင် ကြွယ်ဝသူ။ ၎င်း၏ပြန်လှည့်ရာဌာနသည် ဂျန္နသ်သုခဘုံဖြစ်သည်။ ထိုသူသည် ဆင်းရဲသား မုအ်မင်န်ပင်ဖြစ်သည်။

(၃) လောကီနှင့် နောင်တမလွန် နှစ်ဌာနစလုံးတွင် ကျပ်တည်းသူ။ ထိုသူသည် ဆင်းရဲသား ကာဖိရ်ပင်ဖြစ်သည်။

(၄) လောကီနှင့် နောင်တမလွန် နှစ်ဌာနစလုံးတွင် ကြွယ်ဝသူ။ ထိုသူသည် ချမ်းသာသော မုအ်မင်န်ပင်ဖြစ်သည်။
03

Benefits

ကျေးကျွန်များအပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်သည် အလွန်ပင်ကြီးမားလှသည်။ အရှင်မြတ်သည် ၎င်းတို့အား ကောင်းမှုများအတွက် အကျိုးကုသိုလ်ကို ဆတက်ထမ်းပိုးတိုး၍ ချီးမြှင့်တော်မူသည်။
အလ္လာဟ်အရှင်မြတ်၏ တရားမျှတမှုနှင့် ရက်ရောစွာ ပေးကမ်းချီးမြှင့်မှုတို့ကို ဖော်ပြထားသည်။ အရှင်မြတ်သည် မကောင်းမှု၌ တရားမျှတစွာပင် အရေးယူတော်မူသည်။ ထို့ကြောင့် ကျွန်ုပ်တို့ကျူးလွန်လိုက်သည့် မကောင်းမှုတစ်ခုအစား မကောင်းမှုတစ်ခုသာလျှင် ရေးမှတ်တော်မူသည်။
အလ္လာဟ်အရှင်မြတ်နှင့် ရှိရ်က် ဖက်စပ်ယှဉ်တွဲ ကိုးကွယ်မှုပြုခြင်း၏ အပြစ်သည်အလွန်ကြီးမားပြီး ၎င်းသည် ဂျန္နသ်သုခဘုံကို ဟရာမ်ဖြစ်စေသည်။
အလ္လာဟ်အရှင်မြတ်လမ်းတော်တွင် သုံးစွဲလှူဒါန်းခြင်း၏ထွတ်မြတ်မှုကို ရှင်းပြထားသည်။
အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် သုံးစွဲလှူဒါန်းခြင်းအတွက် အကျိုးကုသိုလ်တိုးပွားမှုသည် အဆပေါင်းခုနှစ်ရာမှစတင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအလှူဒါနသည် အလ္လာဟ်အရှင်မြတ်၏ ကလိမဟ်တော် မြင့်မားစေရန်အထောက်အကူဖြစ်စေသည်။
လူအမျိုးအစားများနှင့် ၎င်းတို့၏ကွဲပြားမှုများကို ရှင်းပြထားသည်။
လောကီ၏ စည်းစိမ်ချမ်းသာသည် မုအ်မင်န် သက်ဝင်ယုံကြည်သူများနှင့် ကာဖိရ် သွေဖည်ငြင်းပယ်သူများအားလုံးအတွက် ဖြစ်သော်လည်း နောင်တမလွန်၏စည်းစိမ်ချမ်းသာသည် မုအ်မင်န် သက်ဝင်ယုံကြည်သူများအတွက်သာ ဖြစ်သည်။

Attribution

[رواه أحمد]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...