တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည် - လူသားတစ်ဦး ကွယ်လွန်သောအခါ (၃) ခုသောအရာမှလွဲ၍ ၎င်း၏အမလ်ကျင့်ဆောင်မှုသည် ၎င်းထံမှ ရပ်တန့်သွားသည်။ (၁) အကျိုးစဝါးဗ်မပြတ်တမ်းရရှိနေသော အလှူဒါန (၂) လူတို့အကျိုးခံစားရသော ပညာ (၃) မိမိအတွက် ဒုအာပြုပေးသော ကောင်းမွန်သည့် သားသမီး ဖြစ်သည်။
Choose an available translation of this Hadeeth
Hadeeth text
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည် - လူသားတစ်ဦး ကွယ်လွန်သောအခါ (၃) ခုသောအရာမှလွဲ၍ ၎င်း၏အမလ်ကျင့်ဆောင်မှုသည် ၎င်းထံမှ ရပ်တန့်သွားသည်။ (၁) အကျိုးစဝါးဗ်မပြတ်တမ်းရရှိနေသော အလှူဒါန (၂) လူတို့အကျိုးခံစားရသော ပညာ (၃) မိမိအတွက် ဒုအာပြုပေးသော ကောင်းမွန်သည့် သားသမီး ဖြစ်သည်။
Explanation
၁။ အကျိုးစဝါးဗ်မပြတ်တမ်းအမြဲတစေရရှိနေမည့်အလှူဒါန - ဥပမာ - ဝကဖ် (မြေ၊ နေရာ၊ ပစ္စည်းစသည်တို့ကို သတ်မှတ်လှူဒါန်းခြင်း) ပြုလုပ်ခြင်း၊ ဗလီဝတ်ကျောင်းတော် တည်ဆောက်ခြင်းနှင့် ရေတွင်းတူးခြင်းစသည်တို့ဖြစ်သည်။
၂။ လူတို့ အကျိုးခံစားရသော ပညာ - ဥပမာ - ပညာရပ်ဆိုင်ရာ စာအုပ်များ ပြုစုရေးသားခြင်းနှင့် တစ်ဦးတစ်ယောက်ကို ပညာတတ်မြောက်အောင် သင်ကြားပေးခြင်းတို့ဖြစ်ပြီး ထိုသူသည် ၎င်းကွယ်လွန်ပြီးနောက်ပိုင်းတွင်လည်း ထိုပညာဖြန့်ဝေရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လေသည်။
၃။ကောင်းမွန်သော အီမာန်ရှင်သားသမီးများသည် မိမိတို့၏ မိဘများအတွက် ဒုအာပြုပေးကြသည်။
Benefits
ဟဒီးစ်တော်တွင် ဤအရာ (၃) ခုကို အထူးဖော်ပြရခြင်း၏ အကြောင်းရင်းမှာ ဤအရာများသည် ကောင်းမှုများ၏ အခြေခံအကြောင်းရင်းများဖြစ်ပြီး၊ ယေဘုယျအားဖြင့် ဂုဏ်သိက္ခာရှိသူများသည် ဤအရာများ မိမိတို့ကွယ်လွန်ပြီးနောက် ဆက်လက်တည်ရှိစေလိုသောကြောင့်ဖြစ်သည်။
စင်စစ် အကျိုးပြုသော ပညာရပ်တိုင်းအတွက် အကျိုး ကျေးဇူးနှင့် ဆုလာဘ်ရှိသည်။ သို့ ရာတွင် ရှရီအသ်တရားတော်ဆိုင်ရာ ပညာရပ်များနှင့် ယင်းကို ရယူဆည်းပူးရာတွင် အထောက်အကူပြုသော ပညာရပ်များသည် ထိုပညာရပ်အားလုံး၏ ထိပ်ဆုံးတွင် ရှိသည်။
ဤအရာ (၃) ခုအနက် အကျိုးအပြုဆုံးအရာမှာ ရှရီအသ်တရားတော်ဆိုင်ရာ အသိပညာပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအသိပညာကို သင်ယူသူသည် ထိုအသိပညာမှ အကျိုးကျေးဇူးရရှိရုံသာမက ရှရီအသ်တရားတော်ကိုလည်း ထိန်းသိမ်းရာရောက်ပြီး အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းခံတို့ကိုလည်း ယေဘုယျအားဖြင့် အကျိုးပြုရာ ရောက်သောကြောင့်ဖြစ်သည်။ ထို့ပြင် ၎င်းသည် ပိုမိုကျယ်ပြန့်ခြင်း၊ ပိုမိုနက်ရှိုင်းခြင်းရှိသည်။ အဘယ်ကြောင့်ဆိုသော် (လူတို့သည်) သင်သက်ရှိထင်ရှားရှိစဉ် သင့်၌ရှိနေသောအသိပညာနှင့် သင်ကွယ်လွန်ပြီးနောက်(ဆက်လက်ကျန်ရစ်သော) သင်၏အသိပညာမှပါ သင်ယူနိုင်သောကြောင့်ဖြစ်သည်။
ဖြောင့်မတ်ကောင်းမွန်သော သားသမီးများ ပြုစုပျိုးထောင်ရန် တိုက်တွန်းထားခြင်း - အဘယ့်ကြောင့်ဆိုသော် ဖြောင့်မတ်ကောင်းမွန်သော သားသမီးသည် မိမိတို့၏ မိဘများအား တမလွန်ဘဝတွင် အကျိုးကျေးဇူးရရှိစေသည်။ ထိုအကျိုးကျေးဇူးရရှိစေခြင်း၏ ပုံစံတစ်ခုမှာ ၎င်းတို့သည် မိမိတို့၏ မိဘများအတွက် ဒုအာတောင်းပေးခြင်းပင်ဖြစ်သည်။
မိဘများ ကွယ်လွန်ပြီးနောက်ပိုင်းတွင်လည်း သူတို့နှင့် ကောင်းမွန်စွာ ဆက်ဆံရန် တိုက်တွန်းထားခြင်း - ဤသည်လည်း သားသမီးများ အကျိုးကျေးဇူးရရှိစေသော မိဘများနှင့် ကောင်းမွန်စွာ ဆက်ဆံခြင်း၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။
ဒုအာ တောင်းပေးခြင်းသည် ကွယ်လွန်သူအတွက် အကျိုးဖြစ်ထွန်းစေပါသည်။ သားသမီးမဟုတ်ဘဲ အခြားသူများမှ ဒုအာပြုပေးခြင်းကလည်း (၎င်းတို့အဖို့) အကျိုးဖြစ်ထွန်းစေပါသည်။ သို့ရာတွင် ဤဟဒီးဆ်တွင် သားသမီးကို အထူးဖော်ပြထားခြင်းမှာ သားသမီးများကသာ မိမိတို့မိဘများအတွက် ၎င်းတို့(သားသမီးများကိုယ်တိုင်) ကွယ်လွန်သေဆုံးသည်အထိ များသောအားဖြင့် ဆက်လက် ဒုအာတောင်းပေးလေ့ရှိသောကြောင့်ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

