Prophetic Hadeeth Encyclopedia
Search and read verified Prophetic hadeeth translations, explanations, benefits, categories and source attribution.
Search the Hadeeth Encyclopedia
Smart instant results tolerate minor spelling mistakes, with every filter in one place.
အဇာန်နှင့် အိကာမသ်။
အကြင်သူသည် မုအဇ္ဇင်န် အဇာန်ပေးသောသူ၏အဇာန်အသံကို ကြားသောအခါ أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، رَضِيتُ بِاللهِ رَبًّا وَبِمُحَمَّدٍ رَسُولًا، وَبِالْإِسْلَامِ دِينًا ကို ရွတ်ဆိုခဲ့ပါက အလ္လာဟ်ရှင်မြတ်သည် သူ၏အကုသိုလ်များကို ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူမည်ဖြစ်သည်။ ဒုအာ၏အဓိပ္ပာယ်မှာ - တစ်ပါးတည်းဖြစ်တော်မူသော၊ ဖက်စပ်ယှဉ်တွဲခြင်းကင်းသော အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခံထိုက်တော်မူသောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့်ရစူလ်တမန်တော်ဖြစ်တော်မူကြောင်းကို ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်အား မွေးမြူဖန်ဆင်း မွေးမြူတော်မူသောအရှင်အဖြစ်၊ တမန်တော်မုဟမ္မဒ်ကို ရစူလ်တမန်တော်အဖြစ်၊ အစ္စလာမ်သာသနာ တော်ကို ဘာသာတရားအဖြစ် ကျွန်တော်မျိုးကျေနပ်နှစ်သက်လက်ခံပါ၏။
စအ်ဒ်ဗင်န်အဗီဝက္ကာစ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်သူသည် မုအဇ္ဇင်န် အဇာန်ပေးသောသူ၏အဇာန်အသံကို ကြားသောအခါ أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَنَّ مُحَمَّدًا عَبْدُهُ…
မုအဇ္ဖင်န် (အဇာန်ပေးသူ) များသည် ကိယာမသ်နေ့၌ လူတို့အနက် လည်ပင်းအရှည်ဆုံးသူများ ဖြစ်ကြလိမ့်မည်။
ဖဂျရ်အဇာန်၌ မုအဇ်ဇင်န်က“ حَيَّ عَلَى الْفَلَاحِ ” (ဟိုင်ယ်ယ အလလ်ဖလာဟ်)ဟု ဆိုပြီးသောအခါ الصَّلَاةُ” خَيْرٌ مِنَ النَّوْمِ” (အတ်ဆွလာသု ခိုင်ရွန်မီနန်နောင်မ်) (ဆွလာသ်သည် အိပ်ခြင်းထက် သာလွန်ကောင်းမြတ်သည်) ဟု ဆိုခြင်းသည် စွန္နသ်တော်ထဲမှ ဖြစ်သည်။
အနတ်စ်ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ဖဂျရ်အဇာန်၌ မုအဇ်ဇင်န်က“ حَيَّ عَلَى الْفَلَاحِ ” (ဟိုင်ယ်ယ အလလ်ဖလာဟ်)ဟု ဆိုပြီးသောအခါ الصَّلَاةُ” خَيْرٌ مِنَ النَّوْمِ” (အတ်ဆွလာသု ခိုင်ရွန်မီနန်နောင်မ်) (ဆွလာသ်သည် အိပ်ခြင်းထက် သာလွန်ကောင်းမြတ်သည်) ဟု ဆိုခြင်းသည်…
မည်သူမဆို အဇာန်သံကိုကြားရသောအခါ ဤဒုအာ (اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ) (အိုအလ္လာဟ်အရှင်မြတ်၊ ဤပြည့်စုံသော ဖိတ်ခေါ်မှုနှင့်တည်ဆောက်မည့်ဆွလာသ်၏ အရှင်၊ တမန်တော်မြတ်မိုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဝစီလဟ်(ဂျန္နသ်ရှိအမြင့်မြတ်ဆုံးနေရာ)နှင့် အဖန်ဆင်းခံအားလုံးတို့ထက် ပို၍မြင့်မြတ်သည့်အဆင့်အတန်းကို ချီးမြှင့်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ် ကတိပေးတော်မူခဲ့သည့် မကာမေမဟ်မူဒ် (ကိယာမသ်နေ့တွင် အကြီးမားဆုံး ရှဖာအသ်ကြားဝင်အသနားခံပေးမည့်နေရာ)သို့ ၎င်းအား (တမန်တော်မြတ်အား) ပို့ဆောင်တော်မူပါ) ဟု ရွတ်ဆိုခဲ့လျှင် ၎င်းအဖို့ ကိယာမသ်နေ့တွင် ငါကိုယ်တော်၏ ရှဖာအသ်ကြားဝင်အသနားခံပေးမှုသည် ထိုက်တန်သွားလေသည်။
ဂျာဗိရ်ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို အဇာန်သံကိုကြားရသောအခါ ဤဒုအာ (اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَ…
အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မုအဇ္ဇင်န်က "အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်"ဆိုသည့်အခါ အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်ဟုဆိုမည်။
အုမရ် ဗင်န် ခသ်သွားဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မုအဇ္ဇင်န်က "အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်"ဆိုသည့်အခါ အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်ဟုဆိုမည်။ တဖန် "အရှ်ဟဒု အလ္လာအိလာဟ…
သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ ၎င်းဆိုသည့်အတိုင်း လိုက်ဆိုကြပါ။ ထို့နောက် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်ပို့သကြပါ။
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်ဗင်န်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဤသို့မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ ၎င်းဆိုသည့်အတိုင်း လိုက်ဆိုကြပါ။ ထို့နောက် ငါကိုယ်တော်အပေါ်သို့ ဆွလ…
အို - ဗိလာလ် ဆွလာသ်အတွက် အိကာမသ်ဆိုပါ၊ ၎င်းဖြင့် ကျွန်ုပ်တို့အား အေးချမ်းသာယာစေပါ။
ဆာလိမ်ဗင်န် အဗီဂျအ်ဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးက ကျွန်တော်ဆွလာသ်ဆောက်တည်ခဲ့လျှင် အေးချမ်းသာယာမှုကိုရရှိမည်ဟု ပြောကြားခဲ့သည်။ လူတို့က သူ၏ထိုစကားအပေါ် အပြစ်ပြောခဲ့ကြသည်။ ထိုအခါ ၎င်းကပြောကြားခဲ့သည်မှာ- ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝ…
အဇာန်နှစ်ခုရဲကြားတွင် ဆွလာသ်ရှိသည်။ အဇာန်နှစ်ခုရဲ့ကြားတွင် ဆွလာသ်ရှိသည်"။ ထို့နောက် တတိယအကြိမ်တွင် "ဆွလာသ်ဝတ်ပြုလိုသူတိုင်းအတွက်ဖြစ်သည်"ဟု မိန့်ကြားတော်မူခဲ့သည်။
အဗ်ဒုလ္လာဟ်ဗင်န် မုဂဖ္ဖလ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အဇာန်နှစ်ခုရဲကြားတွင် ဆွလာသ်ရှိသည်။ အဇာန်နှစ်ခုရဲ့ကြားတွင် ဆွလာသ်ရှိသည်"။ ထို့နောက် တတိယအကြိမ်တွင် "ဆွလာသ်ဝတ်ပြုလိုသူတိုင်းအတွက်ဖြစ်သည်"ဟု မိန့်ကြာ…

