အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မုအဇ္ဇင်န်က "အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်"ဆိုသည့်အခါ အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်ဟုဆိုမည်။
Choose an available translation of this Hadeeth
Hadeeth text
အုမရ် ဗင်န် ခသ်သွားဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မုအဇ္ဇင်န်က "အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်"ဆိုသည့်အခါ အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်ဟုဆိုမည်။ တဖန် "အရှ်ဟဒု အလ္လာအိလာဟ အိလ္လလ္လာဟ်"ဆိုသည့်အခါ အရှ်ဟဒု အလ္လာအိလာဟ အိလ္လလ္လာဟ်ဟုဆိုမည်။ တဖန် "အရှ်ဟဒု အန္န မုဟမ္မဒရ် ရစူလွလ္လာဟ်" ဆိုသည့်အခါ အရှ်ဟဒု အန္န မုဟမ္မဒရ် ရစူလွလ္လာဟ်ဟုဆိုမည်။ တဖန် "ဟိုင်းယ္ယာအလဆ်ဆွလာဟ်"ဆိုသည့်အခါ လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်ဟုဆိုမည်။ တဖန် "ဟိုင်းယ္ယာအလလ် ဖလာဟ်"ဆိုသည့်အခါ လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်ဟုဆိုမည်။ တဖန် "အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်" ဆိုသည့်အခါအလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်ဟုဆိုမည်။ တဖန် "လာအိလာဟ အိလ္လလ္လာဟ်" ဆိုသည့်အခါ မိမိ၏ နှလုံးသားအတွင်းမှ လာအိလာဟ အိလ္လလ္လာဟ်ဟုဆိုမည်ဆိုလျှင် ဂျန္နသ်သုခဘုံသို့ကို ဝင်ရောက်ရမည်ဖြစ်သည်။
Explanation
ဤဟဒီးဆ်တော်တွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အဇာန်အသံကြားရသောအခါ လုပ်ဆောင်ရမည့်ကိစ္စကို ရှင်းပြထားတော်မူထားသည်။ ၎င်းမှာ အဇာန်အသံကြားသူသည် မုအဇ္ဇင်န် ရွတ်ဆိုသည့်အတိုင်း ရွတ်ဆိုခြင်းဖြစ်သည်။ အကယ်၍ မုအဇ္ဇင်န်က ‘အလ္လာဟ်ဟုအက်ဗရ်’ဟုရွတ်ဆိုသောအခါ အဇာန်အသံကြားသူက ‘အလ္လာဟ်ဟုအက်ဗရ်’ဟု ရွတ်ဆိုရမည်ဖြစ်သည်။ အခြားအဇာန်၏စာပိုဒ်တိုင်းကိုလည်း ထိုနည်းအတိုင်းပင် အဖြေပေးရမည်။ သို့သော် မုအဇ္ဇင်န်က ‘ဟိုင်းယ္ယာအလဆ်ဆွလာဟ်’နှင့် ‘ဟိုင်းယ္ယာအလလ် ဖလာဟ်’ ကို ရွတ်ဆိုသောအခါ ကြားသူက ’လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်ဟု’ ဆိုရမည်ဖြစ်သည်။
ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ အကြင်သူသည် စိတ်နှလုံးသားတွင်းမှ အိခ်လာဆ်ွနှင့်တကွ မုအဇ္ဇင်န်ဆိုသည့်အတိုင်း အတူလိုက်မည်ဆိုပါက ဂျန္နသ် သုခဘုံသို့ဝင်ရောက်ရမည်ဖြစ်သည်။
အဇာန်စာသားများ၏ အဓိပ္ပာယ်များ။ ‘အလ္လာဟုအက်ဗရ်'၏ ဆိုလိုရင်းမှာ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာရာတိုင်းထက် အကြီးကျယ်ဆုံး၊ အမြင့်မြတ်ဆုံး ဖြစ်တော်မူသည်။
‘အရှ်ဟဒု အလ္လာအိလာဟ အိလ္လလ္လာဟ်’၏ ဆိုလိုရင်းမှာ အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်မရှိကြောင်းကို သက်သေခံခြင်းဖြစ်သည်။
‘အရှ်ဟဒု အန္န မုဟမ္မဒရ် ရစူလွလ္လာဟ်’၏ ဆိုလိုရင်းမှာ မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ် စေလွှတ်တော်မူသည့် ရစူလ်တမန်တော်ဖြစ်ပြီး ယင်းတမန်တော်၏အမိန့်ကို နာခံရန်အရေးကြီးကြောင်းကို ကျွန်တော်မျိုး နှုတ်လျှာဖြင့်လည်းကောင်း စိတ်နှလုံးသားဖြင့်လည်းကောင်း ဝန်ခံထွက်ဆိုပါသည်။
‘ဟိုင်းယ္ယာအလဆ်ဆွလာဟ်’၏ဆိုလိုရင်းမှာ ဆွလာသ်ဝတ်ပြရန်လာကြကုန်ဟူ၍ ဖြစ်သည်။ ကြားသူက ဆိုသော ‘လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်’၏ ဆိုလိုရင်းမှာ အမိန့်နာခံမှုကို အတားအဆီးဖြစ်စေသောအရာများမှ ကင်းဝေးရန်၊ ကောင်းမှုကို ပြုလုပ်နိုင်ရန်နှင့် တစ်စုံတစ်ရာကို ဆောင်ရွက်နိုင်ရန်စွမ်းအားသည် အလ္လာဟ်အရှင်မြတ်ချီးမြှင့်မှသာ ရရှိမည်ဖြစ်သည်။
‘ဟိုင်းယ္ယာအလလ် ဖလာဟ်’ ၏ဆိုလိုရင်းမှာ အောင်မြင်မှု၏အကြောင်းခံဘက်သို့ လာကြကုန်ဟူ၍ ဖြစ်သည်။ အောင်မြင်မှုဟူသည် ဂျဟန္နမ်မှ လွတ်မြောက်ပြီး ဂျန္နသ်ကို ရရှိခြင်းဖြစ်သည်။
Benefits
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

