افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65087[صحيح]
HadeethEnc · 1.34.0

သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ ၎င်းဆိုသည့်အတိုင်း လိုက်ဆိုကြပါ။ ထို့နောက် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်ပို့သကြပါ။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်ဗင်န်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဤသို့မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ ၎င်းဆိုသည့်အတိုင်း လိုက်ဆိုကြပါ။ ထို့နောက် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်ပို့သကြပါ။ အကြင်မည်သူမဆို ငါကိုယ်တော်အပေါ်သို့ ဆွလာသ်တစ်ကြိမ်ပို့သပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ်၌ ရဟ်မသ် ကရုဏာတော် ဆယ်ကြိမ် ချီးမြှင့်တော်မူမည်ဖြစ်သည်။ ထို့နောက် သင်တို့သည် ငါကိုယ်တော်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ဝစီလဟ် တောင်ခံပေးကြပါ။ အမှန်တကယ်ပင် ယင်းသည် ဂျန္နသ်သုခဘုံ၏ အဆင့်အတန်းတစ်ခုဖြစ်သည်။ ထိုအဆင့်အတန်းအား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်တစ်ဦးအား ချီးမြှင့်မည်ဖြစ်၍ ၎င်းအားချီးမြှင့်ခံရသူသည် ငါကိုယ်တော်ပင်ဖြစ်မည်ဟု မျှော်လင့်သည်။ သို့ဖြစ်၍ အကြင်မည်သူမဆို ငါကိုယ်တော်အတွက် ဝစီလဟ် (မကာမုမဟ်မူဒ်) တောင်းခံပေးပါက ထိုသူ့အတွက် ရှဖာအဟ် ကြားဝင်အသနားခံပေးခြင်း ဝါဂျိဗ်ဖြစ်သည်။
02

Explanation

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ ဆွလာသ်အတွက် မုအဇ္ဇင်န်၏ဖိတ်ခေါ်သံကို ကြားသူသည် (ဟိုင်းယ္ယာအလဆ်ဆွလာဟ်နှင့် ဟိုင်းယ္ယာအလလ် ဖလာဟ်)မှလွဲ၍ ကျန်စာသားများကို မုအဇ္ဇင်န်ဆိုသည့်အတိုင်း လိုက်ဆိုရမည်။ သို့သော် ထိုစာသားနှစ်ပိုဒ်တွင် ‘လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်ဟု’ ဆိုရမည်။ အဇာန်အား အဖြေပေးပြီးနောက် တမန်တော်မြတ်အပေါ်သို့ ဆွလာသ်(ဒရူးဒ်) ပို့သရမည်။ မည်သူမဆို ကိုယ်တော်မြတ်အပေါ်သို့ ဆွလာသ်တစ်ကြိမ်ပို့သပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ်၌ ‘ဆွလာသ်’ကရုဏာတော်ဆယ်ကြိမ် ချီးမြှင့်တော်မူမည်ဖြစ်သည်။ ကျေးကျွန် တစ်ဦးတစ်ယောက်ပေါ်သို့ အလ္လာဟ်အရှင်မြတ်က ‘ဆွလာသ်’ချီးမြှင့်ခြင်းဟူသည် ထိုကျေးကျွန်နှင့်ပတ်သက်၍ ကောင်းကင်တမန်များကြားတွင် ချီးမွမ်းခြင်းဖြစ်သည်။

ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိအတွက် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် ဝစီလဟ် တောင်ခံပေးကြရန် မိန့်ကြားတော်မူခဲ့သည်။ ယင်းသည် ဂျန္နသ်သုခဘုံ၌ အမြင့်မားဆုံး အဆင့်အတန်းဖြစ်သည်။ ထိုအဆင့်အတန်းကို အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်များအနက် ကျေးကျွန်တစ်ဦးကသာ ရရှိမည်ဖြစ်၍ ကိုယ်တော်က ထိုအဆင့်အတန်းကို ရရှိမည့်သူမှာ မိမိပင်ဖြစ်မည်ဟု မျှော်လင့်ထားသည်။ ဤသည် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိကိုယ်မိမိ နှိမ့်ချ၍မိန့်ကြားခဲ့ခြင်းသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုမြင့်မားသည့်အဆင့်အတန်းသည် လူတစ်ဦးအတွက်သာဖြစ်မည်ဆိုလျှင် ထိုသူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သာ ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အဖန်ဆင်းခံများအနက် အမွန်မြတ်ဆုံးဖြစ်တော်မူသည်။

ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိအား ဝစီလဟ်ရရန် ဆုတောင်းပေးသူသည် မိမိ၏ရှဖာအဟ်ကြားဝင်အသနားခံပေးမှုကို ရရှိမည်ဖြစ်‌ကြောင်း ရှင်းပြ‌တော်မူခဲ့သည်။
03

Benefits

မုအဇ္ဇင်န်၏ အဇာန်ဆိုသံကို အဖြေပေးရန်တိုက်တွန်းထားသည်။
မုအဇ္ဇင်န်၏အဇာန်ဆိုသံကို အဖြေပေးပြီးနောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ဆွလာသ် မေတ္တာပို့သခြင်း၏ ထူးမြတ်မှုကိုတင်ပြထားသည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ဆွလာသ် မေတ္တာပို့သပြီးနောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အတွက် ဂျန္နသ်၏အမြင့်ဆုံးအဆင့်ကို တောင်းခံပေးရန် တိုက်တွန်းထားသည်။
ဝဆီလဟ်၏အဓိပ္ပါယ်နှင့် ၎င်း၏အဆင့်အတန်းမြင့်မားမှုကို ရှင်းလင်းတင်ပြထားသည်။ ထိုအဆင့်အတန်းသည် ကျေးကျွန်တစ်ဦးအတွက်သာဖြစ်သည်။
ထိုမြင့်မားသည့် အဆင့်အတန်းကို သီးသန့်ချီးမြှင့်ခြင်းခံရသော တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ထွတ်မြတ်မှုကို ဖော်ပြထားသည်။
မည်သူမဆို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အတွက် (ဝဆီလဟ်) ဂျန္နသ်၏အမြင့်ဆုံးအဆင့်ကို တောင်းခံပေးပါက ထိုသူသည် (ရှဖာအဟ်)ကြားဝင်အသနားခံပေးခြင်းခံရမည်ဖြစ်သည်။
ထိုမြင့်မားသည့်အဆင့်အတန်းသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အတွက်သာ ဖြစ်သော်လည်း ထိုအဆင့်အတန်းကို မိမိရရှိရန်အတွက် အွမ္မသ်နောက်လိုက်များကို ဒုအာတောင်းခံခိုင်းသည့် ကိုယ်တော်၏ ကျိုးနွံမှုကို ရှင်းပြထားသည်။
အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ် ကရုဏာတော်နှင့် ကျေးဇူးတော်သည် ကျယ်ဝန်းလှပြီး ကောင်းမှုတစ်ခုသည် အကျိုးကုသိုလ်ဆယ်ဆရရှိသည်။

Attribution

[رواه مسلم]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...