အသင်တို့အနက်တစ်ဦးတစ်ယောက်သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်သည့်အခါ ( اَللّٰهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكٓ ) “အလ္လာဟုမ္မဖ်သဟ်လီ အဗ်ဝါဗရဟ်မသိက်” (အို - အလ္လာဟ်အရှင်မြတ် အသင်အရှင်မြတ်၏ ရဟ်မသ်ကရုဏာတံခါးများကို ကျွန်တော်မျိုးအား ဖွင့်ပေးသနားတော်မူပါ။) ဟုရွတ်ဆိုပါ။ ပြန်ထွက်သည့်အခါ (اَللّٰهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ) “အလ္လာဟုမ္မ အင်န္နီအတ်စ်အလုက မင်န်ဖဿွ်လိက်” (အို - အလ္လာဟ်အရှင်မြတ် ဧကန်မုချ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေးဇူးတော်များကို အရှင်မြတ်ထံတော်မှတောင်းခံပါ၏။) ဟုရွတ်ဆိုပါ။
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုမိုင်ဒ် သို့မဟုတ် အဗူအုဆိုင်းဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့အနက်တစ်ဦးတစ်ယောက်သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်သည့်အခါ ( اَللّٰهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكٓ ) “အလ္လာဟုမ္မဖ်သဟ်လီ အဗ်ဝါဗရဟ်မသိက်” (အို - အလ္လာဟ်အရှင်မြတ် အသင်အရှင်မြတ်၏ ရဟ်မသ်ကရုဏာတံခါးများကို ကျွန်တော်မျိုးအား ဖွင့်ပေးသနားတော်မူပါ။) ဟုရွတ်ဆိုပါ။ ပြန်ထွက်သည့်အခါ (اَللّٰهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ) “အလ္လာဟုမ္မ အင်န္နီအတ်စ်အလုက မင်န်ဖဿွ်လိက်” (အို - အလ္လာဟ်အရှင်မြတ် ဧကန်မုချ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေးဇူးတော်များကို အရှင်မြတ်ထံတော်မှတောင်းခံပါ၏။) ဟုရွတ်ဆိုပါ။
Explanation
Benefits
ဗလီဝတ်ကျောင်းတော်သို့ ဝင်သောအခါ၌ ရဟ်မသ်ကရုဏာကို သီးသန့်ရည်ညွှန်းပြီး၊ ထွက်သည့်အခါ၌ ကျေးဇူးတရားကို သီးသန့်ရည်ညွှန်းထားခြင်းမှာ ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်သူသည် အလ္လာဟ်အရှင်မြတ်နှင့်နီးကပ်စေမည့် ကောင်းမှုများ၊ ဂျန္နသ်သုခဘုံနှင့်နီးကပ်စေမည့် ကောင်းမှုများတွင် နစ်မွန်းသွားသည့်အတွက် ကရုဏာတော်ကိုတောင်းခံခြင်းမှာ ပို၍ သင့်လျော်ပြီး၊ ဗလီဝတ်ကျောင်းတော်မှ ထွက်သောအခါ မြေပထဝီပေါ်၌ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော် ရိုဇီရိက္ခာကို ရှာဖွေရန်ကြိုးပမ်းအားထုတ်သည့်အတွက် ကျေးဇူးတရားကို တောင်းခံခြင်းမှာ ပို၍သင့်လျော်သည်။
ဤဒုအာများကို ဗလီဝတ်ကျောင်းတော်သို့ဝင်ရောက်ရန်နှင့် ထွက်ခွါရန် ရည်ရွယ်သောအခါ ဆိုရမည်ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

