ဗလီသို့ဝင်သောအခါ ရွတ်ဆိုသည်မှာ ”أَعُوذُ بِاللَّهِ الْعَظِيمِ، وَبِوَجْهِهِ الْكَرِيمِ، وَسُلْطَانِهِ الْقَدِيمِ، مِنَ الشَّيْطَانِ الرَّجِيمِ“
Choose an available translation of this Hadeeth
Hadeeth text
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ်ဗင်န်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ကိုယ်တော်မြတ်သည် ဗလီသို့ဝင်သောအခါ ရွတ်ဆိုသည်မှာ
”أَعُوذُ بِاللَّهِ الْعَظِيمِ، وَبِوَجْهِهِ الْكَرِيمِ، وَسُلْطَانِهِ الْقَدِيمِ، مِنَ الشَّيْطَانِ الرَّجِيمِ“
အဓိပ္ပာယ် - ကျွန်တော်မျိုးသည် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ဖြင့်လည်းကောင်း၊ အလွန်ရက်ရောတော်မူသောအရှင်မြတ်၏မျက်နှာတော်အားဖြင့်လည်းကောင်း၊ ရှေးမဆွကတည်းကပင် ရှိခဲ့သော အရှင်မြတ်၏စိုးမိုးမှုဖြင့်လည်းကောင်း နှင်ထုတ်ခြင်းခံရသော ရှိုင်သွာန်၏အနှောင့်အရှက်မှ ကင်းဝေးရန် အရှင်မြတ်ထံခိုလှုံပါ၏။
Explanation
ဗလီသို့ဝင်သူသည် ဤဒုအာကို ရွတ်ဆိုလိုက်ပါက ရှိုင်သွာန်ကပြောသည်မှာ ဤသူသည် မိမိကိုယ်မိမိ ငါ၏အနှောင့်အရှက်မှကင်းဝေးရန် နေ့ရောညပါ အချိန်ပြည့် ကာကွယ်ထိန်းသိမ်းလိုက်ချေပြီ။
Benefits
ရှိုင်သွာန်မိစ္ဆာကို လွန်စွာသတိထား ရှောင်ကျဉ်ရန်ပါရှိသည်။ သူသည် မွတ်စ်လင်မ်အား လမ်းမှားစေရန်နှင့် လမ်းမှားအောင်ပြုလုပ်ရန်စောင့်ဆိုင်းနေသည်။
လူသားသည် မိမိနှလုံးသား၌အီမာန်သက်ဝန်ယုံကြည်မှုရှိသည့်အတိုင်းအတာနှင့် ဤဒုအာကို ရွတ်ဖတ်ပြီး ဤဒုအာကို ရွတ်ဖတ်ခြင်းကြောင့် ရရှိမည့် ကတိတော်များကို ထောက်ခံခြင်းဖြင့် ရှိုင်သွာန်မိစ္ဆာကောင်၏လမ်းမှားစေခြင်းနှင့် လမ်းမှားအောင်ပြုလုပ်ခြင်းတို့မှ ထိန်းသိမ်းစောင့်ရှောင့်ခြင်းခံရပေမည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

