افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#3469[صحيح]
HadeethEnc · 1.34.0

အမှန်တရားနှင့်နီးစပ်အောင် ကြိုးစားဆောင်ရွက်ကြလော့။ မှန်ကန်သောလမ်းစဥ်ကို လိုက်နာကျင့်သုံးကြလော့။ ထို့ပြင် သင်တို့သိကြလော့။ သင်တို့အနက် တစ်ဦးတစ်ယောက်မျှ မိမိ၏အမလ်ကျင့်ဆောင်မှုကြောင့် လွှတ်မြောက်နိုင်မည်မဟုတ်ပေ။ ထိုအခါဆွဟာဗဟ်သာဝကများက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကိုယ်တော်လည်း ပါဝင်ပါသလောဟု လျှောက်ထားမေးမြန်းကြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဖြေကြားတော်မူသည်။ ငါကိုယ်‌တော်လည်း လွှတ်မြောက်နိုင်မဟုတ်ပါ၊ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကရုဏာတော်နှင့် ကျေးဇူးတော်ဖြင့် ငါကိုယ်‌ တော့်အား လွှမ်းခြုံပေးတော်မူမည်ဖြစ်သည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အမှန်တရားနှင့်နီးစပ်အောင် ကြိုးစားဆောင်ရွက်ကြလော့။ မှန်ကန်သောလမ်းစဥ်ကို လိုက်နာကျင့်သုံးကြလော့။ ထို့ပြင် သင်တို့သိကြလော့။ သင်တို့အနက် တစ်ဦးတစ်ယောက်မျှ မိမိ၏အမလ်ကျင့်ဆောင်မှုကြောင့် လွှတ်မြောက်နိုင်မည်မဟုတ်ပေ။ ထိုအခါဆွဟာဗဟ်သာဝကများက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကိုယ်တော်လည်း ပါဝင်ပါသလောဟု လျှောက်ထားမေးမြန်းကြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဖြေကြားတော်မူသည်။ ငါကိုယ်‌တော်လည်း လွှတ်မြောက်နိုင်မဟုတ်ပါ၊ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကရုဏာတော်နှင့် ကျေးဇူးတော်ဖြင့် ငါကိုယ်‌ တော့်အား လွှမ်းခြုံပေးတော်မူမည်ဖြစ်သည်။
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဆွဟာဗဟ်များအား အမလ်ကျင့်‌ဆောင်ရန်၊ အလွန်အကျွံပြုလုပ်ခြင်းနှင့် လျှော့နည်းပျက်ကွက်‌
ခြင်းတို့မှရှောင်ကျဉ်ကာ တတ်နိုင်သမျှ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေကြရန် တိုက်တွန်းနှိုး‌ဆော်တော်မူခဲ့သည်။ ထို့ပြင် မိမိတို့၏ အမလ်ကျင့်ဆောင်များ၏ ရည်ရွယ်ချက်မှာ အမှန်တရားကို ရှာဖွေရန်၊ အလ္လာဟ်အရှင်မြတ်အတွက် စိတ်ရင်းစေတနာသန့်စင်စွာဖြင့်လည်း
ကောင်း၊ တမန်တော်မြတ်၏ စွန္နသ်လမ်းစဉ်အတိုင်း လိုက်နာခြင်းဖြင့်လည်းကောင်း လုပ်ရပ်များကို ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်တော်မူခဲ့သည်။ သို့မှသာလျှင် ၎င်းတို့၏ အမလ်ကျင့်ဆောင်မှုများသည် လက်ခံတော်မူခြင်းခံရမည်ဖြစ်ပြီး၊ အရှင်မြတ်၏ ရဟ်မသ်ကရုဏာတော် ချပေးခြင်းခံရရန် အတွက် အကြောင်းခံ ဖြစ်မည်ဖြစ်သည်။

ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သင်တို့အနက်မှ မည်သူတစ်ဦးတစ်ယောက်၏ အမလ်ကျင့်ဆောင်မှုတစ်ခုတည်းသည် ၎င်းအား လုံးဝလွှတ်မြောက်စေနိုင်မည် မဟုတ်ကြောင်းနှင့် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော် မဖြစ်မနေပါရှိမှသာလျှင် လွှတ်မြောက်နိုင်မည် ဖြစ်‌ကြောင်း မိန့်ကြားတော်မူခဲ့သည်။

ထိုအခါ ဆွဟာဗဟ်များက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ (၎င်းတွင်) ကိုယ်တော်လည်း ပါဝင်ပါသလော။ ကိုယ်တော်၏ များပြားလှသော အမလ်ကျင့်ဆောင်မှုများသည်လည်း ကိုယ်တော့်အား မလွှတ်မြောက်စေနိုင်ဘူးလားဟုလျှောက်ထားမေးမြန်းကြသည်။

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဖြေကြားတော်မူသည်။ ငါကိုယ်‌တော်လည်း လွှတ်မြောက်နိုင်မဟုတ်ပါ၊ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကရုဏာတော်၏ကျေးဇူးတော်ဖြင့် ငါကိုယ်‌တော့်အား လွှမ်းခြုံပေးတော်မူမည်ဖြစ်သည်။
03

Benefits

အိမာမ် နဝဝီက ဆိုသည်မှာ (سدِّدوا وقاربوا)" ဟူသော ဟဒီးဆ်စကားလုံး၏ အဓိပ္ပာယ်မှာ ဖြောင့်မှတ်မှန်ကန်မှုကို ရှာဖွေကြပါ၊ ထို့နောက် ၎င်းအတိုင်း လက်တွေ့လိုက်နာကျင့်သုံးကြပါ။ အကယ်၍ သင်တို့ ဤသို့ မတတ်စွမ်းနိုင်ပါက၊ ယင်းနှင့် နီးစပ်သော လမ်းကို လျှောက်ကြပါ။ "ဆဒါဒ်" ၏အလိုသဘောမှာ မှန်ကန်မှုဖြစ်သည်။ ဆိုလိုသည်မှာ အလွန်အကျွံပြုမှုခြင်းနှင့် လျှော့နည်းပျက်ကွက်စေမှုတို့၏ ကြားရှိအခြေအနေ ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့အလွန်အကျွံမလုပ်ကြလေနှင့်၊ လျှော့နည်းပျက်ကွက်စေခြင်းလည်း မဖြစ်ကြနှင့်။
ရှိုင်ခ် ဗင်န်ဗာဇ် ကဆိုသည်- မကောင်းသောလုပ်ရပ်များသည် ငရဲသို့ ဝင်ရောက်ခြင်း၏ အကြောင်းရင်းဖြစ်သကဲ့သို့၊ ကောင်းသော လုပ်ရပ်များသည်လည်း ဂျန္နတ်သုခဘုံသို့ ဝင်ရောက်ခြင်း၏ အကြောင်းရင်းဖြစ်သည်။ ဤဟဒီးဆ်က ရှင်းလင်းပြသသည်မှာ ဂျန္နတ်သုခဘုံသို့ ဝင်ရောက်ခွင့်သည် ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း တစ်ခုတည်းကြောင့် မရနိုင်ဘဲ၊ အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်ခြင်းနှင့် ကရုဏာတော် လိုအပ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ကောင်းမှုကုသိုလ်များကြောင့် ဂျန္နသ်သို့ဝင်ရောက်ကြသော်လည်း၊ ယင်းကိုဖြစ်စေသော အ ကြောင်းရင်းမှာ အရှင်မြတ်၏ ကရုဏာတော်၊ လွတ်ငြိမ်းခွင့်နှင့် ခွင့်လွှတ်ခြင်းတို့ကြောင့်ဖြစ်သည်။
လူသားသည်မိမိ၏ အမလ်ကျင့်ဆောင်မှုများ မည်မျှပင်များပြားစေကာမူ ယင်းအ‌ပေါ်တွင် မာန်မာနထောင်လွှားခြင်း မပြုသင့်ပါ။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်၏ ရပိုင်ခွင့်သည် ၎င်း၏ လုပ်ရပ်ထက် ပိုမိုကြီးမားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားသည် ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ခြင်း နှစ်မျိုးစလုံးရှိရမည် ဖြစ်သည်။
ဗန္ဒဟ်ကျေးကျွန်များ အပေါ်ထားရှိသော အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ကရုဏာတော်သည် ၎င်းတို့၏ အမလ်ကျင့်ဆောင်မှုများထက် များစွာပိုမို ကျယ်ပြန့်သည်။
ကောင်းမှုကုသိုလ်များသည် ဂျန္နသ်သို့ဝင်ရောက်ရန် အကြောင်းရင်းဖြစ်သော်လည်း၊ ဂျန္နသ်အား ဆွတ်ခူး အောင်မြင်မှုရရှိခြင်းမှာ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ကရုဏာတော်ကြောင့်သာဖြစ်သည်။
အိမာမ်ကိရ်မာနီက ဆိုသည်မှာ- လူအားလုံးသည်အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကြောင့်သာ ဂျန္နတ်သုခဘုံသို့ ဝင်ရောက်နိုင်မည်ဆိုပါက၊ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား သီးသန့်ဖော်ပြရခြင်း၏ ရည်ရွယ်ချက်မှာ ကိုယ်တော်သည် ဂျန္နတ်သုခဘုံသို့ ဝင်ရောက်မည်မှာ သေချာသော်လည်း၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မပါဘဲ ဂျန္နတ်သုခဘုံသို့ ဝင်ရောက်နိုင်မည် မဟုတ်ကြောင်း ဖော်ပြရန်အတွက် ဖြစ်သည်။ ထို့ကြောင့် အခြားသူများသည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မပါဘဲ ပို၍ပင် ဝင်ရောက်နိုင်မည် မဟုတ်ပါ။
အိမာမ်နဝဝီက ဆိုသည်မှာ - အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားချက်များဖြစ်သည့် (သင်တို့သည် သင်တို့ ပြုမူခဲ့သော လုပ်ရပ်များကြောင့် ဂျန္နတ်သုခဘုံသို့ ဝင်ရောက်ကြလော့။) (စူရဟ်နဟလ် - ၃၂)- (ထို့ပြင် ၎င်းသည် အသင်တို့ ပြုလုပ်ခဲ့ကြသော လုပ်ရပ်များကြောင့် အမွေအဖြစ် ပေးသနားတော်မူခြင်း ခံရသည့် ဂျန္နသ် ဥယျာဉ် ဖြစ်သည်။) ( စူရဟ်ဇွခ်ရွဖ် - ၇၂)နှင့် ဂျန္နတ်သုခဘုံသို့ ဝင်ရောက်ခြင်းသည် အမလ်ကျင့်ဆောင်မှုများကြောင့် ရရှိမည်ဖြစ်ကြောင်း ဖော်ပြသည့် အခြားသော အာယသ်သက်တော်များသည် ဤဟဒီးဆ် တော်များအား ဆန့်ကျင်ခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် ထိုအာယသ်သက်တော်များ၏ အဓိပ္ပာယ်မှာ ဂျန္နတ်သုခဘုံသို့ ဝင်ရောက်ခြင်းသည် အမလ်ကျင့်ဆောင်မှုများကြောင့်ရရှိမည်ဖြစ်သည် ဟူ၍သာ ဖြစ်သည်။ သို့ရာတွင် အမလ်ကျင့်ဆောင်မှုများအား လုပ်ဆောင်နိုင်စေခြင်း၊ ယင်းအမလ်ကျင့်ဆောင်မှုများတွင် အိခ်လားစ်ွ ( အရှင်မြတ်အတွက် သီးသန့်ဖြစ်‌‌စေခြင်း) ရှိရန် လမ်းညွှန်ပြသခြင်းနှင့် ယင်းအမလ်ကျင့်ဆောင်မှုများအား လက်ခံတော်မူခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်နှင့် ကျေးဇူးတော်ကြောင့်သာ ရရှိခြင်းဖြစ်သည်။ ဤသည်မှာ ထိုဟဒီးဆ်များ၏ အလိုသဘောဖြစ်သည်။ ထို့ကြောင့် ဂျန္နတ်သုခဘုံသို့ ဝင်ရောက်ခြင်းသည် အမလ်ကျင့်ဆောင်မှုများကြောင့် ရရှိမည်မှန်သော်လည်း၊ ယင်း အမလ်ကျင့်ဆောင်မှုများကို ဖြစ်မြောက်စေခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကြောင့် ရရှိသည် ဆိုသည်မှာလည်း မှန်ကန်သည်။
အိဗ်နူလ်ဂျောင်ဇီက ဆိုသည်မှာ- ၎င်းနှင့် ပတ်သတ်၍ အောက်ပါအဖြေ လေးမျိုး ထွက်ပေါ်လာသည်။ ၁။ အမလ်ကျင့်ဆောင်မှုအား ဖြစ်မြောက်စေခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ ရရှိသည်။ အကယ်၍ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်သာ မရှိပါက၊ ဂျဟန္နမ်ငရဲမှ လွှတ်မြောက်စေမည့် အီမာန်နှင့် အမိန့်နာခံကိုးကွယ်မှုတို့ ရရှိမည် မဟုတ်ပါ။ ၂။အစေခံ၏ အကျိုးအမြတ်များသည် သခင်ပိုင်ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ လုပ်ရပ်သည်လည်း ထိုသခင်၏ အခွင့်အရေးဖြစ်သည်။ ထိုသို့သော အခြေအနေတွင်၊ သခင်သည် မိမိ၏အစေခံအား မည်သည့်ဆုလာဘ်ပေးသည်ဖြစ်စေ၊ ယင်းသည် ထိုသခင်၏ ကျေးဇူးတော်သာလျှင် ဖြစ်သည်။ ၃။အချို့သော ဟဒီးဆ်များတွင် ဂျန္နတ်သုခဘုံသို့ ဝင်ရောက်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကြောင့် ရရှိမည်ဖြစ်ပြီး၊ အဆင့်အတန်းများ ခွဲဝေခြင်းသည် လုပ်ရပ်များအပေါ် အခြေခံ၍ ဖြစ်မည်ဟု ဖော်ပြထားသည်။ ၄။ကောင်းမှုကုသိုလ်ပြုခြင်းတွင် အနည်းငယ်သော အချိန်သာ ကုန်ဆုံးသော်လည်း၊ ယင်း၏ရလဒ်အဖြစ် ရရှိသော အကျိုးဆုလာဘ်သည် အမြဲတည်တံ့သည်။ ထို့ကြောင့် ကုန်ဆုံးသွားသည့် လုပ်ရပ်များအစား ရရှိသော အမြဲတည်တံ့သည့် ဆုလာဘ်သည် ကျေးဇူးတော်ကြောင့်သာ ဖြစ်သည်။ လုပ်ရပ်များ၏ အစားပေးမှု မဟုတ်ပါ။
အရ်ရာဖိအီက ဆိုသည်မှာ - အမလ်ကျင့်ဆောင်သူသည် လွှတ်မြောက်ခြင်းကို ရှာဖွေရန်နှင့် အဆင့်အတန်းမြင့်မားမှုများ ရရှိရေးအတွက် မိမိ၏လုပ်ရပ်ပေါ်တွင် ယုံကြည်အားထားခြင်း မလုပ်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းလုပ်ခဲ့သော လုပ်ရပ်များသည် အလ္လာဟ်အရှင်မြတ်၏ စွမ်းအားပေးမှုကြောင့်သာ ဖြစ်ပြီး၊ အပြစ်များအား စွန့်လွှတ်‌ ရှောင်ကျဉ်နိုင်ခဲ့ခြင်းသည်လည်း အရှင်မြတ်က ၎င်းအား ကာကွယ်ပေးခဲ့ခြင်းကြောင့်သာလျှင် ဖြစ်သည်။ ထို့ကြောင့် ဤအရာအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ကရုဏာတော်ကြောင့်သာလျှင် ဖြစ်သည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...